
ကမ်ပါလာ နိုဝင်ဘာ ၂၁
ယူဂန္ဓာနိုင်ငံ၌ အရွယ်ရောက်ပြီးသည့် ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည် ဖြစ်ကြောင်း ယူဂန္ဓာအစိုးရအဖွဲ့က ယမန်နေ့တွင် ပြောသည်။
ကျန်းမာရေးဝန်ထမ်းများအပါအဝင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူအားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း ယူဂန္ဓာသမ္မတ ယိုဝီရီမူဆီဗီနီက ရုပ်သံလိုင်းတစ်ခုတွင် ပြောကြားသည်။
ကာကွယ်ဆေးအလုံးရေအများအပြားကို ဝယ်ယူ ခဲ့ပြီးနောက် အဆိုပါကာကွယ်ဆေးထိုးနှံမည့် အစီ အစဉ်ကို သမ္မတ ယိုဝီရီမူဆီဗီနီက ထုတ်ဖော်ပြော ကြားခြင်းဖြစ်သည်။
ထို့ပြင် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံပေးရန်နှင့်ပတ်သက်ပြီး အစိုးရအဖွဲ့က ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးအလုံးရေ ၁၅ သန်းကျော် လက်ခံရရှိပြီးဖြစ် ကြောင်းနှင့် ပြည်သူခြောက်သန်းအား ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
နိုင်ငံအတွင်း ရောဂါကူးစက်မှုစတင်ဖြစ်ပွားသည့် အချိန်မှစပြီး လက်ရှိအချိန်အထိ ရောဂါကူးစက်ခံရသူ ပေါင်း ၁၂၇၀၀၀ ရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၃၂၄၇ ဦးရှိသည်။ ရောဂါမှ ပြန်လည် ကျန်းမာလာသူပေါင်း ၉၇၀၀၀ ရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်