ယူရိုပါလိဂ်အုပ်စုပွဲစဉ် (၃) တွင် မန်ယူ၊ အာဆင်နယ်၊ မိုနာကိုတို့ နိုင်ပွဲရ

 

ယူအီးအက်ဖ်အေ ယူရိုပါလိဂ်အုပ်စုပွဲစဉ် (၃) မှ ဆိုက်ပရပ်စ် ကလပ် အိုမိုနီးယားအသင်းနှင့် မန်ယူအသင်းတို့ပွဲစဉ်ကို ယမန်နေ့ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။ 

 


စီရော်နယ်ဒိုဦးဆောင်သည့် မန်ယူအသင်းတိုက်စစ်က ပထမပိုင်း တွင် လိုအပ်ချက်များစွာရှိခဲ့ပြီး ဒုတိယပိုင်း ရက်ဖို့ဒ်နှင့် မာရှယ်ဝင် ရောက်လာသည့်အခါမှ အသင်း၏ တိုက်စစ်ပိုင်းထက်မြက်ခဲ့ပြီး လို အပ်သည့် သွင်းဂိုးများ ရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် မန်ယူအသင်းက အိမ်ရှင်အိုမိုနီးယားအသင်းထက် ကစားပုံကောင်းမွန်ခဲ့ပြီး ဂိုးအသာ၊ ခြေအသာဖြင့် ကစားနိုင်ခဲ့သည်။ 

 


အိမ်ရှင်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၃၄ မိနစ်နှင့် ပွဲချိန် ၈၅ မိနစ်တွင် အန်ဆာရီဖာ့တ်နှင့် ပန်နေအို တော့က သွင်းယူပေးခဲ့ သည်။ မန်ယူအသင်းအတွက် သွင်းဂိုးများကို ရှက်ဖို့ဒ်နှင့် မာရှယ်က ၅၃ မိနစ်၊ ၆၃ မိနစ်နှင့် ၈၄ မိနစ်တို့တွင် သွင်းယူပေးနိုင်ခဲ့သည်။ 

 


မန်ယူအသင်းက ယခုအနိုင်ပွဲကြောင့် သုံးပွဲကစား နှစ်ပွဲနိုင် တစ်ပွဲ ရှုံး ရမှတ် ခြောက်မှတ်ဖြင့် အုပ်စု ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့ပြီး အိုမိုနီးယားအသင်းက သုံးပွဲကစား သုံးပွဲစလုံးရှုံးနိမ့်ထားသည့် အတွက် ရမှတ် မရရှိသေးပေ။ 

 


အခြားသော နာမည်ကြီး ပွဲစဉ်ရလဒ်များတွင် အာဆင်နယ်က ဘိုဒိုဂလင့်ကို သုံးဂိုးပြတ်၊ ဆိုစီဒက်က ရှီးရစ်ဖ်ကို နှစ်ဂိုးပြတ်၊ မိုနာကိုက ထရက်ဇန်စပေါကို     သုံးဂိုး-တစ်ဂိုးဖြင့်   အနိုင်ရရှိခဲ့ပြီး  ရိုးမားက  ဘက်တစ်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ 

မိုးဇက် - စုစည်းသည်