ဇန်နဝါရီတွင် ကာဗာနီကို ရီးရဲမက်ဒရစ်အသင်း ခေါ်ယူဖွယ်ရှိ

 

လာလီဂါနာမည်ကြီး     ရီးရဲမက်ဒရစ် အသင်းသည် မန်ယူအသင်းမှ ဥရုဂွေး တိုက်စစ်မှူး အီဒီဆင် ကာဗာနီကို ဇန်န ဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူ ရန်   စိတ်ဝင်စားနေကြောင်း   သတင်း များတွင် ဖော်ပြထားသည်။ 


ရီးရဲမက်ဒရစ်အသင်းသည် ကာဗာနီ ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ၌ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ချိန်ရွယ်ခဲ့ဖူးကြောင်း   သိရသည်။  သို့ သော်လည်း အသက် ၃၄ နှစ်အရွယ်ရှိ ကာဗာနီက ပရီမီယာလိဂ်ကလပ် မန်ယူ အသင်းသို့သာ  ပြောင်းရွှေ့ခဲ့ခြင်း  ဖြစ် သည်။ 


၎င်းသည် လာမည့်နွေရာသီ စာချုပ် သက်တမ်းကုန်ဆုံးသည့်အခါတွင် မန်ယူ အသင်းမှထွက်ခွာမည်ဟု ဝန်ခံပြောကြား ထားသော်လည်း အိုးထရက်ဖို့ဒ်သို့ စီရော် နယ်ဒိုရောက်ရှိလာပြီးနောက် ပုံမှန်ပွဲထွက် ခွင့်ပျောက်ဆုံးနေသည့် ကစားသမား တစ် ဦးဖြစ်သည်။ ဝါရင့်တိုက်စစ်မှူး ကာဗာ နီသည် ယခုနှစ်ရာသီ မန်ယူအသင်းတွင် ပုံမှန်ပွဲထွက်ကစားခွင့်    မရရှိသေးဘဲ ပရီမီယာလိဂ်တွင် လူစားဝင် ကစားသမား အဖြစ် နှစ်ကြိမ်သာ ပါဝင်ကစားထားပြီး စုစုပေါင်း ၄၆ မိနစ်သာ ကစားထားရ သေး သည်။ 


ရီးရဲမက်ဒရစ်နည်းပြ အန်ဆယ်လော့ တီသည် ယခုနှစ်ရာသီ ပွဲစဉ်အားလုံးကို ဘင်ဇီမာတစ်ဦးတည်းသာ     အားပြု ကစားရန် မဖြစ်နိုင်သည့်အတွက် အလှည့် ကျစနစ်ကို ကျင့်သုံးလိုနေပြီး ကာဗာနီ ကို ခေါ်ယူလိုနေခြင်း ဖြစ်သည်။ 
ကာဗာနီသည် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၄၂ ပွဲပါဝင်ကစားထားပြီး ၁၇ ဂိုး သွင်းယူပေးထားသည်။


ရီးရဲမက်ဒရစ်အသင်းသည် လာမည့် ၌ပွဲစဉ်အဖြစ် လာလီဂါပွဲစဉ်  (၈)  ကို အောက်တိုဘာ ၃ ရက်တွင် အက်စ်ပန်ညို အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ် သည်။ 

မိုးဇက် - စုစည်းသည်