ဥရောပသမဂ္ဂရှိ အရွယ်ရောက်ပြီးသူ ၇၀ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌပြော

 

ဘရပ်ဆဲလ်  ဇူလိုင်   ၂၈ 


ဥရောပသမဂ္ဂရှိ အရွယ်ရောက်ပြီးသူ ၇၀ ရာခိုင်နှုန်းသည် အနည်းဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီးပြီဖြစ်ကြောင်း  ဥရောပကော်မရှင် ဥက္ကဋ္ဌ  အာဆူလာ ဗွန်ဒါလီယန်က  ဇူလိုင် ၂၇ ရက်က ပြောကြားလိုက်သည်။ 

ဥရောပသမဂ္ဂသည် ၎င်း၏ စကားကိုမှတ်ထား ကြောင်းနှင့် မိမိတို့၏ ရည်မှန်းချက်သည် ဇူလိုင်လ တွင်   ဥရောပသမဂ္ဂအတွင်းရှိ  အရွယ်ရောက်ပြီးသူ ၇၀  ရာခိုင်နှုန်းကို     ကိုဗစ်-၁၉  ကာကွယ်ဆေး အနည်းဆုံး    တစ်ကြိမ်ထိုးပေးပြီး    ဖြစ်ကြောင်း၊  မိမိတို့သည်  အဆိုပါရည်မှန်းချက်ကို   ယခုရောက်ရှိ နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
၅၇ ရာခိုင်နှုန်းသော အရွယ်ရောက်ပြီးသူများမှာ ကာကွယ်ဆေး   နှစ်ကြိမ်   အပြည့်အဝထိုးနှံပြီးဖြစ် ကြောင်း ၎င်းကပြောသည်။ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းသည် အောင်မြင်မှုရှိကြောင်း၊ သို့သော်လည်း ဆက်လက်အားထည့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 
ဒယ်လ်တာသန္ဓေပြောင်း မျိုးစိတ်သစ်သည်အလွန် အန္တရာယ်ရှိကြောင်း လူတိုင်းသည် သူတို့၏ကျန်းမာရေး နှင့် တခြားသူများကို ကာကွယ်ရန်အတွက် ကာကွယ် ဆေးထိုးသင့်ကြောင်း ဗွန်ဒါလီယန် က ပြောသည်။ 
ယခုလအစောပိုင်းတွင် ဥရောပဆေးဘက်ဆိုင်ရာ အေဂျင်စီနှင့်      ဥရောပ    ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာနက    ဥရောပတိုက်သားများကို ကာကွယ်ဆေးများထိုးရန်နှင့်  သတ်မှတ်ထားသည့် ကာကွယ်ဆေးထိုးအကြိမ်     ပြည့်မီအောင်ထိုးရန် တိုက်တွန်းထားသည်။ 
ဇွန်လမကုန်မီ   အိန္ဒိယတွင်  ပထမဆုံးတွေ့ရှိ ခဲ့သည့်    ဒယ်လ်တာ    ကိုဗစ်-၁၉   သန္ဓေပြောင်း မျိုးစိတ်သစ်သည် ဥရောပသမဂ္ဂနှင့် ဥရောပစီးပွား ရေး  နယ်ပယ်ဒေသများတွင်      ၉၀  ရာခိုင်နှုန်းကျော် ကူးစက်ဖြစ်ပွားပြီးဖြစ်လိမ့်မည်ဟု  ဥရောပရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာနက ပြောသည်။ 

ဆင်ဟွာ