
နေပြည်တော် ဩဂုတ် ၁၇
မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်း မြှင့်တင်ရေးနှင့် မျိုးဆက်သစ် ဘောလုံးအားကစားသမား များစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ “၂၀၂၂ ခုနှစ် ဝန်ကြီး ဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ”ကို ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစား လေ့ကျင့်ရေးကွင်း အမှတ်(၁)နှင့် လေ့ကျင့်ရေး ကွင်း အမှတ်(၃)တို့၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်သည့် ဦးထွန်းမြင့်ဦး၊ ဦးနေဝင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ်သည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူး များနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ ကြသည်။
ယနေ့ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်း နှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို နှစ်ဂိုး- တစ်ဂိုးဖြင့် လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် ပြန်ကြားရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။
ဩဂုတ် ၁၈ ရက် ညနေ ၃ နာရီခွဲတွင် အုပ်စု ပတ်လည် ပြိုင်ပွဲပွဲစဉ်အဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားလေ့ကျင့်ရေးကွင်း အမှတ်(၃)၌ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေး ဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေး နိုင်ကြောင်း သိရသည်။
အားကာမောင်