ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၊ ချားလ်မင်းသားတို့နှင့် တွေ့ဆုံရန် အစ္စရေးသမ္မတ ဟာဇော့ ဗြိတိန်နိုင်ငံသို့ သွားရောက်

ဂျေရုဆလင်  နိုဝင်ဘာ  ၂၁


အစ္စရေးနိုင်ငံသမ္မတ   ဟာဇော့သည် ဗြိတိန်နိုင်ငံဝန်ကြီးချုပ်     ဘောရစ်  ဂျွန်ဆင်၊  ချားလ်မင်းသားတို့နှင့် တွေ့ဆုံ ဆွေးနွေးရန်အတွက် ယနေ့တွင်    ဗြိတိန် နိုင်ငံသို့    တရားဝင်ခရီးသွားရောက်ခဲ့ ကြောင်း  ယနေ့သတင်းများအရ    သိရ သည်။


အစ္စရေးနိုင်ငံသမ္မတ  ဟာဇော့သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရက်စ်၊ ဥပဒေပြုအမတ်များနှင့်    ဂျူးအသိုက် အဝန်းမှ     ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း  အစ္စရေးနိုင်ငံ အစိုးရ၏     ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။
အစ္စရေးနိုင်ငံသမ္မတ ဟာဇော့သည် ဗြိတိန်နိုင်ငံသို့  သွားရောက်စဉ်တွင် အီရန် နျူကလီးယားအရေးကိစ္စများကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံသို့ မသွားရောက်မီပြောကြားခဲ့သည်။


ထို့ပြင်  ပါလက်စတိုင်းအစ္စလာမ္မစ်         တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့(ဟားမားစ်)အား   အကြမ်းဖက်အဖွဲ့အစည်းတစ်ခု အဖြစ် အသိအမှတ်ပြုရန် ဗြိတိန်အစိုးရက ဆုံးဖြတ်ခဲ့မှုနှင့် စပ်လျဉ်း၍ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား  ကျေးဇူးတင်ရှိပါ ကြောင်းလည်း အစ္စရေးသမ္မတ ဟာဇော့ က ပြောကြားသည်။
ပါလက်စတိုင်းတို့ကမူ    ဟားမားစ် အား   အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့သည့် ဗြိတိန်နိုင်ငံ၏ ဆုံးဖြတ် ချက်အပေါ်  နိုဝင်ဘာ   ၂၀  ရက်တွင် ကန့်ကွက်ခဲ့သည်။ အစ္စရေးနိုင်ငံသမ္မတ ဟာဇော့၏ ဗြိတိန်ခရီးစဉ်သည် သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် ဇူလိုင်လ နောက်ပိုင်း  ပထမဆုံးအကြိမ်  တရားဝင် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။ 


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်