
ရန်ကုန် ဩဂုတ် ၈
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများ အပေါ် အလေးအနက် တန်ဖိုးထားသည့် အနေဖြင့် မည်သို့သော အခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာကောင်စစ် ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့က သက်ဆိုင်ရာ နိုင်ငံသံရုံးများနှင့် ချိတ်ဆက် ၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည် ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့သို့ သွားရောက် အလုပ်လုပ်ကိုင်စဉ် အခက် အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မအိအိထွန်းနှင့် မအိဇင်ထွန်းတို့ ညီအစ်မ နှစ်ဦးအား အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေး မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယူအေအီး နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ပေးမှုအရ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ မြန်မာနိုင်ငံ သူနှစ်ဦးသည် ဩဂုတ် ၇ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ဒူဘိုင်း- ရန်ကုန် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာ ခဲ့ပြီး ရန်ကုန်မြို့သို့ ည ၁၀ နာရီ ၁၀ မိနစ် တွင် ရောက်ရှိခဲ့သည်။
ယူအေအီးနိုင်ငံတွင် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော် အစိုးရအနေဖြင့် ပြည်ပ၌ အလုပ်လုပ်ကိုင် စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာ နိုင်ငံသားများကို မြန်မာကောင်စစ်ဝန်ချုပ် ရုံးနှင့် မြန်မာသံရုံးတို့၏ ညှိနှိုင်းကူညီ ဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့ အမိ နိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမား နှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာ သံရုံးတို့အား လှိုက်လှဲစွာ အထူးကျေးဇူး တင်လျက်ရှိကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)၊ ဓာတ်ပုံ-ကနူး