ဇေယျာသီရိမြို့နယ်၌ မြေသယ်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၍ တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

 

နေပြည်တော် အောက်တိုဘာ  ၁၂


နေပြည်တော် ဇေယျာသီရိမြို့နယ် တွင် အောက်တိုဘာ ၁၀ ရက်က မြေသယ်ယာဉ်နှင့်     ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်  တိုက်မိ၍ အမျိုး သား   တစ်ဦး    သေဆုံးပြီး   နှစ်ဦး     ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ အောက်တိုဘာ ၁၀ ရက် ညနေ ၄ နာရီခွဲက ဇေယျာ သီရိမြို့နယ်   ဝဲကြီးကျေးရွာနှင့် ရုံးပင်ဇောင်း ကျေးရွာချင်းဆက် လမ်းပေါ်တွင်      ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း     သတင်းအရ ယာဉ်ထိန်း         ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွား ရောက်စစ်ဆေးခဲ့ရာ ရုံးပင်ဇောင်း ကျေးရွာဘက်မှ     ဝဲကြီးကျေးရွာ ဘက်သို့ ကံဦးကျေးရွာနေ ချမ်းမြေ့ အောင် (၂၇ နှစ်) မောင်းနှင်သော NPW-3  2G/. . . . .    LIFAN အနီရောင်      မြေသယ်ယာဉ်နှင့် မျက်နှာချင်းဆိုင်မှ ရွာသစ်ကြီး ကျေးရွာနေ တိုးတိုးအောင် (၁၈) နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဖိုးချစ် (ခ) အောင်ကျော်ဖြိုး (၁၆)နှစ်၊  မင်းမင်းလတ် (၁၉) နှစ်တို့ လိုက်ပါစီးနင်းလာသော NPW-77W/. . . . .   KENBO    အနက် ရောင် ဆိုင်ကယ်တို့သည်   အခင်း ဖြစ်နေရာ၌       မျက်နှာချင်းဆိုင် တိုက်မိပြီး     တိုးတိုးအောင်၊ ဖိုးချစ်     (ခ)     အောင်ကျော်ဖြိုး၊ မင်းမင်းလတ်   တို့တွင် ဒဏ်ရာ များ    အသီးသီး     ရရှိခဲ့သဖြင့် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံ ကြီးသို့ ဆေးဝါးကုသရန် ပို့ဆောင် စဉ် တိုးတိုးအောင်မှာ သေဆုံးသွား သောကြောင့် တိုးတိုးအောင်နှင့် ချမ်းမြေ့အောင်    တို့    နှစ်ဦးကို ရေဆင်း         နယ်မြေရဲစခန်းတွင်  အမှုဖွင့်  အရေးယူထားကြောင်း သတင်းရရှိသည်။      

ရဲပြန်ကြား