
မင်စ်ခ် ဒီဇင်ဘာ ၃
ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့သည် ဘီလာရုဇ်နိုင်ငံအပေါ် ပိတ်ဆို့ မှု ပြစ်ဒဏ်ချမှတ်ခဲ့သည်။
ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ပိုလန် နိုင်ငံ နယ်စပ်နှင့် ဘီလာရုဇ်နယ်စပ်တို့တွင် ရွှေ့ပြောင်းနေထိုင်သူ လူအုပ်ကြီးစုပြုံလာမှုနှင့် ပတ်သက်ပြီး ဘီလာရုဇ်နိုင်ငံအပေါ် ပိတ်ဆို့မှု ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၂ ရက်တွင် ဥရောပသမဂ္ဂနှင့် နိုင်ငံသုံးနိုင်ငံတို့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ သည်။ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအသီးသီးကို ပိတ်ဆို့ မှုပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အရှေ့အလယ်ပိုင်း နှင့် အခြားသော နေရာများမှဟု ယူဆရသော ထောင်နှင့်ချီသည့် ရွှေ့ပြောင်းနေထိုင်သူများသည် ပြီးခဲ့သည့်လမှစတင်ကာ ဘီလာရုဇ်နိုင်ငံ အနောက် ပိုင်း နယ်စပ်တစ်လျှောက်တွင် စုဝေးနေထိုင်ခဲ့ကြ သည်။ ဥရောပသမဂ္ဂက ဘီလာရုဇ်နိုင်ငံအပေါ် ယခင်ချမှတ်ထားသည့် ပိတ်ဆို့မှုပြစ်ဒဏ်များကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် ရွှေ့ပြောင်းနေထိုင် သူများကို နိုင်ငံရေးလက်နက်အဖြစ် ဘီလာရုဇ် သမ္မတ အလက်ဇန္ဒြားလူကာရှန်ကိုက အသုံးပြုနေ သည်ဟု ဥရောပသမဂ္ဂက စွပ်စွဲခဲ့သည်။
ဥရောပသမဂ္ဂသည် လူပုဂ္ဂိုလ် ၁၇ ဦးနှင့် လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ဧည့်လမ်းညွှန် အဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်း ၁၁ ခုတို့ကို ပိတ်ဆို့မှုပြစ်ဒဏ်ချမှတ်ခဲ့သည်။
အဆိုပါ ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများပိုင်ဆိုင်သည့် ပစ္စည်းများကို ပိတ်ဆို့ထားခြင်းနှင့် ဥရောပသမဂ္ဂ နယ်မြေများသို့ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းတို့ ပြုလုပ်ခဲ့သည်။
အင်န်အိတ်ချ်ကေ