
နေပြည်တော် စက်တင်ဘာ ၁
၂၀၂၂ ခုနှစ် ဝန်ကြီးဌာန ပေါင်းစုံ အသက် ၂၅ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစား ကွင်း၌ ဆက်လက်ကျင်းပသည်။
တတိယလုပွဲ ပွဲစဉ်အဖြစ် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြ ရာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး ပယ်နယ်တီ အဆုံးအဖြတ် ကန်သွင်းခဲ့ကြ ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေး ဝန်ကြီးဌာနအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး တတိယဆုကို ဆွတ်ခူးရရှိ ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများဖြစ်ကြသော ဗိုလ်မှူးချုပ် လူမွန်၊ ဦးအောင်ကျော်ထွန်း၊ ဦးအောင်မြိုင်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး များဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ ညွှန်ကြား ရေးမှူးချုပ်များဖြစ်ကြသော ဦးသင့်မြတ်သူ၊ ဒေါက်တာကျော်မိုးဦး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော် ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
စက်တင်ဘာ ၂ ရက် ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား ကွင်း၌ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွား ကြမည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူ မဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သတင်းရရှိသည်။
အားကာမောင်