
ယုံကြည်ထားသည် အောင်ရမည်
* “တရားသော ဒို့စစ် ရဲဝံ့ဆင်နွှဲမည်
ဒို့ချစ်တဲ့ အမိနိုင်ငံ သာယာဖို့ရည်”
ခိုင်ကျည်ထက်သန်၊ သန္နိဋ္ဌာန်ဖြင့်
တွန်းလှန်ဖယ်ရှား ရန်စွယ်များတည့်။
* ငါ့နိုင်ငံတော် ငါ့နိုင်ငံသား
သစ္စာထားလျက်
သားချင်းပေါင်းစု၊ ပြည်ထောင်စုတွက်
ပြည်သူ့သားကောင်း၊ ပီစေကြောင်းကို
နီမောင်းရဲစွေး၊ သတ္တိသွေးဖြင့်
ရေးထိုး သက်သေ ထူပါအံ့။
* သားကောင်း ဇာနည်၊ ဒို့စစ်သည်များ
ခံယူထားသည်
တရားသောစစ် နိုင်ရမည်။
* မိ ဖ နှင့်တူ၊ ဒို့ပြည်သူများ
ယုံကြည်ထားသည်
တရားသောစစ် အောင်ရမည်။
* “ရဲသော် မသေ သေသော် ငရဲမလား”
စွန့်စား ရဲရင့်၊ အောင်ပန်းဆင့်လျက်
လွှင့်တင် အောင်လံ စိုက်ထူစို့။ ။
မျိုးမြတ်မြတ်မြင့်မောင်
(တရားသောစစ်ကို ဆင်နွှဲနေသည့် ပြည်သူ့သားကောင်း များအား ဂုဏ်ပြုလျက်)