
မင့်စ်ခ် နိုဝင်ဘာ ၁၂
ပိုလန်နယ်စပ်တစ်လျှောက် ရွှေ့ပြောင်းသွားလာသူများအရေး အငြင်းပွားမှုနှင့်ပတ်သက်ပြီး ဘီလာရုစ် သမ္မတ အလက်ဇန္ဒြားလူကာရှန်ကိုသည် ဥရောပသမဂ္ဂသို့ ဓာတ်ငွေ့တင်ပို့မှုကို ရပ်ဆိုင်းပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
အရှေ့အလယ်ပိုင်းဒေသမှ ထောင်နှင့်ချီသည့် ရွှေ့ပြောင်းနေထိုင်သူများမှာ အေးခဲလှသည့် ရာသီဥတု အောက်တွင် နယ်စပ်တစ်လျှောက် စုဝေးခဲ့ကြပြီး ပိုလန်နိုင်ငံဘက်မှလည်း နယ်စပ်တစ်လျှောက် တပ်ဖြန့် ချထားမှုများ ပြုလုပ်ခဲ့သည်။
ဘီလာရုစ်နိုင်ငံသည် ရွှေ့ပြောင်းနေထိုင်သူများကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ဖြတ်သန်းသွားရန် အားပေးအားမြှောက်ပြုသည်ဟု ဥရောပသမဂ္ဂက စွပ်စွဲခဲ့သည်။ ထို့ပြင် ဘီလာရုစ်နိုင်ငံကို ပိတ်ဆို့မှုအသစ် များပြုလုပ်သွားရန် စဉ်းစားနေသည်ဟုလည်း ပြောသည်။
အဆိုပါ လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး လူကာရှန်ကိုသည် နိုဝင်ဘာ ၁၁ ရက်တွင် ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်ခဲ့သည်။ ၎င်းနိုင်ငံအတွင်းမှ ဥရောပသမဂ္ဂသို့ ဖြတ်သန်းပေးပို့နေသည့် သဘာဝဓာတ်ငွေ့ စီးဆင်းမှုကို ဖြတ်တောက်ပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။
အင်န်အိတ်ချ်ကေ