
နေပြည်တော် ဇူလိုင် ၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University ပရဝဏ်အတွင်း၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင် စိုက်ပျိုးပေးသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်း ရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီး များနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကထိက ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် နေပြည်တော် နည်းပညာတက္ကသိုလ်ကို အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ် ကျွမ်းကျင် အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပေး ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ လူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေး ကို အထောက်အကူပြုစေရေးအတွက် အဆင့်မြင့်နည်းပညာများ သင်ကြားပို့ချ ပေးနိုင်ရေး စသည့်ရည်မှန်းချက်များဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် စတင်တည်ထောင်ဖွင့်လှစ်ပေးခဲ့ပြီး အင်ဂျင် နီယာအထူးပြုဘာသာရပ် (၇)ခုကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း။
နေပြည်တော် နည်းပညာတက္ကသိုလ် တစ်ခုတည်းဖြင့် ပြည့်စုံလုံလောက်မှုမရှိဟု ယူဆသည့်အတွက် Naypyitaw State Polytechnic University အသစ် တည်ဆောက်ဖွင့်လှစ်ရန် စီမံဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ မြင်တွေ့ရသည့်အတိုင်း လာမည့်ပညာသင်နှစ်တွင် Naypyitaw State Polytechnic University အဖြစ် အင်ဂျင်နီယာ ဘာသာရပ်များအပြင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာ ဘာသာရပ်များကိုပါ တိုးချဲ့သင်ကြားနိုင် ရေးလိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း။
အနားယူအပန်းဖြေနိုင်စေရေး
ထို့ကြောင့်လည်း ယခုကဲ့သို့ဂုဏ်ယူ ဝင့်ကြွားဖွယ်ရာ တက္ကသိုလ်ကြီးတွင် တက္ကသိုလ်များ၏ အင်္ဂါရပ်များနှင့်အညီ စိမ်းလန်းစိုပြည်သာယာလှပသည့် ပရဝဏ် ဖြစ်စေရေး၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ စိတ်လက်ကြည်လင်ပြီး အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေ နိုင်စေရေး၊ ရာသီဥတုသာယာမျှတစေရေး၊ သစ်ပင်သစ်တော စိုက်ပျိုးပြုစုထိန်းသိမ်း ရေးတွင် ပိုမိုတက်ကြွစွာ ပူးပေါင်းပါဝင် လာစေရေးနှင့် တီထွင်ဆန်းသစ်သည့် အင်ဂျင်နီယာနည်းပညာများဖြင့် သာယာ လှပသည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီး နိုင်စေရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် ယခုသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပ ခြင်းဖြစ်ကြောင်း။
စိုက်ပျိုးပြုစုထိန်းသိမ်း
ကမ္ဘာ့လူသားအားလုံးအတွက် စားဝတ် နေရေး၊ ကျန်းမာရေး၊ လူမှုဘဝ သာယာ ဝပြောရေးတို့အတွက် သစ်ပင်သစ်တော များသည် အလွန်အရေးပါသည့် အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိနေကြောင်း၊ သစ်တော များကို စိုက်ပျိုးပြုစုထိန်းသိမ်းကြရာ တွင် ယနေ့ခေတ် သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုး မှုနှင့် တီထွင်ဆန်းသစ်မှုများကို သစ်တော ထိန်းသိမ်းရေးလုပ်ငန်းများတွင် အကျိုးရှိ အောင် ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက် သွားမည်ဆိုပါက သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ ပိုမိုထိရောက်ပြီး နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကိုလည်း အထောက်အကူပြုပေးနိုင်မည် ဖြစ်ကြောင်း။
ဥပမာအားဖြင့် သစ်တောအခြေပြု နည်းပညာများနှင့် တီထွင်ဆန်းသစ်မှုများဖွံ့ဖြိုးလာခြင်းကြောင့် ပလတ်စတစ် သုံးစွဲ မှုအစား ဇီဝဖြစ်စဉ်အတိုင်း ဆွေးမြည့်နိုင် သည့် (Biodegradable) သစ်တောထွက် ပစ္စည်းများဖြင့် အစားထိုးအသုံးပြုလာနိုင် ခြင်း၊ လူသားများအတွက် အန္တရာယ်ဖြစ် စေနိုင်သည့် ဘက်ထရီများတွင်ပါရှိသည့် မြေရှားသတ္တုများနေရာတွင် သစ်တော ထွက် ဓာတုဓာတ်ပေါင်းများဖြင့် အစားထိုး လာနိုင်ခြင်း၊ ကမ္ဘာ့အဝတ်အထည်စက်ရုံ များအတွက် သစ်ပင်၊ ဝါးပင်များမှ ထုတ်လုပ်သည့် ချည်မျှင်ရှည်(long fiber)များ အသုံးပြုလာနိုင်ခြင်း စသည့်တီထွင် ဆန်းသစ်အောင်မြင်မှုများကို တွေ့မြင် နိုင်ကြောင်း။
ထုတ်ကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်လာနိုင်
ထို့အပြင် နည်းပညာတီထွင်ဆန်းသစ် မှုနှင့် သစ်တောထွက်ပစ္စည်းများကို ဆေးဝါး များ၊ အလှကုန်ပစ္စည်းများ၊ စားသောက် ကုန်များအပါအဝင် လူသားများ၏ စားဝတ် နေရေး၊ ကျန်းမာရေး၊ လူမှုဘဝဖွံ့ဖြိုးရေး တို့အတွက် ရေရှည်ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်သည့် ထုတ်ကုန်ပစ္စည်းအမျိုးမျိုး ကို ကျယ်ပြန့်စွာ ထုတ်လုပ်လာနိုင်ခဲ့ပြီ ဖြစ်ကြောင်း။
အင်ဂျင်နီယာပညာရပ်ကို ဇီဝဗေဒ၊ ဓာတုဗေဒ၊ ဂေဟဗေဒ၊ ဘူမိဗေဒ၊ အဏု ဇီဝဗေဒ၊ ဇလဗေဒ စသည့်ဘာသာရပ်များ နှင့်ပေါင်းစပ်ပြီး လေ့လာသင်ယူရသည့် Environmental Engineering ဘာသာရပ် သည် ပတ်ဝန်းကျင်အရည်အသွေးများ မြှင့်တင်ပေးရန်အတွက် အထူးအရေးပါ သည့် ပညာရပ်အဖြစ် ကျယ်ပြန့်စွာ လေ့လာသင်ယူ လာကြပြီဖြစ်ကြောင်း၊ သစ်တောကဏ္ဍတွင် မျိုးကောင်းမျိုးသန့် ပျိုးပင်များထုတ်လုပ်ရေး၊ ရေဝေရေလဲ ဒေသစီမံအုပ်ချုပ်ရေး၊ သစ်ပင်သစ်တော များနှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ ရေနှင့် မြေဆီလွှာများ ထိန်းသိမ်းရေး စသည့် လုပ်ငန်းနယ်ပယ်များတွင် Environmental Engineering ပညာ သည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင် လျက်ရှိကြောင်း။
ယခုနှစ် မိုးရာသီတွင် နိုင်ငံပိုင် သစ်တောစိုက်ခင်းများ အပါအဝင် သစ်ပင် ပေါင်း ၂၂ ဒသမ ၃၃၂ သန်း စိုက်ပျိုး တည်ထောင်သွားမည် ဖြစ်ကြောင်း၊ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ် တောများတွင်သာမက သစ်တောမြေ ပြင်ပနေရာများဖြစ်သည့် ကျေးရွာများ၊ မြို့ပြများ ပတ်ဝန်းကျင်နေရာအသီးသီး တွင်လည်း ဒေသအလိုက် သင့်လျော်သည့် အရိပ်ရပင်များ၊ လေကာပင်များကို စဉ်ဆက်မပြတ် စိုက်ပျိုးကြရန် လိုအပ် ကြောင်း၊ သစ်ပင်သစ်တောများ ထိန်းသိမ်း ရန်၊ မြစ်၊ ချောင်းတစ်လျှောက် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းရန်၊ တောင်ထိပ်များ တွင် သစ်ပင်မခုတ်ရန်နှင့် သစ်ပင်များ ထိန်းသိမ်းရန်၊ ဒီရေတောပင်များစိုက်ပျိုးတည်ထောင်ရန် စသည့်သစ်ပင်သစ်တော စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများ အရှိန် အဟုန်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း။
အာဆီယံလမ်းမကြီးများ ဘေးဝဲယာ၊ အမြန်လမ်းမကြီး ဘေးဝဲယာနှင့် ရထား လမ်းများ ဘေးဝဲယာများတွင်လည်း သစ်ပင်များ စဉ်ဆက်မပြတ် စိုက်ပျိုးပြုစု ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ မြစ်၊ ချောင်း၊ အင်းအိုင်နှင့် ဆည်မြောင်းတာတမံ များ ရေရှည်တည်တံ့ရန်နှင့် မြေအောက် ရေ ထိန်းသိမ်းနိုင်ရန်အတွက် ရေဝေ ရေလဲသစ်တောများကို ထိန်းသိမ်း ကာကွယ်ကြရမည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင် ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု မဖြစ်မနေလိုအပ်ခြင်းကြောင့် အတူတကွ ပါဝင်ဆောင်ရွက်ကြရန် အလေးထား မှာကြားလိုကြောင်း။
အစီအစဉ်တကျစိုက်ပျိုးသွားမည်
ယခုကျင်းပသည့် သစ်ပင်စိုက်ပျိုး ပွဲတော်တွင် သစ်မျိုး ၁၀ မျိုး၊ အပင် ၁၄၂၆ ပင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ပရဝဏ်နှင့် လိုက်ဖက်ပြီး ရာသီအလိုက် ဖူးပွင့်ပြီး ရနံ့သင်းပျံ့သည့် ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ပိတောက်သစ်မျိုး များကို အစီအစဉ်တကျ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း။
စိုက်ပျိုးပြီး နောက်ပိုင်းတွင်လည်း ရာသီအလိုက်ပြုစုထိန်းသိမ်းခြင်း လုပ်ငန်း များဖြစ်သည့် မြေဆွခြင်း၊ ပေါင်းရှင်းခြင်း၊ မီးဘေးကာကွယ်ခြင်း၊ မြေအစိုဓာတ် ထိန်းသိမ်းခြင်း၊ ကျွဲနွားတိရစ္ဆာန်များ ဖျက်ဆီးခြင်းမရှိအောင် ကာကွယ်ခြင်း စသည့်ပြုစုထိန်းသိမ်းမှု လုပ်ငန်းများကို လည်း စဉ်ဆက်မပြတ် ဆောင်ရွက်ကြမှ သာ စိုက်သမျှအပင်များ ကောင်းမွန်စွာ ရှင်သန်မည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် လည်း မိမိတို့ကျောင်းပရဝဏ်နှင့် ပတ်ဝန်းကျင် အစဉ်ထာဝရ စိမ်းလန်း စိုပြည်လှပနေစေရန် “ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း” ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံ၏ မြို့တော်ဖြစ်သည်နှင့်အညီ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် Green City ၊ Clean City ၊ Smart City ဖြစ်စေရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ် လာစေရန်ရည်ရွယ်ပြီး နိုင်ငံတော်ဖွံ့ဖြိုး ရေးအတွက် လိုအပ်သည့် အဆင့်မြင့် ကျွမ်းကျင်အင်ဂျင်နီယာများ မွေးထုတ် ပေးနိုင်ရန်အတွက် ထိပ်တန်းတက္ကသိုလ် တစ်ခုအဖြစ် တည်ထောင်ဖွင့်လှစ်မည့် Naypyitaw State Polytechnic University ၏ ကျောင်းပရဝဏ်နှင့် ပတ်ဝန်းကျင်တွင် မျက်စိပသာဒဖြစ်စေပြီး သင်းရနံ့မွှေးပျံ့ သည့် သစ်ပင်ပန်းပင်များနှင့် အမြဲတမ်း စိမ်းလန်းစိုပြည် သာယာလှပစေရန်၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်း သစ်တောသစ်ပင်များနှင့် စိမ်းလန်းစိုပြည် ပြီး သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပစေရန်တို့အတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူများ စားရေရိက္ခာ ဖူလုံရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန် သည့် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေး အတွက် သစ်ပင်သစ်တောများသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိနေခြင်းကြောင့် နိုင်ငံအဝန်း သစ်တောဖုံးလွှမ်းမှု တိုးတက်လာပြီး စိမ်းလန်းစိုပြည် သာယာလှပစေရေး၊ သစ်တောသယံဇာတများအပါအဝင် နိုင်ငံ ၏ သဘာဝသယံဇာတများကို ခေတ်မီ သည့် သိပ္ပံနှင့်နည်းပညာတီထွင်မှုများ ဖြင့် ပေါင်းစပ်ပြီး သားစဉ်မြေးဆက် ရေရှည်ထိန်းသိမ်း အသုံးချနိုင်ရေးတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။
ဦးဆောင်စိုက်ပျိုးပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကံ့ကော်ပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကောင်စီ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် နေပြည်တော် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကထိကဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူ များ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူ များသည် ပျိုးပင်များကို တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင် များအား တပျော်တပါး စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲအခမ်းအနားတွင် ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ပိတောက် စသည့် သစ်မျိုး ၁၀ မျိုး၊ အပင် ၁၄၂၆ ပင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။
လိုက်လံကြည့်ရှုစစ်ဆေး
သစ်ပင်စိုက်ပျိုးပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များလိုက်ပါ၍ Naypyitaw State Polytechnic University ပရဝဏ်အတွင်းရှိ ရှုခင်းသာရင်ပြင်(View Point) နေရာဆောင်ရွက်ထားရှိမှုများ၊ သုံးထပ် ပင်မစာသင်ဆောင်အပါအဝင် ဝန်ထမ်းအိမ်ရာများ၊ စာသင်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူအဆောင်များ၊ အားကစား ကွင်းများ၊ စာကြည့်တိုက်နှင့် အခြား သင်ကြားမှု၊ သင်ယူမှုအထောက်အကူပြု အဆောက်အဦများ ဆောင်ရွက်ပြီးစီး မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ သုံးထပ်ပင်မစာသင် ဆောင်အတွင်း စာသင်ခန်းများ၊ စုဝေး ခန်းမများ တည်ဆောက်ပြီးစီးမှုအခြေအနေ များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။ သတင်းစဉ်