ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆီမီးတိုင်များဖြင့် လှည့်လည်ပူဇော်

 

နေပြည်တော်   မေ    ၂၂  


မြန်မာသက္ကရာဇ်    ၁၃၈၆  ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ဥပ္ပါတ သန္တိ     စေတီတော်မြတ်ကြီးနှင့် မာရဝိဇယ   ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးတို့အား   ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့်   ကျောင်းသား ကျောင်းသူများ   စုပေါင်း၍   ဆီမီး တိုင်များဖြင့် လှည့်လည်ပူဇော်ခြင်း အခမ်းအနားကို ယနေ့ ညနေပိုင်း တွင် ဥပ္ပါတသန္တိစေတီတော်မြတ် ကြီး  ပရိဝုဏ်နှင့်  မာရဝိဇယ  ဗုဒ္ဓ ဥယျာဉ်တော်တို့တွင်     ကျင်းပ သည်။
ဦးစွာ ဗျာဒိတ်တော်ခံယူတော် မူခြင်း၊ ဖွားမြင်တော်မူခြင်း၊ ဘုရား ပွင့်တော်မူခြင်းနှင့်     ပရိနိဗ္ဗာန် စံတော်မူခြင်း    စသည့်သရုပ်ပြ ယာဉ်များနှင့်     ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊       ကျောင်းသား ကျောင်းသူများသည်     မော်တော် ယာဉ်များဖြင့်  တပေါင်းကွင်းစုရပ် မှ   စတင်ထွက်ခွာကြပြီး  ဥပ္ပါတ သန္တိ    စေတီတော်မြတ်ကြီးအား လက်ယာရစ်   လှည့်လည်ပူဇော် ကြသည်။
ထိုမှတစ်ဆင့် သရုပ်ပြယာဉ် များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်း များ၊ ကျောင်းသား ကျောင်းသူများ သည် မာရဝိဇယဗုဒ္ဓဥယျာဉ်တော် သို့    ဆက်လက်ထွက်ခွာကြပြီး သရုပ်ပြယာဉ်များကို     ဘုရားဖူး ပြည်သူများ ဖူးမြော်ကြည်ညိုနိုင် ရန်   မာရဝိဇယဗုဒ္ဓဥယျာဉ်တော် အတွင်း အပူဇော်ခံရပ်နားထားရှိ ကာ   ဝန်ကြီးဌာနများမှ  ဝန်ထမ်း များ၊ ကျောင်းသား ကျောင်းသူများ က  သာသနာ့အလံများနှင့် ဆီမီး တိုင်များကိုင်ဆောင်၍ မာရဝိဇယ ဗုဒ္ဓ     ရုပ်ပွားတော်မြတ်ကြီးအား သတ်မှတ်လမ်းကြောင်းအတိုင်း လက်ယာရစ်လှည့်လည်    ပူဇော် ကြသည်။
ထို့နောက် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့်    ကျောင်းသား ကျောင်းသူများသည် မာရဝိဇယ ဗုဒ္ဓ   ရုပ်ပွားတော်မြတ်ကြီးအနီး ရှိ    မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ကြ ပြီး   မာရဝိဇယ   ဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ    အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်၌ ကျင်းပသည့် ကဆုန် လပြည့်(ဗုဒ္ဓနေ့) ဓမ္မသဘင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်၍ သီတဂူဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ   ဟောကြား ချီးမြှင့်တော်မူသည့်      ကဆုန် လပြည့်(ဗုဒ္ဓနေ့)ဆိုင်ရာ ဓမ္မကထာ ဒေသနာတော်ကို ရိုသေလေးမြတ် စွာ နာယူကြသည်။
ဥပ္ပါတသန္တိစေတီတော်  မြတ် ကြီးနှင့်   မာရဝိဇယ   ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့အား    ကဆုန် လပြည့် (ဗုဒ္ဓနေ့)တွင် ဝန်ကြီးဌာန များမှ ဝန်ထမ်းများနှင့် ကျောင်း သား ကျောင်းသူ စုစုပေါင်း ၁၀၈၀  တို့က ဆီမီးတိုင်များဖြင့် လှည့် လည်ပူဇော်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ 
သတင်းစဉ်