
ကမ်ပါလာ စက်တင်ဘာ ၇
ယူဂန္ဓာနိုင်ငံသည် စက်တင်ဘာ ၆ ရက်တွင် ကိုဗက်အစီအစဉ် မှတစ်ဆင့် မော်ဒါနာကာကွယ် ဆေး ၆၄၇၀၈၀ လက်ခံရရှိခဲ့ သည်။ အဆိုပါ ကာကွယ်ဆေးများ ဖြင့် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေးမှုကို တိုးချဲ့လုပ်ကိုင်နိုင် သည်။ ကာကွယ်ဆေးများကို အမေရိကန် ပြည်ထောင်စုထံမှ လက်ခံရရှိခဲ့ခြင်း ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ရုသ်အဆန့် က တွစ်တာပေါ်တွင် ဖော်ပြခဲ့ သည်။
ယခု လက်ခံရရှိခဲ့သည့် မော်ဒါနာ ကာကွယ်ဆေးများကို ကာကွယ်ဆေးတစ်ကြိမ်မှ မထိုး ရသေးသည့် ဦးစားပေးအသက် အုပ်စုများကို ထိုးနှံပေးမည်ဖြစ် သည်ဟု ကျန်းမာရေးဝန်ကြီးက ပြောသည်။ ယူဂန္ဓာနိုင်ငံသည် ဖိုက်ဇာကိုဗစ် - ၁၉ ကာကွယ်ဆေး ၁ ဒသမ ၆ သန်းကို ယခုလကုန် ပိုင်းတွင် လက်ခံရရှိမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် ပြုလုပ်နေသည့် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံ ပေးမှုအရ လူဦးရေတစ်သန်းကို အနည်းဆုံးတစ်ကြိမ် ကာကွယ် ဆေးထိုးပေးပြီး လူပေါင်း ၄၃၁၆၅၅ ဦးကို နှစ်ကြိမ် ကာကွယ်ဆေး ထိုးပေးပြီးဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ အချက်အလက်များအရ သိရ သည်။
အရှေ့အာဖရိက နိုင်ငံယူဂန္ဓာ တွင် လူဦးရေ ၂၂ သန်း သို့မဟုတ် လူဦးရေ၏ ထက်ဝက်နီးပါးကို ကာကွယ်ဆေးထိုးပေးရန် ရည် မှန်းထားသည်။ ဆင်ဟွာ