ယီမင်နိုင်ငံ၌ ဂျွန်ဆင် အင်န် ဂျွန်ဆင်  ကိုဗစ် - ၁၉ ကာကွယ်ဆေး ပထမအသုတ် လက်ခံရရှိ 


 

အေဒင်   ဩဂုတ်   ၃၀ 


ယီမင်နိုင်ငံ၌ ဂျွန်ဆင် အင်န် ဂျွန်ဆင် ကိုဗစ်- ၁၉ ကာကွယ်ဆေးပထမအသုတ်ကို  ဩဂုတ်၂၉ ရက်တွင် လက်ခံရရှိခဲ့သည်ဟု ယီမင်အစိုးရက ပြောသည်။ 
ကျန်းမာရေးဝန်ကြီးဌာန၏  ထုတ်ပြန်ချက်အရ  ဂျွန်ဆင် အင်န် ဂျွန်ဆင်  ကိုဗစ်- ၁၉ ကာကွယ်ဆေး အလုံးရေ   ၁၅၁၂၀၀  အေဒင်လေဆိပ်သို့ ရောက်ရှိခဲ့ ကြောင်း၊   ကိုဗက်အစီအစဉ်ဖြင့်   အဆိုပါကာကွယ် ဆေးများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မတ်လအတွင်းကလည်း စစ်ပွဲဒဏ်ခံ  ယီမင်နိုင်ငံ သို့   အက်စ်ထရာဇနီကာ ကိုဗစ်- ၁၉  ကာကွယ်ဆေး ၃၆၀၀၀၀နှင့် ကာကွယ်ဆေးထည့်ရန် သေတ္တာအလုံး ၁၃၀၀၀  ရောက်ရှိခဲ့ပြီး   ကျန်းမာရေးလုပ်သားများကို အကာအကွယ်ပေးရန် ကိုဗက်အစီအစဉ်မှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်သည်။      ယခုလအစောပိုင်းကလည်း အပြည်ပြည်ဆိုင်ရာက    အသိအမှတ်ပြုထားသော ယီမင်အစိုးရသည် ၎င်းတို့   ထိန်းချုပ်ထားရာဒေသ အတွင်း ကိုဗစ်- ၁၉ နေ့စဉ်ကူးစက်မှုများ  များပြား လာသည်ဟု   ဖော်ပြခဲ့သည်။ ယခုအချိန်အထိ ယီမင် နိုင်ငံတွင်   ကိုဗစ်- ၁၉ ကာကွယ်ဆေးအလုံးရေ ၃၁၀၀၀၀ ကို  ထိုးနှံပေးခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် တွက်ချက်ကြည့်လျှင်   လူဦးရေ၏ တစ်ရာခိုင်နှုန်းကို သာ တစ်ကြိမ်ကာကွယ်ဆေးထိုးပေးရသေးသည်။ ယီမင်နိုင်ငံ   လူဦးရေထက်ဝက်ကျော်မှာ   အစား အသောက်  ဖူလုံစွာရရှိခြင်းမရှိသည့်  ပြဿနာနှင့် ရင်ဆိုင်နေရပြီး ယီမင်နိုင်ငံ၏ ငွေကြေးတန်ဖိုး ထိုးကျ လာခြင်းနှင့်အတူ   နိုင်ငံသားများမှာလည်း   ပို၍ပို၍ ဆင်းရဲတွင်းထဲသို့  ကျရောက်လာသည်။    ဆင်ဟွာ