ဝန်ကြီးဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲ အကြိတ်အနယ်ယှဉ်ပြိုင်

 

နေပြည်တော်  ဩဂုတ် ၂၃


၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲ ၃ နာရီခွဲက နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစား လေ့ကျင့်ရေးကွင်း အမှတ်(၁)နှင့် (၃) တို့၌ ကျင်းပ သည်။

 


ယနေ့တွင်  အုပ်စုပတ်လည်ပြိုင်ပွဲအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းက    စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို   နှစ်ဂိုး-တစ်ဂိုးဖြင့် လည်းကောင်း၊  ပြည်ထဲရေးဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို ခြောက်ဂိုး -ဂိုးမရှိဖြင့် လည်း ကောင်း အနိုင်ရရှိသည်။

 


ဩဂုတ် ၂၄ ရက် မွန်းလွဲ ၃ နာရီခွဲတွင် အုပ်စု ပတ်လည်ပြိုင်ပွဲ   ပွဲစဉ်အဖြစ်  ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်း  အမှတ်(၃)၌  သယံ ဇာတနှင့်   သဘာဝပတ်ဝန်းကျင်    ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းတို့    ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ     အခမဲ့ လာရောက်     ကြည့်ရှုအားပေးနိုင်ကြောင်း    သိရသည်။                    

အားကာမောင်