ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၆) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်   မေ   ၂၂
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၆) ကြိမ် မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို  မြန်မာသက္ကရာဇ်   ၁၃၈၆ ခုနှစ်  ကဆုန် လပြည့် (ဗုဒ္ဓနေ့)   ယနေ့ညနေပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး   ပရိဝုဏ် အတွင်းရှိ  မဟာဗောဓိညောင်ပင်တော် များ၌  ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး များနှင့် ဇနီးများ၊   ပြည်ထောင်စုစာရင်း စစ်ချုပ်၊       ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် ဇနီး၊  မြန်မာနိုင်ငံတော် ဗဟို ဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ဥက္ကဋ္ဌ၊       မြန်မာနိုင်ငံ  အမျိုးသား    လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ နေပြည် တော်   ကောင်စီဝင်များ၊  ဌာနဆိုင်ရာ အကြီးအကဲများနှင့်    တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ    ပြည်ထောင်စုဝန်ကြီးများနှင့်    ဇနီးများသည်  တက်ရောက်လာကြသူများ နှင့်အတူ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်မြောက်ဘက်အရပ်ရှိ မဟာ ဗောဓိညောင်ပင်များအား   ညောင်ရေ သွန်းလောင်းပူဇော်ကြရန် နေရာယူကြပြီး အခမ်းအနားမှူးက မဟာဗောဓိရုက္ခသိဉ္စန ပူဇာဂါထာတော်ကို ရွတ်ဖတ်ပူဇော်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ နှင့်  ဇနီးများသည်  တက်ရောက်လာကြ သူများနှင့်အတူ    သတ်မှတ်ထားသည့် နေရာများအလိုက် မဟာဗောဓိညောင်ပင် တော်များအား    ညောင်ရေသွန်းလောင်း ပူဇော်၍    အမွှေးနံ့သာရည်    ပက်ဖျန်း ပူဇော်ကြကာ  မဟာဗောဓိညောင်ပင်များ အား   လက်ယာရစ်   လှည့်လည်ပူဇော်  ကြသည်။                     
သတင်းစဉ်