Jenesys U-17 Women's Football Memorial Cup ပြိုင်ပွဲ အဆင့် ၅ နေရာလုပွဲတွင် မြန်မာအသင်း အနိုင်ရရှိ

 

ရန်ကုန်   မတ်   ၂၁


Jenesys U-17 Women's Football Memorial Cup ပြိုင်ပွဲ  နောက်ဆုံးနေ့ကို မတ် ၂၁ ရက်က ဂျပန်နိုင်ငံ အိုကီနာဝါမြို့၌ ဆက်လက်ကျင်းပရာ     မြန်မာအသင်း နိုင်ပွဲရရှိပြီး  အဆင့် ၅ နေရာရရှိခဲ့သည်။ 

 


မြန်မာအသင်းသည် အဆင့် ၅ နေရာ လုပွဲအဖြစ်    ဂျပန်ကလပ်   အိုကီနာဝါ အသင်းနှင့်  ယှဉ်ပြိုင်ကစားရာ ၁၀ ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

 


မြန်မာအသင်းသည်    ခြေအသာဖြင့် ကစားကာ   ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းတွင်  ရှစ်ဂိုး၊   ဒုတိယပိုင်းတွင် နှစ်ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။   မြန်မာ အသင်းသည် အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု  ဒုတိယနေရာသာရခဲ့သဖြင့်   ဆီမီး ဖိုင်နယ်နှင့်လွဲချော်ခဲ့ပြီး         အခြားအဆင့် သတ်မှတ်ချက်    ပွဲစဉ်များသာ ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။ ပြိုင်ပွဲ အပြီးတွင်  အိမ်ရှင်ဂျပန်   ယူ - ၁၇ အသင်းက   ပထမ၊    ဗီယက်နမ် အသင်းက ဒုတိယ၊ ထိုင်းအသင်း က တတိယ၊  စင်ကာပူအသင်းက စတုတ္ထ၊ မြန်မာအသင်းက အဆင့် ၅၊ အိုကီနာဝါ (ဂျပန်) က  အဆင့် ၆၊     ကမ္ဘောဒီးယားအသင်းက အဆင့် ၇၊         လာအိုအသင်းက အဆင့် ၈၊   မလေးရှားအသင်းက အဆင့် ၉၊   ဖိလစ်ပိုင်အသင်းက အဆင့် ၁၀၊  အင်ဒိုနီးရှားအသင်းက အဆင့် ၁၁၊      တီမောအသင်းက အဆင့် ၁၂ နေရာရရှိခဲ့သည်။

 


Jenesys  U-17  Women's Football Memorial Cup  ပြိုင်ပွဲ ကို  မတ် ၁၆ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့ပြီး    အသင်းစုစုပေါင်း ၁၂   သင်း    ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည်။ 

 


ဝင်ရောက်ယှဉ်ပြိုင်


 ယင်းပြိုင်ပွဲတွင်   အရှေ့ တောင်အာရှနိုင်ငံ  ၁၁ နိုင်ငံအနက် ဘရူနိုင်းမှလွဲ၍  ကျန် ၁၀ သင်း၊ အိမ်ရှင် ဂျပန်နိုင်ငံမှ  ဂျပန် ယူ-၁၇ လက်ရွေးစင်အသင်းနှင့်    ဂျပန် ကလပ်အသင်း စုစုပေါင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 


ရဲရင့်လွင်
ဓာတ်ပုံ-MFF