
ယုံစွာတည်ဟေ့ စာဖတ်ငွေ့ဖြင့်
â အကောင်းဓလေ့ အောင်းပျော်မွေ့ရန်
တွေ့ဆုံနွှဲပျော် “စာပွဲတော်”ကို
ဖော်ယူပြိုင်ကြဲ မြန်ပြည်ထဲဝယ်
သည်းသည်းလှုပ်လှုပ် သည်ပြယုဂ်အား
ဟုတ်ပင်မြင်ရ လွန်အားကြွ၏။
â ငယ်စဉ်ပုံလောင်း အကျင့်ကောင်းကို
သောင်းသိန်းသန်းချီ “မျိုးဆက်ဆီ”သည်
ပီပြင်နှစ်ခြိုက် နှလုံးပိုက်၍
စိုက်မှန်ပင်ဖူး ရနံ့ထူးလို
မြူးရယ်ပြုံးဝေ တင့်တယ်ပါစေ။
â ဖတ်သူထောင်သူ ကြီးကြပ်မူနှင့်
ယူကာအတတ် “စာပေမြတ်”မှ
ထပ်ထပ်ကုံလုံ လောကဘုံကို
ယုံကြည်တည်ဆောက် ဇွဲမာန်တောက်လျက်
လျှောက်နိုင်ပါစေ အားလုံးတစ်တွေ။
â အလိမ္မာသိ ရင်ဝယ်ငြိကာ
မိနိုင်ငံချစ် သားမြေးစစ်ဟု
ဖြစ်ပါစေကြောင်း ဆုမွန်တောင်းသည်
ကောင်းရည်မွမ်းထုံ “မြန်လူ့ဘုံ”ကို
ယုံစွာတည်ဟေ့ မြတ်စာငွေ့ဖြင့်။ ။
ညိုဝင်း(ချစ်မြေ)
“မြန်မာပြည်တစ်ဝန်း ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေသည့် စာပေပွဲတော်များအားဂုဏ်ပြုကြိုဆိုသောအားဖြင့်”