တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူ ၅၄ ဒသမ ၀၃ သန်းကျော်ရှိပြီဖြစ်

အန်ကာရာ    အောက်တိုဘာ    ၄


တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  တစ်ကြိမ်ထိုးနှံပြီးသူစုစုပေါင်း ၅၄ ဒသမ ၀၃ သန်း ကျော်ရှိသွားပြီဖြစ်ကြောင်း   တူရကီကျန်းမာရေး ဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။


တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံအတွင်း  အရေးပေါ်အသုံးပြုရန်      တူရကီကျန်းမာရေး အာဏာပိုင်များက    အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့ သည်။


လက်ရှိတွင် တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  နှစ်ကြိမ်ထိုးနှံပြီးသူစုစုပေါင်း ၄၅ ဒသမ ၀၂ သန်းကျော်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ စုစုပေါင်း ၁၁၀ ဒသမ ၃၃  သန်းကျော် အသုံးပြုပြီးဖြစ်ကြောင်း တူရကီကျန်းမာ ရေးဝန်ကြီးဌာနက ပြောကြားသည်။


တူရကီနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်ခြင်းနှင့်  ရင်ဆိုင်နေရပြီး  လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  ၂၇၃၅၁ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၇၂၃၈၂၆၇ ဦး ရှိလာ ကြောင်း       တူရကီကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ထို့ပြင်  တူရကီနိုင်ငံ၌  လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၉၄  ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ စုစုပေါင်း ၆၄၆၆၁ ဦးရှိလာကြောင်းနှင့် လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူ ၂၂၀၀၄ ဦးရှိကြောင်း သိရသည်။ 


ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်