တူရကီနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၆၂ ဦးရှိလာ

အန်ကာရာ   ဩဂုတ် ၁၆


တူရကီနိုင်ငံ၏ ပင်လယ်နက်ဒေသ တွင်    ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် သေဆုံးသူ ၆၂ ဦးရှိလာခဲ့ကြောင်း တူရကီ နိုင်ငံ၏ အရေးပေါ်နှင့်   သဘာဝ ဘေးအေဂျင်စီက ယမန်နေ့တွင်   ပြောကြားသည်။


ဩဂုတ် ၁၁ ရက်မှစတင်ကာ တူရကီနိုင်ငံမြောက်ပိုင်း ပင်လယ် နက် ဒေသတွင်          မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်   ဖြစ်ပေါ်လာ သည့် ရေကြီးရေလျှံမှုများကြောင့် ကက်စတာမိုနူ     ပြည်နယ်တွင် သေဆုံးသူအနည်းဆုံး ၅၂ ဦးရှိ ကြောင်း၊  ဆီနော့ပြည်နယ်တွင် သေဆုံးသူကိုးဦးနှင့် ဘာတင် ပြည်နယ်တွင် သေဆုံးသူတစ်ဦးရှိ ခဲ့ကြောင်း တူရကီနိုင်ငံ သဘာဝ ဘေးနှင့်   အရေးပေါ်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။


လက်ရှိတွင်  အဆိုပါပြည်နယ် သုံးခု၌ လူ ၇၇ ဦး  ပျောက်ဆုံးနေ ဆဲဖြစ်သောကြောင့်    ကယ်ဆယ် ရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျက်           ရှိကြောင်း  တူရကီနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဆူလေမန်ဆွိုင်းလုက ပြောကြား သည်။


ပြီးခဲ့သည့်သီတင်းပတ်မှ စတင်  ကာ ပင်လယ်နက်ဒေသ အနောက် ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း မှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကာ နေအိမ်များပျက်စီး ခြင်း၊   တံတားများပြိုကျခြင်း၊ ကားများ      ရေထဲမျောပါခြင်းတို့ ဖြစ်ပွားခဲ့သည့်အပြင်        လျှပ်စစ် ဓာတ်အား       ပြတ်တောက်မှုများ လည်း ဖြစ်ပေါ်ခဲ့ကြောင်း   သိရ သည်။          

ကိုးကား-ဆင်ဟွာ 
ဘာသာပြန်-အလင်းသစ်