ဝန်ကြီးချုပ်၏ နုတ်ထွက်စာကို ပြင်သစ်သမ္မတ လက်ခံ

 

ပါရီ    ဇူလိုင်    ၁၇


ပြင်သစ်သမ္မတ    အီမန်နျူရယ်မက်ခရွန်သည်  ဝန်ကြီးချုပ် ဂါဘရီရယ် အက်တယ်၏ နုတ်ထွက်စာ ကို လက်ခံခဲ့သည်။  အောက်လွှတ်တော်ရွေးကောက်ပွဲ တွင်    လက်ရှိအာဏာရပါတီ   ရှုံးနိမ့်ခဲ့ပြီးနောက် ဝန်ကြီးချုပ် ဂါဘရီရယ်အက်တယ်က ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
၎င်းနေရာတွင်  ခန့်အပ်မည့်သူကို  မဆုံးဖြတ် ရသေးသဖြင့်  အက်တယ်သည်  အိမ်စောင့်အစိုးရ  အဖွဲ့အကြီးအကဲအဖြစ် ဆက်လက်တာဝန်ယူသွား ဦးမည်ဖြစ်သည်။  ဇူလိုင် ၈ ရက်တွင် အက်တယ်က ၎င်း၏နုတ်ထွက်စာကို တင်သွင်းခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၁၆ ရက်တွင် ပြင်သစ်သမ္မတသည် ဝန်ကြီး ချုပ် အက်တယ်၏ နုတ်ထွက်စာကို လက်ခံရရှိခဲ့ သည်ဟု သမ္မတရုံးက ပြောသည်။  
အမျိုးသားလွှတ်တော်    ရွေးကောက်ပွဲတွင် မက်ခရွန်၏ ပါတီသည် အမတ်နေရာအများအပြားကို ဆုံးရှုံးခဲ့ရသည်။ လက်ဝဲယိမ်း မဟာမိတ်အုပ်စုသည် အဓိကအင်အားကြီးဖြစ်လာသည်။ သို့သော်လည်း  မဟာမိတ်အဖွဲ့ဝင်များသည် နောက်ထပ်ဝန်ကြီးချုပ် မည်သူကိုခန့်အပ်ရမည်ဟူသော သဘောတူညီမှုမျိုး မရရှိသေးချေ။
အက်တယ်သည်  ဇူလိုင်  ၁၆ ရက်က ရုပ်မြင် သံကြားဖန်သားပြင်ပေါ်၌ ထွက်ပေါ်လာခဲ့သည်။ ဝန်ကြီးချုပ်သစ်ခန့်အပ်ရန် နောက်ထပ်ရက်သတ္တ ပတ်များစွာ ကြာမြင့်ဦးမည်ဟု သမ္မတ မက်ခရွန်က ၎င်းကိုပြောကြားထားကြောင်း ၎င်းက ပြောသည်။ ပြင်သစ်နိုင်ငံ၌ ပါရီအိုလံပစ် ဖွင့်ပွဲမတိုင်မီ နိုင်ငံရေး အခြေအနေမှာ မတည်မငြိမ်ဖြစ်နေဆဲဖြစ်သည်

အင်န်အိတ်ချ်ကေ