တူရကီနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၈၁၀ ရှိ

အန်ကာရာ အောက်တိုဘာ ၅


တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၈၁၀ ရှိခြင်းကြောင့် နိုင်ငံ တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၇၂၆၇၀၇၇ ဦးရှိလာကြောင်း  တူရကီကျန်းမာရေး ဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။


သေဆုံးသူစုစုပေါင်း ၆၄၉၀၉ ဦးရှိလာ


ထို့ပြင်  တူရကီနိုင်ငံ၌  လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၄၈ ဦး ထပ်မံတွေ့ရှိရသဖြင့်  ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၆၄၉၀၉ ဦးရှိလာကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၃၃၁၅၂ ဦးရှိကြောင်း သိရ သည်။


တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန်    တူရကီကျန်းမာရေး အာဏာပိုင်များက    အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း  ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင် ခဲ့သည်။


လက်ရှိတွင် တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသူစုစုပေါင်း ၅၄ ဒသမ ၁၄ သန်းကျော်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူစုစုပေါင်း ၄၅ ဒသမ ၂၅ သန်းကျော်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ စုစုပေါင်း ၁၁၀ ဒသမ ၇၄ သန်းကျော် အသုံးပြုပြီးဖြစ်ကြောင်း သိရသည်။


ကိုးကား-ဆင်ဟွာ
 ဘာသာပြန်-အလင်းသစ်