
အေဒင် စက်တင်ဘာ ၁၄
ယီမင်နိုင်ငံ ပင်လယ်နီဆိပ်ကမ်းမြို့ဖြစ်သည့် ဟိုဒေးဒါးမြို့၌ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အစိုးရအရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောသည်။ ဟူသီသူပုန်များ မြှုပ်နှံထားသည့် မိုင်းကြောင့် လူ ၁၅ ဦး လိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီး ထိခိုက်မိခဲ့သည်။
အဆိုပါကားပေါ်တွင် အမျိုးသမီးနှင့် ကလေးများပါဝင်သည်ဟု ဒေသခံအစိုးရသတင်းအရင်းအမြစ် က ပြောသည်။ ပေါက်ကွဲမှုအပြီးတွင် ဒေသခံများနှင့် အစိုးရဘက်မှတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာ နေရာသို့ အလျင်အမြန်ရောက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံများသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ယီမင်နိုင်ငံသည် ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် မြေမြှုပ်မိုင်းအများဆုံးရှိသည့်နေရာထဲမှ တစ်ခုဖြစ် လာကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းက ပြောသည်။ အီရန်တို့နှင့် မဟာမိတ် ပြုလုပ်ထားသည့် ဟူသီသူပုန်များသည် ယီမင်နိုင်ငံမြောက်ပိုင်းပြည်နယ်များကို သိမ်းယူထားသည်။
ဆင်ဟွာ