
အန်ကာရာ နိုဝင်ဘာ ၇
တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၇၄၇၄ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကူးစက်ခံရသူ စုစုပေါင်း ၈၂၆၃၇၅ ဦးရှိလာကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။
ထို့ပြင် တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၀၃ ဦး ထပ်မံတွေ့ရှိရသဖြင့် သေဆုံးသူစုစုပေါင်း ၇၁၉၂၇ ဦးရှိလာကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၃၀၅၈၄ ဦးရှိကြောင်း သိရသည်။
တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် တူရကီကျန်းမာရေးအာဏာ ပိုင်များက အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့သည်။
လက်ရှိတွင် တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူစုစုပေါင်း ၅၅ ဒသမ ၆၁ သန်းကျော်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူစုစုပေါင်း ၄၉ ဒသမ ၁၅ သန်းကျော်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ စုစုပေါင်း ၁၁၇ ဒသမ ၃၁ သန်းကျော် အသုံးပြုပြီးဖြစ်ကြောင်း သိရ သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်