တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ၁၁၂ သန်းကျော်အသုံးပြုပြီးဖြစ်

အစ္စတန်ဘူလ်   အောက်တိုဘာ   ၁၁


တူရကီနိုင်ငံ၌ ယနေ့အထိ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ်တွင် ကာကွယ် ဆေးအလုံးရေ ၁၁၂ သန်းကျော်  အသုံးပြုခဲ့ပြီးဖြစ် ကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။


တူရကီနိုင်ငံ၌ လူဦးရေစုစုပေါင်း ၈၃ သန်းရှိသည့် အနက် လူဦးရေ ၄၆ ဒသမ ၃ သန်းကျော် သို့မဟုတ်  နိုင်ငံလူဦးရေ၏ ၅၅ ဒသမ ၇ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးဖြစ်သည်။


သို့ရာတွင် တူရကီနိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု  နှေးကွေးနေသည့်အတွက် ဆောင်းရာသီကာလမတိုင်မီ      ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူရန်     ပြည်သူများအား ကျွမ်းကျင်သူများက တိုက်တွန်းထားသည်။

ထို့ပြင် တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် အစ္စတန်ဘူလ်မှ ဒေသအာဏာပိုင်များက ရွေ့လျား ကာကွယ်ဆေးထိုးနှံရေးစင်တာများ၌ ကာကွယ်ဆေး ထိုးနှံမှုခံယူရန်   တိုက်တွန်းထားပြီး   လက်ရှိတွင် အသက် ၁၈ နှစ်အထက်    အသက်အရွယ်ရှိသူ အားလုံး၏ ၇၀ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး     နှစ်ကြိမ်ထိုးနှံမှုခံယူထားပြီးဖြစ် ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်