ဝမ်းတွင်းမြို့နယ်၌ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန် ရည်ရွယ်၍ ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော်   ဒီဇင်ဘာ    ၉


မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များက လမ်းပန်းဆက်သွယ်မှုပြတ်တောက်စေရန် ရည်ရွယ်၍ ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ   ယနေ့နံနက်ပိုင်းတွင်   မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာအနီးရှိ ရန်ကုန်-မန္တလေး မီးရထားလမ်း တံတားအမှတ်(၆၉၁)အနီး သပြေတောင်းဘူတာနှင့် စမုံဘူတာကြား၌ ရထားလမ်းအား အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ (စိစစ်ဆဲ)က မိုင်းထောင်၍ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မိုင်းပေါက်ကွဲမှု ကြောင့် အဆိုပါရထားသံလမ်း နှစ်ပေခန့် ပျက်စီးခဲ့ကာ ရထားသွားလာမှု ပြတ်တောက်လျက်ရှိပြီး   သက်ဆိုင်ရာတာဝန်ရှိသူများက   အမြန် ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အထက်ပါဖြစ်စဉ်မှ လမ်းပန်းဆက်သွယ်မှုပြတ်တောက်စေရန် ရည်ရွယ်၍ ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များအား ဖော်ထုတ်ဖမ်းဆီးအရေးယူ  နိုင်ရေး  လုံခြုံရေးတပ်ဖွဲ့ဝင်များက  ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။  

                                               
သတင်းစဉ်