
အင်ကာရာ စက်တင်ဘာ ၂၁
တူရကီနိုင်ငံတွင် စက်တင်ဘာ ၂၀ ရက်က ကိုဗစ်-၁၉ နောက်ထပ်ကူး စက်ခံရသူ ၂၇၆၈၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်းကူးစက်ခံရသူအရေအတွက်မှာ ၆၈၇၄၉၄၇ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီး ဌာနကပြောသည်။
ကိုဗစ်-၁၉ ကြောင့် သေဆုံးသူအရေအတွက်မှာလည်း ၂၃၁ ဦး ထပ်တိုးလာသည့်အတွက် ၆၁၈၀၅ ဦး ရှိလာခဲ့သည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ပြန်လည်ကျန်းမာလာသူအရေအတွက်မှာ ၂၇၉၄၉ ဦး ရှိသည်။
တူရကီနိုင်ငံတွင် လူပေါင်း ၅၂ ဒသမ ၈၂ သန်း ကျော်ကို အနည်း ဆုံး တစ်ကြိမ်ကာကွယ်ဆေးထိုးပေးခဲ့ပြီး နှစ်ကြိမ်ကာကွယ်ဆေး ထိုးပြီးသူ ၄၂ ဒသမ ၂၈ သန်း ရှိသည်။
ဆင်ဟွာ