ယူရိုဗိုလ်လုပွဲတွင် ရှုံးနိမ့်ပြီးနောက် နည်းပြဆောက်ဂိတ် အင်္ဂလန်အသင်းနည်းပြအဖြစ်မှ နုတ်ထွက်

 

အင်္ဂလန်နည်းပြ    ဆောက်ဂိတ် သည် ယူရို ၂၀၂၄ ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲတွင် အင်္ဂလန်အသင်းက စပိန်အသင်းကို ရှုံးနိမ့်ပြီးနောက် နှစ်ရက်အကြာတွင်    အသင်း နည်းပြအဖြစ်မှ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အင်္ဂလန်      အသင်းသည် တနင်္ဂနွေနေ့က    ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ယှဉ်ပြိုင်ကစား ခဲ့သည့် ယူရို ၂၀၂၄ ပြိုင်ပွဲ ဗိုလ်လု  ပွဲတွင် စပိန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ အဆိုပါ ရှုံးနိမ့်မှုသည် ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲ တွင်   နှစ်ကြိမ်ဆက်     ရှုံးနိမ့်မှု လည်း ဖြစ်သည်။    အင်္ဂလန်အသင်း သည်  လွန်ခဲ့သည့်    သုံးနှစ်က ဝင်ဘလေကွင်း၌       ယှဉ်ပြိုင် ကစားခဲ့သည့် ဗိုလ်လုပွဲတွင်လည်းအီတလီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ထားသည်။
အသက် ၅၃ နှစ်အရွယ် နည်းပြဆောက်ဂိတ်သည် အင်္ဂလန်အသင်း ကို ရှစ်နှစ်အတွင်း ပွဲပေါင်း ၁၀၂ ပွဲ တာဝန်ယူကိုင်တွယ်ခဲ့သည်။ ၎င်း၏ စာချုပ်သက်တမ်းမှာ ယခုနှစ်နှောင်းပိုင်းတွင်  ကုန်ဆုံးမည်ဖြစ်သည်။ ဘောလုံးအဖွဲ့အမှုဆောင်ချုပ် မာ့ခ်ဘူးလင်ဂမ်က နည်းပြဆောက်ဂိတ်၏ နေရာကို အစားထိုးရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြောသည်။
အင်္ဂလန်အသင်းသည်  လာမည့်ပွဲစဉ်အဖြစ် စက်တင်ဘာ ၇ ရက် တွင် နေရှင်းလိဂ်ပြိုင်ပွဲ၌  အိုင်ယာလန်အသင်းနှင့် ယှဉ်ပြိုင်ကစားသွား မည်ဖြစ်သည်။
ဆောက်ဂိတ်သည်  အင်္ဂလန်အသင်းကို အဓိက ပြိုင်ပွဲကြီးလေးခု တွင် နည်းပြခွင့်ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားတွင် ဆီမီးဖိုင်နယ်နှင့် ၂၀၂၂ ခုနှစ်  ကမ္ဘာ့ဖလားတွင်  ကွာတားဖိုင်နယ်သို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။


အောင်ဇော်