ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ အငယ်ဆုံးသမီး ပေထုံတန် ထိုင်းဝန်ကြီးချုပ်သစ်ဖြစ်လာ

ဘန်ကောက်  ဩဂုတ်   ၁၆
ထိုင်းနိုင်ငံ၏    ဖျူထိုင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့၏ ထောက်ခံမှုကို   ရရှိထားသည့် ကိုယ်စားလှယ်လောင်း ပေထုံ တန် ရှင်နာဝပ်ထရာသည် ပါလီမန် ၌ မဲခွဲဆုံးဖြတ်ရာတွင် မဲအများစု အနိုင်ရပြီးနောက်   ဩဂုတ်   ၁၆ ရက်တွင် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ် သစ်အဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရသည်။
ပေထုံတန်သည် ဝန်ကြီးချုပ် ဆရတ်ထာထာဝီဆင်ကို ကျင့်ဝတ် ဖောက်ဖျက်မှုကိစ္စဖြင့် တရားရုံး ဆုံးဖြတ်ချက်အရ ယခုသီတင်း ပတ်အစောပိုင်းက ထုတ်ပယ်ခဲ့ပြီး နောက်   ပါလီမန်ရွေးကောက်ပွဲ ကာလအတွင်း ဝန်ကြီးချုပ်သစ် ခန့်အပ်ရန်     အမည်စာရင်း တင်သွင်းထားသည့် တစ်ဦးတည်း သော    ကိုယ်စားလှယ်လောင်း ဖြစ်သည်။
နှစ်နာရီနီးပါး ကြာမြင့်သည့်  မဲပေးမှုအပြီးတွင်     ပေထုံတန် သည် လက်ရှိလွှတ်တော်အမတ် ၄၉၃ ဦးအနက် ထောက်ခံမဲ ၃၁၉ မဲရရှိသဖြင့်    ဝန်ကြီးချုပ်သစ် ရာထူးအတွက်    လိုအပ်သည့် အများစုထောက်ခံမှုကို      ရရှိ ကြောင်း  အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဝမ်မူဟာမက်နော် မာသာ က ကြေညာခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ အငယ်ဆုံးသမီးဖြစ် သည့် အသက်   ၃၇   နှစ်အရွယ် ဖျူထိုင်းပါတီခေါင်းဆောင်  ပေထုံ တန်သည်   ထိုင်းဘုရင်    မဟာ ဗာဂျီရာ လောင်ကွန်း၏ တရားဝင် ခန့်အပ်မှုကို    စောင့်ဆိုင်းရမည် ဖြစ်ပြီး   ၎င်းသည်   ထိုင်းနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီးဝန်ကြီး ချုပ်နှင့် အသက်အငယ်ဆုံးဝန်ကြီးချုပ်တစ်ဦးဖြစ်လာသည်။
ဆင်ဟွာ