
ပရီမီယာလိဂ်ပွဲစဉ် (၆) မှ စိတ်ဝင်စားဖွယ်ရာ အကောင်းဆုံးပွဲစဉ် တစ်ပွဲဖြစ်သည့် ချယ်ဆီးအသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့ ပွဲစဉ်ကို စက်တင်ဘာ ၃ ရက်ညပိုင်းက စတန်းဖို့ဒ်ဘရစ်ကွင်း၌ အကြိတ် အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်ဆီးအသင်းက နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပွဲစဉ်သည် အကြိတ်အနယ်ရှိခဲ့ပြီး အပြန်အလှန်သွင်းဂိုး များဖြင့် ပရိသတ်အကြိုက်ပွဲကောင်း တစ်ပွဲဖြစ်ခဲ့သည်။ ဦးဆောင်ဂိုး ကို ဧည့်သည်ဝက်စ်ဟမ်းအသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် ၆၃ မိနစ် တွင် တိုက်စစ်ကစားသမား အန်တိုနီယိုက သွင်းယူပေးခဲ့သည်။ ချယ်ဆီးအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၇၆ မိနစ်တွင် ဘင်ချီဝဲလ် က သွင်းယူပေးခဲ့သည်။
ချယ်ဆီးအသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးကို ပွဲချိန်ပြည့်ခါနီးတွင် လူစားဝင်ကစားသမား ဟာဗက်ဇ်က သွင်းယူ ပေးခဲ့သည်။ မိနစ် ၉၀ တွင် ဝက်စ်ဟမ်းအသင်းမှ ကော်နက် ချေပဂိုး သွင်းယူနိုင်ခဲ့သော်လည်း ဗွီအေအာရ်က ပယ်ဖျက်ခဲ့သောကြောင့် ဝက်စ်ဟမ်းအသင်း နစ်နာခဲ့ရသည်။ ချယ်ဆီးအသင်းသည် ယခုနိုင်ပွဲ ကြောင့် ပွဲစဉ် (၆) အပြီးတွင် ၁၀ မှတ်အထိ ရရှိကာ ပြိုင်ဘက် ဝက်စ်ဟမ်းအသင်းက လေးမှတ်သာ ရရှိထားသည်။
အခြားသော ပွဲစဉ်ရလဒ်များတွင် ဘုန်းမောက်က နော်တင်ဟမ် ကို သုံးဂိုး-နှစ်ဂိုး၊ ဝုဖ်က ဆောက်သမ်တန်ကို တစ်ဂိုး-ဂိုးမရှိ၊ စပါးက ဖူလ်ဟမ်ကို နှစ်ဂိုး-တစ်ဂိုး၊ ဘရန့်ဖို့ဒ်က လိဒ်စ်ကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဲဗာတန်နှင့် လီဗာပူးအသင်းတို့ပွဲစဉ်တွင် ဂိုးမရှိသရေ ကျခဲ့သလို နယူးကာဆယ်နှင့် ပဲလေ့စ်အသင်းတို့ပွဲများတွင်လည်း ဂိုးမရှိ သရေကျခဲ့သည်။
အောင်ဇော်