ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်မြို့ရှိ ဘုရားစေတီများ၌ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ

 

ရန်ကုန်   ဇူလိုင်   ၂၀


ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်   ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)   ဖြစ် သည့်အားလျော်စွာရွှေတိဂုံ စေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်မြို့ရှိ ဘုရားစေတီများ၌ ဥပုသ်သီတင်းဆောက်တည်ကြသူ များ၊  ကုသိုလ်ကောင်းမှုပြုကြသူ များဖြင့်  အထူးစည်ကားလျက်ရှိ သည်။
ရွှေတိဂုံစေတီတော်  ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး ကျင်းပသည့်  ဝါဆိုလပြည့်  (ဓမ္မ စကြာအခါတော်နေ့)အခမ်းအနား များကို ယနေ့နံနက်  ၅   နာရီမှ စတင်၍      စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
ကပ်လှူပူဇော်
ရှေးဦးစွာ ရွှေတိဂုံစေတီတော် မြတ်ကြီးအား အရုဏ်ဆွမ်းတော် ကြီး ဆက်ကပ်ပူဇော်ပွဲကို စေတီ တော်ရင်ပြင်ဧည့်ခံတန်ဆောင်း၌ ကျင်းပရာ   ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ဘာသာရေးဝတ် အသင်းအဖွဲ့များက  စေတီတော် မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊      သစ်သီးဆွမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။
ထို့နောက်   ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ  တန်ဆောင်း၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော် နေ့) အခမ်းအနားကို ဆက်လက် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသ ကြီးဝန်ကြီးများ၊  ဂေါပကအဖွဲ့ဝင် များ၊   ဘာသာရေးဝတ်အသင်း အဖွဲ့များက စိန်ရောင်ခြည်ဘုရား ပင့်ဂါထာတော်ဖြင့်  ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ နတ်ဗြဟ္မာ များအား ဖိတ်ကြားခြင်း၊ ရွှေတိဂုံဘုရားရှိခိုးဂါထာတော်ဖြင့်   ရှိခိုး ပူဇော်ခြင်း၊     ဓမ္မစကြာအမွှမ်း ရွတ်ဆိုပူဇော်ခြင်း၊         ပရိသတ် အပေါင်းတို့က  ဓမ္မစက္ကပ္ပဝတ္တန ပါဠိတော်ကို  ရွတ်ဆိုပူဇော်ခြင်း၊ ဆုတောင်း   အမျှဝေခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကြသည်။
ယင်းနောက်   စေတီတော် ရင်ပြင်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် များ တန်ဆောင်းစုရပ်မှ စတင်၍ ရွှေကြာသင်္ကန်း လှည့်လည်ပူဇော် ပွဲအခမ်းအနားကို ကျင်းပရာ တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် တိုင်းဒေသကြီး   ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊  ဘာသာရေး      ဝတ်အသင်းအဖွဲ့များနှင့် အလှူရှင် များက ဝါဆိုရွှေကြာသင်္ကန်းတော် များကို ကိုင်ဆောင်ကာရင်ပြင်တော်    တစ်ပတ်လက်ယာရစ်  လှည့်လည် ပူဇော်ကြပြီး   တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် စေတီတော်ရင်ပြင်အထက် ပစ္စယံရှိ ပတ္တမြားမျက်ရှင်ဘုရားကို ရွှေကြာသင်္ကန်းတော်   ကပ်လှူ ပူဇော်၍  တိုင်းဒေသကြီး  ဝန်ကြီး များနှင့်   ဂေါပကအဖွဲ့ဝင်များက  အာရုံခံတန်ဆောင်းမုခ် လေးမုခ်ရှိ  ကကုသန္ဓ၊  ကောဏာ    ဂမန၊  ကဿပ၊ ဂေါတမမြတ်စွာ ဘုရား များအား ဝါဆိုရွှေကြာသင်္ကန်းတော် များ ကပ်လှူပူဇော်ကြသည်။
ဆက်လက်၍   ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့်    (ဓမ္မစကြာ အခါတော်နေ့) ရေစက်ချ မင်္ဂလာ အခမ်းအနားကို  ကျင်းပရာ  အခမ်း အနားသို့   ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ နှင့်ပင့်သံဃာတော်များ ကြွရောက် တော်မူကြပြီး   ဂေါပကအဖွဲ့ဝင် များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့်   ဘုရားဖူးလာ ပြည်သူများ          တက်ရောက် ကြည်ညိုကြသည်။
ကိုးပါးသီလခံယူဆောက်တည်
အခမ်းအနားတွင်  ရွှေတိဂုံ စေတီတော်   ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏  ဩဝါဒါစရိယအဂ္ဂ မဟာပဏ္ဍိတ  အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ   သာသနဓဇဓမ္မာစရိယ မြသိန်းတန်    ပရိယတ္တိစာသင် တိုက်ဆရာတော်ဘဒ္ဒန္တဇာဂရထံမှ ဧည့်ပရိသတ်များက  ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးသောင်း စိန်ဦးက              အဖွင့်မင်္ဂလာစကား လျှောက်ထားသည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင် များနှင့်  အလှူရှင်များက  ဩဝါဒါ စရိယ   ဆရာတော်ကြီးများနှင့် သံဃာတော်များအား ဝါဆိုသင်္ကန်း နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ရေစက်သွန်းချအမျှပေးဝေ
ဆက်လက်၍         ရွှေတိဂုံ စေတီတော်   ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့         ဩဝါဒါစရိယ၊ အဂ္ဂမဟာ    သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဒွိပိဋ ကဓရ၊   ဝိနယဒီဃနိကာယ  ပါဠိ ပါရဂူ ဘဒ္ဒန္တနာဂိတထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက်  ဂေါပကအဖွဲ့ဝင် များက ဩဝါဒါစရိယ ဆရာတော် ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
ထို့ပြင်         ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင်  သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်  ဂေါပက အဖွဲ့၏ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၆ နာရီခွဲတွင် ဂေါပကရုံး၌ ကျင်းပရာ     အခမ်းအနားတွင် နိုင်ငံတော်   သံဃမဟာနာယက အဖွဲ့   ဒုတိယဥက္ကဋ္ဌ  သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်         ဩဝါဒါ စရိယ        ဆရာတော်    အဂ္ဂမဟာ ပဏ္ဍိတ  အဂ္ဂမဟာသဒ္ဓမ္မဇောတိ ကဓဇ       ဘဒ္ဒန္တသံဝရဘိဝံသထံမှ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များက  ကိုးပါး သီလ         ခံယူဆောက်တည်ကြပြီး ဆရာတော်   သံဃာတော်အရှင် မြတ်တို့       ချီးမြှင့်တော်မူသည့် အန္တရာယ်ကင်းပရိတ်တရားတော် များကို   နာယူကြကာ  ဂေါပက အဖွဲ့ဝင်များနှင့် အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ကြ၍    နိုင်ငံတော်  သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ  သီရိ မင်္ဂလာ   ကမ္ဘာအေးစေတီတော် ဩဝါဒါစရိယ    အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသံဝရာဘိဝံသထံမှ လှူဒါန်း မှုအစုစုတို့အတွက်     အနုမောဒနာ တရားနာယူကြပြီး ရေစက်ချအမျှ ပေးဝေကြသည်။
ရွှေကြာသင်္ကန်းကပ်လှူ
ထို့နောက်  ဂေါပကအဖွဲ့ဝင် များ၊   ဘာသာရေးဝတ်အသင်း အဖွဲ့များက ရွှေကြာသင်္ကန်းတော် ကိုင်ဆောင်လျက်        သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်ကို လက်ယာ ရစ် တစ်ပတ်လှည့်လည်ပူဇော်ကြ ပြီး   ဂန္ဓကုဋိတိုက်အတွင်းရှိ   ဗုဒ္ဓ ရုပ်ပွားတော်များအား   ရွှေကြာ သင်္ကန်းများ ဆက်ကပ်လှူဒါန်းကြ သည်။ မွန်းလွဲပိုင်းတွင် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်   ဂေါပက အဖွဲ့ရုံးအပေါ်ထပ်၌  ဂေါပကအဖွဲ့ ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့ များ   ဝါဆိုလပြည့်နေ့  (ဓမ္မစကြာ အခါတော်နေ့)  အခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပကြသည်။
အလားတူ  ဝရဒါဌာ   ဓာတု စေတိယ   စွယ်တော်မြတ်စေတီ တော်(ရန်ကုန်)၊  ကျိုက်ဝိုင်းစေတီ တော်၊   ရွှေဘုန်းပွင့်စေတီတော်၊ မဟာဝိဇယစေတီတော်၊ သမိုင်းဝင် မဟာဓမ္မရံသိအိမ်တော်ရာ   စေတီ တော်၊     ကျိုက္ကဆံစေတီတော်၊ ဆုတောင်းပြည့်   မယ်လမုစေတီ တော်၊ ငါးထပ်ကြီးဘုရား၊ ခြောက် ထပ်ကြီးဘုရား၊      ကိုးထပ်ကြီး ဘုရားတို့၌လည်း   သက်ဆိုင်ရာ စေတီတော်  ဂေါပကအဖွဲ့ဝင်များ ကြီးမှူး၍ ဝါဆိုလပြည့်(ဓမ္မစကြာ အခါတော်နေ့) အခမ်းအနားများ ကို ကျင်းပကြသည်။
ယနေ့ ဝါဆိုလပြည့်(ဓမ္မစကြာ အခါတော်နေ့)  တွင်  ရန်ကုန်မြို့ ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီ၊  ပုထိုးများ၌   ဘုရား ဖူးလာပြည်သူများအား အလှူရှင် များက စတုဒိသာများ ကျွေးမွေး လှူဒါန်းကြရာ   အထူးစည်ကား များပြားလျက်ရှိကြောင်း သတင်း ရရှိသည်။                   


ကိုကိုဇော်
 ဓာတ်ပုံ -ဇော်မင်းလတ်MNA