
နေပြည်တော် ဇူလိုင် ၂၃
၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (B) ရုံ၌ ကျင်းပရာ အုပ်စုပတ်လည်ပြိုင်ပွဲ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာန အသင်းကို နှစ်ပွဲပြတ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်းက သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းကို နှစ်ပွဲပြတ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအသင်းက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးအသင်းကို နှစ်ပွဲပြတ်၊ စက်မှုဝန်ကြီး ဌာနအသင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းကို နှစ်ပွဲ ပြတ်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းက အလုပ်သမား ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်တို့ဖြင့် အနိုင်ရရှိသည်။
အဆိုပါပြိုင်ပွဲကို ဇူလိုင် ၂၉ ရက်အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ နေ့စဉ်နံနက် ၉ နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင် ကြောင်း သိရသည်။
အားကာမောင်