
လန်ဒန် မေ ၃၀
ဇူလိုင်လ ၄ ရက်နေ့တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲမတိုင်မီ ဗြိတိန်ပါလီမန်ကို ဖျက်သိမ်း ခဲ့ပြီး သဘောထားစစ်တမ်းကောက်ယူမှုများအရ ၁၄ နှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် အစိုးရ အပြောင်းအလဲဖြစ်နိုင်သည်ဟု ဖော်ပြလျက်ရှိသည်။ လွန်ခဲ့သည့်သီတင်းပတ်အတွင်း ဗြိတိန်ဝန်ကြီးချုပ် ရစ်ရှီဆူနက်က အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်ကိုကြေညာခဲ့ပြီးနောက် ယခုလို ပါလီမန် ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
ပါလီမန် အမတ်နေရာ ၆၅၀ အတွက် မဲဆွယ် စည်းရုံးမှုများ ယခုအခါ အပြည့်အဝ စတင်နိုင်ပြီ ဖြစ်သည်။ နောက်ဆုံးကောက်ယူထားသည့် သဘော ထားစစ်တမ်းများအရ အတိုက်အခံလေဘာပါတီသည် ထောက်ခံမှု ၄၇ ရာခိုင်နှုန်းရရှိထားပြီး ဆူနက်၏ ကွန်ဆာဗေးတစ်ပါတီသည် ၂၀ ရာခိုင်နှုန်း ထောက်ခံမှုရရှိထားသည်။ ဆူနက်သည် ၎င်း၏ ပါတီထောက်ခံမှုရရှိရန်အတွက် မြောက်အိုင်ယာ လန်နှင့် ဝေလနယ်တို့တွင် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေပြီဖြစ်သည်။ လေဘာပါတီမှ ခေါင်းဆောင် ကီယာစတာမားသည်လည်း စကော့တလန်နှင့် အခြားသောနေရာများတွင် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေပြီဖြစ်သည်။
နိုင်ငံအတွင်း သဘောထားကွဲလွဲမှုများနှင့် ဖရိုဖရဲဖြစ်မှုများအတွက် ကွန်ဆာဗေးတစ် ခေါင်းဆောင်များကို စတာမားက ဝေဖန်ခဲ့သည်။ ပါတီနှစ်ခုစလုံးမှ ခေါင်းဆောင်များသည် ဇွန် ၄ ရက်တွင် ရုပ်မြင်သံကြားမှ စကားစစ်ထိုးပွဲ ပြုလုပ် မည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ