
ကမ်ပါလာ နိုဝင်ဘာ ၁၇
ယူဂန္ဓာမြို့တော်တွင် အသေခံဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ခြောက်ဦးထက်မနည်း သေဆုံးခဲ့ ပြီး ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရ စာရင်းထုတ်ပြန်ဖော်ပြ ချက်အရ သိရသည်။
လွှတ်တော်အဆောက်အအုံ အနီး လမ်းမပေါ်နှင့်ရဲစခန်းအနီး တွင် နိုဝင်ဘာ ၁၆ ရက်က ပေါက် ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဗုံးပေါက်ကွဲပြီးနောက် အဆိုပါ နေရာကို အစောင့်များ ချထား ကြောင်းသိရသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး နာရီ အတော်ကြာတွင် သမ္မတ ရိုဝီရီ မူဆဗီနီက ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး လုံခြုံ ရေး အေဂျင်စီများက ထပ်မံ ခြိမ်းခြောက်မှုများကို ကိုင်တွယ် ဖြေရှင်းလျက်ရှိကြောင်း လူထုကို အသိပေးပြောကြားခဲ့သည်။
အဆိုပါ ဖောက်ခွဲမှုကို အသေခံ ဗုံးဖောက်ခွဲရေးသမား နှစ်ဦးက ပြုလုပ်ခဲ့ပြီး သံသယရှိသည့် နောက်ထပ် ဗုံးဖောက်ခွဲသူတစ်ဦး ကို ဖမ်းဆီးရမိခဲ့ကြောင်း သမ္မတ က ပြောသည်။
ထို့အပြင် အဆိုပါ တိုက်ခိုက် မှုနှင့် ပတ်သက်ပြီး သမ္မတက ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ နှင့် အာဖရိကအလယ်ပိုင်းရှိ အိုင်အက်စ်အဖွဲ့ကို ပြစ်တင်ထား သည်။
အပြင်ဘက်က ဖောက်ခွဲရေး လုပ်ရန်လုပ်ငန်းများကို ကြံစည် နေသူများကိုလည်း ဖမ်းဆီး ရမိရေး အိမ်နီးချင်းနိုင်ငံများနှင့် ပူးတွဲ ဆောင်ရွက်နေကြောင်း သမ္မတက ပြောသည်။
ရဲဘက်ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ ဖရက်ဒ်အီနန်ဂါက အကြမ်း ဖက်စစ်ပွဲကို အောင်မြင်ရန်မှာ လုံခြုံရေးအေဂျင်စီများနှင့် ပြည်သူ များ၏ ပူးပေါင်းလုပ်ဆောင်မှုရှိရန် ပင်ဖြစ်ကြောင်း ပြောသည်။
အကြမ်းဖက် တိုက်ခိုက်မှု များကို ရှုတ်ချဆန့်ကျင်ကြောင်း အဖွဲ့အစည်းများက ဖော်ပြထား သည်။
ဆင်ဟွာ