ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

 

နေပြည်တော်   ဩဂုတ်  ၂၄


မြန်မာ့ဘောလုံး      အားကစား လောကအဆင့်အတန်း   တိုးတက် မြင့်မားလာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု    အဆင့်အတန်း မြှင့်တင်ရေးနှင့်     မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန်    ရည်ရွယ်၍ ၂၀၂၂ ခုနှစ်  ဝန်ကြီးဌာနပေါင်းစုံ အသက်     (၂၅)     နှစ်အောက် (အမျိုးသား)   ဘောလုံးပြိုင်ပွဲကို ယနေ့    မွန်းလွဲ  ၃ နာရီခွဲတွင် နေပြည်တော်  ဝဏ္ဏသိဒ္ဓိဘောလုံး အားကစား    လေ့ကျင့်ရေးကွင်း အမှတ်(၃)၌   ဆက်လက်ကျင်းပ ရာ   အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန            ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊      ဆောက်လုပ်ရေး ဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ အားကစားနှင့်  ကာယ ပညာဦးစီးဌာန  ဒုတိယညွှန်ကြား ရေးမှူးချုပ်     ဦးကျော်ဦးနှင့် ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ   တာဝန်ရှိသူ များနှင့်     ဘောလုံးအားကစား ဝါသနာရှင်များ         လာရောက် ကြည့်ရှုအားပေးကြသည်။

 


ယနေ့ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ်       သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး     ဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေး     ဝန်ကြီးဌာန အသင်းတို့   ယှဉ်ပြိုင်ကစားကြရာ သယံဇာတနှင့်   သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး  ဝန်ကြီးဌာန အသင်းက        ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းကို         တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

 


ဩဂုတ် ၂၆ ရက်   ကွာတား ဖိုင်နယ်ပြိုင်ပွဲ     ပွဲစဉ်များအဖြစ်  ဝဏ္ဏသိဒ္ဓိ    ဘောလုံးအားကစား ကွင်း၌      မွန်းလွဲ   ၃   နာရီတွင် အားကစားနှင့်      လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့်    လူမှု ဝန်ထမ်း၊       ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်း၊  ညနေ ၅ နာရီတွင် ပြည်ထဲရေးဝန်ကြီးဌာန  အသင်း နှင့်    သယံဇာတနှင့်   သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ရာ ဘောလုံး     အားကစားနည်းကို စိတ်ပါဝင်စား သည့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှု    အားပေးနိုင်ကြောင်း သိရသည်။              

အားကာမောင်