တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၈ ဒသမ ၇၂ သန်းကျော်ရှိလာ

အန်ကာရာ  နိုဝင်ဘာ  ၂၈


တူရကီနိုင်ငံ၌     လွန်ခဲ့သည့်တစ်ရက်အတွင်း       ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  ၂၃၅၇၉ ဦးရှိခြင်း ကြောင့်  နိုင်ငံတစ်ဝန်းတွင်    ကူးစက်ခံရသူပေါင်း ၈၇၂၄၄၀၀  ရှိလာကြောင်း    တူရကီကျန်းမာရေး ဝန်ကြီးဌာနက  ယနေ့တွင် ပြောကြားသည်။


ထို့ပြင် တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၉၂ ဦး ထပ်မံ တွေ့ရှိရသဖြင့်  သေဆုံးသူပေါင်း  ၇၆၂၃၃ ဦးရှိလာ ကြောင်းနှင့်  လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ   ပြန်လည်ကျန်းမာလာသူ   ၂၅၁၀၃ ဦးရှိ ကြောင်း သိရသည်။


တူရကီနိုင်ငံသည်  တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန်     တူရကီကျန်းမာရေး အာဏာပိုင်များက   အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့သည်။


လက်ရှိတွင်   တူရကီနိုင်ငံ၌    ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူပေါင်း  ၅၆ ဒသမ ၁၈ သန်းကျော် ရှိကြောင်း၊  ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူပေါင်း ၅၀ ဒသမ  ၃၂ သန်းကျော်ရှိကြောင်းနှင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ  စုစုပေါင်း  ၁၂၀ ဒသမ  ၀၅ သန်းကျော် အသုံးပြုပြီးဖြစ်ကြောင်း သိရသည်။


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်