“ကာကွယ်ဆေး မထိုးထားသူဟာ ဗီဇပြောင်းပိုးတွေ ပေါက်ဖွားဖို့ စက်ရုံကြီးသဖွယ် ဖြစ်ပါတယ်လို့ ပညာရှင်တွေက ပြောထားပါတယ်”

 

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်

 

ထက်လျှံ

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၁၁ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက် ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
 

အစီအစဉ်မှူး    ။    ။    နိုင်ငံတစ်ဝန်း 
            ကိုဗစ် - ၁၉ တတိယလှိုင်း         ဖြစ်ပွားနေတာနဲ့   ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန      ပြည်သူ့ကျန်းမာရေးဦးစီးဌာန       ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနဲ့  တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉    ရောဂါ      ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အရေးပါတဲ့  ကာကွယ်ဆေးထိုး    လုပ်ငန်းစဉ်တွေမှာ အစိုးရနဲ့     ပုဂ္ဂလိက    အခန်းကဏ္ဍရဲ့ ဟန်ချက်ညီညီ   ပူးပေါင်းပါဝင်    ဆောင် ရွက်နေမှုတွေကို ပြောပြပေးပါဦး။
ဒေါက်တာခင်ခင်ကြီး    ။    ။    ကိုဗစ် - ၁၉ 
            ရောဂါပိုးက  ကမ္ဘာပေါ်မှာ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှု က မြင့်တက်နေဆဲဖြစ်ပါတယ်။ ဒီနေ့ရရှိ တဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ဒေတာ အရ ရောဂါဖြစ်ပွားသူ ၂၀၂ သန်းကျော်နဲ့  သေဆုံးသူ ၄ ဒသမ ၃ သန်းနီးပါးရှိပါတယ်။ ကမ္ဘာပေါ်မှာ     ရောဂါဖြစ်ပွားမှုတွေနဲ့ သေဆုံးမှုတွေက    မြင့်တက်နေတယ် ဆိုတာကို သိစေချင်ပါတယ်။
ဒီလိုရောဂါ ကူးစက်ဖြစ်ပွားမှုတွေကို  အမြန်ဆုံး          ထိန်းချုပ်နိုင်ဖို့အတွက် ကာကွယ်ဆေးထိုးခြင်းက အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။  ဒီနေရာ မှာ     ကာကွယ်ဆေး     ထိုးခြင်းဖြင့်သာ ကိုဗစ်- ၁၉  ရောဂါကို    ထိန်းချုပ်နိုင်တယ် လို့ဆိုလိုတာ မဟုတ်ပါဘူး။ ကာကွယ် ဆေးထိုးခြင်းနဲ့အတူ   ကိုဗစ်ရောဂါဆိုင်ရာ လိုက်နာရမယ့်     စည်းကမ်းချက်တွေ ဖြစ်တဲ့ Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ လူအုပ်စုတွေကို  ရှောင်ကြဉ်ခြင်း၊ တစ်ဦး နှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ ချောင်းဆိုး နှာချေတဲ့အခါ      ဖုံးအုပ်၍   ဆိုးခြင်း၊ လေကောင်းလေသန့်ရတဲ့      နေရာမှာ နေထိုင်ခြင်း ဒါတွေက ကိုဗစ်ကာကွယ် ဆေး    ထိုးခြင်းကဲ့သို့   အရေးပါတယ် ဆိုတာကို သိစေချင်ပါတယ်။
နိုင်ငံတိုင်းက ကာကွယ်ဆေးတွေကို  အမြန်ဆုံးရရှိပြီး      မိမိနိုင်ငံသားတွေ ထိုးနှံနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစား နေပါတယ်။  သို့သော်  လက်ရှိကမ္ဘာရဲ့ ရောဂါ   ဖြစ်ပွားမှုတွေ၊    ကူးစက်မှုတွေ၊ သေဆုံးမှုတွေနဲ့     ကာကွယ်ဆေးထိုးနှံ နိုင်မှုတွေကိုကြည့်ရင်    ကာကွယ်ဆေး ထိုးနှံနိုင်မှု   နည်းနေတာကို   တွေ့ရပါ တယ်။  ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံ  ၁၀  နိုင်ငံ  လောက်ကပဲ    ကာကွယ်ဆေးကို    ၅၀ ရာခိုင်နှုန်းနဲ့အထက်      ထိုးနှံနိုင်တာကို တွေ့ရပါတယ်။ ဖွံ့ဖြိုးဖို့လိုအပ်တဲ့ နိုင်ငံ တွေအနေနဲ့    ကာကွယ်ဆေးထိုးနှံမှုက ၁  ဒသမ  ၁  ရာခိုင်နှုန်းသာ ရှိပါတယ်။ ဒီ ၁ ဒသမ ၁ ရာခိုင်နှုန်းသည် ကာကွယ် ဆေး အကြိမ်ပြည့်ထိုးနှံပြီးတာ မဟုတ် ပါဘူး၊   ကာကွယ်ဆေး   တစ်ကြိမ်သာ ထိုးနှံပြီးတဲ့အရေအတွက် ဖြစ်ပါတယ်။
လက်ရှိကမ္ဘာပေါ်မှာ ကမ္ဘာ့လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းက ကိုဗစ်ရောဂါ ကာကွယ် ဆေးတစ်ကြိမ်     ထိုးနှံပြီးဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းကျော်က  ကာကွယ်ဆေးအကြိမ်ပြည့်   နှစ်ကြိမ် ထိုးနှံပြီးဖြစ်ပါတယ်။    ကာကွယ်ဆေး ထိုးနှံပြီးမှုအနေနဲ့ ၄ ဒသမ ၄ ဘီလီယံ ဆိုတဲ့အတွက် သန်း ၄၄၀၀ ကို ကာကွယ် ဆေးတွေထိုးပြီးပြီ ဖြစ်ပါတယ်။ ကမ္ဘာ ပေါ်မှာ   နေ့စဉ်   ကာကွယ်ဆေးထိုးနှံမှု အနေနဲ့ လူသန်း ၄၀ ထိုးနေပါတယ်။
နိုင်ငံတိုင်းက  မိမိတို့နိုင်ငံသားတွေ အတွက် ကာကွယ်ဆေး ထိုးနှံပေးနိုင်ဖို့  ဘက်ပေါင်းစုံကနေ  ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံမှာလည်း    နိုင်ငံတော်အစိုးရ အနေနဲ့ ကာကွယ်ဆေးတွေ အမြန်ဆုံး ထိုးနှံနိုင်ဖို့အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ကနေ အရေးပေါ်အသုံးပြု ခွင့်ပေးထားတဲ့ ကာကွယ်ဆေးတွေကို မှာယူပြီး ပြည်သူတွေကို ထိုးနှံပေးလျက် ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကာကွယ်ဆေး  အတော်များများ  ရောက်ရှိနေပြီ  ဖြစ်ပါ တယ်။ ဩဂုတ် ၈ ရက်မှာ မြန်မာနိုင်ငံက ဝယ်ယူထားတဲ့ ကာကွယ်ဆေး ၄ သန်း အနက်    Sinovac    ကာကွယ်ဆေး တစ်သန်း ထပ်မံရောက်ရှိလာတဲ့အတွက်  Sinovac   ကာကွယ်ဆေး   စုစုပေါင်း နှစ်သန်းရောက်ရှိနေပြီ     ဖြစ်ပါတယ်။ ဒါ့အပြင်   တရုတ်ပြည်သူ့သမ္မတနိုင်ငံ        ကနေ လှူဒါန်းထားတဲ့  Sinopharm (Beijing)   ကာကွယ်ဆေး  နှစ်သန်း ရောက်ရှိပြီး ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ မှာ ကာကွယ်ဆေး  ၄ သန်း  လက်ဝယ် ရရှိပြီးဖြစ်ပါတယ်။
ဩဂုတ်လအတွင်းမှာ   နောက်ထပ် မြန်မာနိုင်ငံက   ဝယ်ယူထားတဲ့  Sino-pharm   (Beijing)     ကာကွယ်ဆေး နှစ်သန်း ထပ်မံရောက်ရှိမှာ ဖြစ်ပါတယ်။  ဒါကြောင့်   ပြည်သူတွေကို   ထိုးနှံပေးဖို့ အတွက် ကိုဗစ်ကာကွယ်ဆေး ၆ သန်း ရရှိမှာဖြစ်ပါတယ်။       ကာကွယ်ဆေး ၆ သန်းဖြစ်တဲ့အတွက် လူဦးရေ ၃ သန်း ကို   ထိုးနှံပေးမှာ   ဖြစ်ပါတယ်။ လက်ရှိ ရောက်ရှိနေတဲ့ ကာကွယ်ဆေးတွေကို  ပထမအကြိမ်အဖြစ် လူဦးရေ ၃ သန်းကို ထိုးနှံပေးမှာ    ဖြစ်ပါတယ်။       ဒီလို ကာကွယ်ဆေး ထိုးနှံပေးတဲ့အခါ ရောဂါ ကူးစက်လွယ်ပြီး      ရောဂါဖြစ်ပွားရင် သေဆုံးနိုင်တဲ့ အုပ်စုတွေကို ဦးစားပေး ထိုးနှံပေးမှာ  ဖြစ်ပါတယ်။   ဒီလိုထိုးနှံ ပေးတဲ့အတွက်   ကိုဗစ်ရောဂါ   ဖြစ်ပွား၊ သေဆုံးမှုတွေကို အတိုင်းအတာတစ်ခု အထိ လျော့ကျစေမှာ သေချာပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး  စတင်ထိုးနှံတဲ့  ဇန်နဝါရီလ  ၂၇  ရက်မှ စတင်ပြီး     ဇူလိုင်လ   ၂၁   ရက်အထိ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီး တဲ့ လူဦးရေသည် ၁ ဒသမ ၈ သန်းကျော် ရှိပါတယ်။   ရည်မှန်းလူဦးရေ   အသက် ၁၈ နှင့်အထက်ရဲ့  ၆  ရာခိုင်နှုန်းကျော်  ၆ ဒသမ ၀၈ ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ပါ တယ်။ လက်ရှိမှာ တစ်နေ့ကို ကာကွယ် ဆေး   ပျမ်းမျှတစ်သိန်းခွဲ       ဝန်းကျင် ထိုးနှံပေးနေတာ ဖြစ်တဲ့အတွက်ကြောင့် ကာကွယ်ဆေး ၃ သန်းသည် ရက်၂၀၊ တစ်လအတွင်းမှာ ထိုးနှံပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။      ယခုလက်ရှိမှာ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာ ထိုးနှံပေးလျက် ရှိပါတယ်။
ဒီလိုကာကွယ်ဆေး     ထိုးနှံပေးတဲ့ အခါမှာ ကာကွယ်ဆေးထိုးနှံပေးရမယ့်  ဦးစားပေးအုပ်စုထဲမှာ ပါဝင်တဲ့သူတွေက ကာကွယ်ဆေးထိုးနှံနိုင်မယ့် အခွင့်အရေး ကို   လက်မလွှတ်တမ်း   ဖမ်းဆုပ်နိုင်ဖို့ လိုအပ်ပါတယ်။    နိုင်ငံတော်အစိုးရက ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနှံပေးနေ သလို    တစ်ဖက်ကလည်း    ပြည်သူတွေ အနေနဲ့    ပူးပေါင်းပါဝင်ဖို့   လိုပါတယ်။ ဒီနေရာမှာ     ပြည်သူထဲမှာ   ပါဝင်တဲ့  ဆေးဝါးတင်သွင်း ဖြန့်ဖြူးတဲ့သူတွေဟာ  ပုဂ္ဂလိကကဏ္ဍအနေနဲ့   အရည်အသွေး ပြည့်မီတဲ့          ကာကွယ်ဆေးတွေကို တင်သွင်းဖြန့်ဖြူးကာ  ပြည်သူတွေကို ထိုးနှံပေးခြင်းဖြင့် ပါဝင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။   ဒါမှသာ    ကာကွယ်ဆေး လွှမ်းခြုံမှု   ပိုမိုရရှိပြီး   ကိုဗစ်ရောဂါကို  အမြန်ဆုံး  ကာကွယ်၊  ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
အစီအစဉ်မှူး    ။    ။    ယခုကာကွယ်ဆေး 
            တွေကို    ဦးစားပေး အုပ်စုအလိုက် ထိုးနှံပေးနေမှုမှာ မပါဝင် သူတွေကို ပုဂ္ဂလိကကဏ္ဍကနေ ဘယ်လို မျိုး ပူးပေါင်းပါဝင်ဆောင်ရွက်လို့ရတယ် ဆိုတာ ပြောကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး    ။    ။    လက်ရှိမှာ 
            ကာကွယ် ဆေးတွေကို ဘယ်လိုလူတွေကို ဦးစား ပေး ထိုးနှံပေးနေတယ်ဆိုတာ အရင်ဆုံး ဆွေးနွေးလိုပါတယ်။   ဘယ်သူတွေလဲ ဆိုတော့   အသက်   ၆၅  နှစ်   အထက် ဘိုးဘွားတွေ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ရောဂါဖြစ်ရင် အလွန်ပြင်းထန်စွာ ခံစား ရနိုင်ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်နိုင် ပါတယ်။
သူတို့ဟာ Senior Citizen လို့ခေါ်တဲ့ လူ့အဖိုးတန်တွေ ဖြစ်ပါတယ်။ ပြည်သူ ပြည်သား တစ်ယောက်စီတိုင်းရဲ့ တန်ဖိုး ဖြတ်လို့မရတဲ့ မိဘတွေ၊ အဘိုးအဘွားတွေ  ဖြစ်တဲ့အတွက်ကြောင့် သူတို့က ပထမ ဦးစားပေးဖြစ်ပါတယ်။ လက်ရှိမှာလည်း  အသက် ၆၅ နှစ်အထက်ကို ကာကွယ် ဆေးထိုးနှံပေးလျက်ရှိပါတယ်။     ၂၀၁၄ ခုနှစ်    သန်းခေါင်စာရင်းအရ    အသက် ၆၅  နှစ်အထက်  လူဦးရေက  ၂ ဒသမ ၈ သန်း  ရှိပါတယ်။ လူဦးရေ ၂ ဒသမ ၈ သန်းထဲမှာ ပထမအကြိမ် ကိုဗစ်ကာကွယ် ဆေးထိုးနှံပေးစဉ်က ၀ ဒသမ ၈ သန်းက ပြီးစီးသွားပြီ ဖြစ်တဲ့အတွက် လက်ရှိမှာ  ကျန်တဲ့ ၂ သန်းကို ဦးစားပေးထိုးနှံပေးဖို့  ရည်မှန်းထားပါတယ်။
ဒုတိယအနေနဲ့ ကျန်းမာရေးဝန်ထမ်း တွေ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်ပါတယ်။ ဒါက အားလုံးသိတဲ့အတိုင်း ပါပဲ၊  ပြည်သူကို ကျန်းမာအောင် စောင့် ရှောက်ပေးမယ့်   ကျန်းမာရေးဝန်ထမ်း တွေကိုယ်တိုင် ရောဂါပိုးအန္တရာယ်ကနေ ကာကွယ်နိုင်ပြီးသားဖြစ်မှသာ     သူတို့ အနေနဲ့ အင်ပြည့်အားပြည့်နဲ့ ပြည်သူကိုစောင့်ရှောက်ပေးနိုင်မှာ    ဖြစ်ပါတယ်။ ဒါကြောင့်    သူတို့ကို   ဒုတိယဦးစားပေး အနေနဲ့ ထည့်သွင်းပြီး တစ်ပြိုက်နက် တည်း ကာကွယ်ဆေး ထိုးနှံပေးပါတယ်။
နောက် စေတနာ့ဝန်ထမ်းတွေ ဖြစ်ပါ တယ်။  စေတနာ့ဝန်ထမ်းတွေက  အလွန် လေးစားဖွယ်   ကောင်းပါတယ်။   သူတို့ တွေရဲ့ ပါဝင်ဆောင်ရွက်မှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေက အံ့ဩလောက်ဖွယ် ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကိုကာကွယ် ဆေးထိုးနှံမယ့်   စာရင်းထဲမှာထည့်ပြီး ဦးစားပေး ထိုးနှံနေပါတယ်။
နောက်တစ်ခုက ဘိုးဘွားရိပ်သာတွေ ဖြစ်ပါတယ်။    ဘိုးဘွားရိပ်သာမှာရှိတဲ့ ဘိုးဘွားတွေအနေနဲ့    အသက်အရွယ် ကြီးပြီး သူများတွေနဲ့မတူဘဲ အစုလိုက်၊ အပြုံလိုက်        နေထိုင်ရတဲ့အတွက် တစ်ယောက်ဖြစ်ရင် နောက်တစ်ယောက် က    ကူးစက်ပြန့်ပွား   လွယ်ပါတယ်။   ဒါကြောင့် ဘိုးဘွားရိပ်သာမှာ နေထိုင် ကြတဲ့ ဘိုးဘွားတွေနဲ့ ဘိုးဘွားတွေကို    စောင့်ရှောက်မှုပေးနေတဲ့ ဝန်ထမ်းတွေ ကို   ကာကွယ်ဆေး   ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
နောက်    သာသနာ့ဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေ   ဖြစ်ပါတယ်။    နိုင်ငံ တစ်ခုရဲ့ ယန္တရားကြီး ပုံမှန်လည်ပတ် နိုင်ဖို့အတွက်     နိုင်ငံ့ဝန်ထမ်းတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုက  အထူး အရေးပါပြီး အရေးကြီးပါတယ်။ သူတို့ တွေက နိုင်ငံတိုင်းရဲ့ Skeleton Staff လို့ ခေါ်တဲ့ အခြေခံကျတဲ့ ဝန်ထမ်းတွေဖြစ် တဲ့အတွက်ကြောင့် သူတို့ကို ထိုးနှံပေးမှာ ဖြစ်ပါတယ်။      


နောက်ပြီး ပုဂ္ဂလိက ဘဏ်ဝန်ထမ်း တွေဖြစ်ပါတယ်။   သူတို့တွေကလည်း အလွန်အရေး ပါပါတယ်။ ရုံးပိတ်ရက် ရှည်ကာလမှာ  သူတို့တွေက  ပိတ်ရက် မယူဘဲ      လုပ်ငန်းတာဝန်ထမ်းဆောင် နေတဲ့   ဝန်ထမ်းတွေ      ဖြစ်ပါတယ်။  ဒါ့အပြင် ပုဂ္ဂလိက အလုပ်ရုံ၊ စက်ရုံတွေက  ဝန်ထမ်းတွေ၊ ဟိုတယ်နဲ့ တည်းခိုခန်းတွေ က ဝန်ထမ်းတွေ၊ အကျဉ်းထောင်တွေ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး  ဝန်ထမ်း တွေ၊ စူပါမားကတ်နဲ့ ဈေးတွေကဝန်ထမ်း တွေ ဒါတွေက ဦးစားပေးအုပ်စု ဖြစ်ပါ တယ်။ 
ဒီနေရာမှာ   ဦးစားပေးအုပ်စုတွေ  သတ်မှတ်ထားတဲ့အတွက် မိသားစုဝင် တွေက  ကာကွယ်ဆေး  ထိုးနှံပေးမယ့် ဦးစားပေးအုပ်စုအစီအစဉ် တစ်ခုမဟုတ် တစ်ခုမှာ   ပါဝင်ထိုးနှံခွင့်ရရှိမှာ   ဖြစ်ပါ တယ်။ သို့သော် နိုင်ငံ့လူဦးရေက ၅၅ သန်း ရှိပြီး အသက် ၁၈ နှစ် အထက်က ၃ ဒသမ ၃ သန်းကျော်ရှိတဲ့အတွက် ကာကွယ် ဆေးတွေရရှိမှု၊   ထိုးနှံနိုင်မှုက   အချိန် တိုတိုအတွင်း အားလုံးကို ခြုံငုံမိဖို့ဆိုတာ  မလွယ်ပါဘူး။    ဦးစားပေးအုပ်စုထဲမှာ မပါဝင်တဲ့    ပြည်သူလူထုတွေကိုလည်း ထိုးနှံပေးနိုင်ဖို့က အရေးကြီးပါတယ်။ 
အချို့တွေက အသင့်အတင့်တတ်နိုင် ပါတယ်။ ရာသီတုပ်ကွေးကာကွယ်ဆေး တွေ၊  ကလေးတွေအတွက်  လိုအပ်တဲ့ ကာကွယ်ဆေးတွေကိုလည်း ထိုးနှံနေကြ ပါတယ်။   အချို့အလယ်အလတ်အဆင့် လူတွေလည်း ထိုးနှံချင်တယ်။ နိုင်ငံတော် အစိုးရက  ထိုးနှံပေးတာကို  စောင့်ရင် အချိန်ကြာမယ်၊ မစောင့်ချင်တော့ဘူး။ ဒီကြားထဲမှာ ရောဂါကူးစက်မှာ စိုးရိမ် တယ်။         သူတို့တွေအတွက်လည်း ကာကွယ်ဆေးတွေ     အမြန်ဆုံးရရှိဖို့၊ အချို့တွေက  အသက်  ၁၈  နှစ်ကျော်၊ လူလတ်ပိုင်းတွေ၊    လူငယ်တွေဖြစ်တဲ့ အတွက်  ကာကွယ်ဆေးရရှိဖို့က အချိန် စောင့်ရဦးမှာ ဖြစ်ပါတယ်။ 
ဒီအခါမှာ    သူတို့အနေနဲ့   မြန်မြန် ဆန်ဆန်ထိုးနှံချင်တယ်၊   မိသားစုလိုက် ထိုးနှံချင်တယ်။ အစုအဖွဲ့လိုက် ထိုးနှံချင် တယ်။    ဘယ်ကာကွယ်ဆေးထိုးမလဲ ကာကွယ်ဆေးတွေကို   ရွေးချယ်ချင် တယ်။ ဒီလိုမျိုးတွေရနိုင်ဖို့က ပုဂ္ဂလိက အခန်းကဏ္ဍရဲ့     ကာကွယ်ဆေးတွေ တင်သွင်းဖြန့်ချိမှုက အရေးပါလာပါတယ်။     ပြည်သူတွေ   ကာကွယ်ဆေးအမြန်ဆုံး လွှမ်းခြုံမှုရရှိဖို့ကလည်း ရောဂါကာကွယ်၊  ထိန်းချုပ်ရေးမှာ        အရေးပါပါတယ်။ ဒါကြောင့် ဦးတည်အုပ်စုထဲမှာ မပါဝင်တဲ့   ပြည်သူလူထုကို  ကာကွယ်ဆေးထိုးနှံ နိုင်ဖို့အတွက်    ပုဂ္ဂလိက   ကဏ္ဍကနေ ကာကွယ်ဆေးတင်သွင်း     ဖြန့်ချိနိုင်ဖို့ ဆိုတာ အရေးကြီးပါတယ်။ 
လက်ရှိအချိန်မှာ မိမိတို့အနေနဲ့ Risk နဲ့   Benefit   ကို     ချင့်ချိန်ရပါတယ်။ အန္တရာယ်  အရှိနိုင်ဆုံး၊  ထိုးရင်  အကျိုး အာနိသင်အရနိုင်ဆုံး၊ ဖြစ်ပွားသေဆုံးမှု အများဆုံးဖြစ်နိုင်တဲ့    လူအုပ်စုတွေကို ဦးစားပေးပြီး   ရွေးချယ်ရတယ်ဆိုတာ နားလည်ပေးစေချင်ပါတယ်။    ကျန်တဲ့ သူတွေအနေနဲ့     အမြန်ဆုံးထိုးနှံနိုင်ဖို့ နိုင်ငံတော်အစိုးရပိုင်းက စီစဉ်နေသလို ပုဂ္ဂလိကကဏ္ဍကိုလည်း    ကာကွယ်ဆေး တင်သွင်း ဖြန့်ချိခွင့်ကို ပေးထားပြီးဖြစ် ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ  ၁၁ ရက်မှာ  နိုင်ငံတော်အကြီးအကဲက ကာကွယ်ဆေး တင်သွင်းဖြန့်ချိဖို့ ခွင့်ပြု တယ်လို့        ပြောထားပြီးဖြစ်သလို သတင်းစာကလည်း ကြေညာပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန    အင်တာနက် စာမျက်နှာကလည်း  ကြေညာထားပြီး ဖြစ်ပါတယ်။ 
အစီအစဉ်မှူး    ။    ။    ပုဂ္ဂလိက     အခန်း 
            ကဏ္ဍက ကာကွယ် ဆေးတွေ    တင်သွင်းဖြန့်ချိမယ်ဆိုရင် ဘယ်လိုအချက်တွေကို      လိုက်နာ ဆောင်ရွက်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ပြောကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး    ။    ။     ပုဂ္ဂလိက 
                 အ    ခန်း ကဏ္ဍက ကာကွယ်ဆေးတွေ တင်သွင်း ဖြန့်ချိတဲ့အခါ  စနစ်တကျရှိစေဖို့ လမ်းညွှန် ချက်တွေ          ရှိထားပြီးဖြစ်ပါတယ်။ ကာကွယ်ဆေးတွေကို တင်သွင်းဖြန့်ချိ တာ၊ ထိုးနှံတဲ့အခါ ဘေးအန္တရာယ်ကင်းရှင်း စေဖို့၊  အာနိသင်ရှိစေဖို့၊ ကာကွယ်ဆေး တွေရဲ့   ထိရောက်မှု   ပိုမိုကောင်းမွန်စေဖို့    ရည်ရွယ်တဲ့အနေနဲ့    လမ်းညွှန်ချက် တွေကို      ထုတ်ပြန်တာ    ဖြစ်ပါတယ်။        ကာကွယ်ဆေးတွေ    တင်သွင်းဖြန့်ချိဖို့ ဆောင်ရွက်မယ်ဆိုရင်  အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သတ်မှတ် ထားတဲ့အချက်တွေကို သိရှိဖို့လိုအပ် ပါတယ်။
နံပါတ်   (၁)   တင်သွင်းဖြန့်ချိသူရဲ့ လျှောက်လွှာလိုပါတယ်။   နံပါတ်    (၂) NRA/FDA က ကာကွယ်ဆေးကို အသုံးပြု ခွင့်ပေးတယ်ဆိုတဲ့ စာလိုပါတယ်။ နံပါတ်  (၃) တင်သွင်းမယ့် ကုမ္ပဏီအကြောင်း၊ ကာကွယ်ဆေးထုတ်လုပ်တဲ့သူရဲ့ GNP Certificate တွေ လိုပါတယ်။ နံပါတ် (၄) ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ တင်သွင်း မယ့် ထုတ်ကုန်ရဲ့ အချက်အလက်အကျဉ်း လိုပါတယ်။ နံပါတ် (၅) ကာကွယ်ဆေး တစ်ခုက ဘယ် Batch နဲ့ထုတ်တာလဲ၊  Lot နံပါတ်ဘယ်လောက်လဲ ဒါကိုသိခြင်း ဖြင့် ကာကွယ်ဆေးထိုးပြီး နောက်ဆက် တွဲဖြစ်ရပ်တွေ   ဖြစ်လာပြီဆိုရင်    ဒါနဲ့ ဆက်ပြီး     ခြေရာခံလိုက်စုံစမ်းရတာ ဖြစ်တဲ့အတွက် ဒါက အရေးကြီးပါတယ်။ 
နံပါတ် (၆)  Clinical Trial လူမှာ စမ်းသပ်လုပ်ဆောင်ထားတယ်၊     ဒါနဲ့ ပတ်သက်တဲ့ အချက်အလက်မှတ်တမ်း တွေ ထည့်ပေးရမှာဖြစ်ပါတယ်။ နံပါတ်  (၇) ကာကွယ်ဆေးတွေပို့တဲ့ ကွန်တိန်နာ ပေါ်မှာ      ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ အချက်အလက်ကို   ကတ်နဲ့    Label ဘယ်လို တပ်မယ်ဆိုတာကို ပြောရမှာ ဖြစ်ပါတယ်။ နံပါတ် (၈) ကာကွယ်ဆေး သိုလှောင်တဲ့ကိစ္စ၊ ကာကွယ်ဆေးဖြန့်ဖြူး တဲ့   ကိစ္စတွေမှာ   ဘယ်လိုအစီအစဉ်နဲ့ လုပ်ထားတယ်ဆိုတာ ပြောရမှာ ဖြစ်ပါ တယ်။ 
ကာကွယ်ဆေးက    လူ့အသက်နဲ့ ဆိုင်တဲ့ကိစ္စတွေဖြစ်တဲ့အတွက်  အလွန် အရေးကြီးပါတယ်။    အစားအသောက် တောင်   အပူအအေးအပေါ်  မူတည်ပြီး  စားသုံးသူလက်ဝယ်အရောက် ပို့ဆောင်  ရတာဖြစ်ပါတယ်။    အစားအသောက် ထက် အဆပေါင်းများစွာ အရေးကြီးတဲ့  လူ့အသက်နဲ့ဆိုင်တဲ့၊     ရောဂါတွေကို ကာကွယ်ပေးနိုင်စွမ်းရှိတဲ့ ကာကွယ်ဆေး တွေကို    ပေါ့ပေါ့ဆဆ      သိုလှောင်လို့၊ ပို့ဆောင်လို့၊ ထိုးနှံလို့ မရပါဘူး။ 
ကာကွယ်ဆေးတွေကို အသက် ၁၈ နှစ်အထက်တွေ ထိုးနှံရမယ်။ ကလေး တွေ   ထိုးလို့မရပါဘူး။   ဆိုရှယ်မီဒီယာ တွေမှာ တွေ့ရပါတယ်။ ကာကွယ်ဆေး တွေကို ရေခဲပုံးလိုမျိုးမှာထည့်ပြီး သာမန် ပစ္စည်းရောင်းချသလို ရောင်းချနေတယ်။  ဘယ်လိုထိုးရမှာလဲဆိုရင် တစ်ယောက် ကို ၁၀ ကြိမ် ဆိုပြီး ပြောဆိုနေတာတွေ  ရှိပါတယ်။ ပြည်သူလူထုအတွက် အလွန် စိုးရိမ်မိပါတယ်။      ကာကွယ်ဆေးက သူ့ရဲ့       အအေးလမ်းကြောင်းစနစ်ကို သေသေချာချာ    ထိန်းသိမ်းနိုင်မှသာ သတ်မှတ်ထားတဲ့အတိုင်း အာနိသင်ရှိမှာ ဖြစ်ပါတယ်။ အန္တရာယ်ကင်းမှာဖြစ်ပါ တယ်။ ဒါမှသာ ကာကွယ်ဆေးရဲ့ စိတ်ချ ရမှု၊ ဘေးကင်းလုံခြုံမှုက အပြည့်အဝရှိမှာ ဖြစ်ပါတယ်။ 
ဒီနေရာမှာ   အလွန်အရေးကြီးတဲ့ ကာကွယ်ဆေးတွေကို      ရေခဲချောင်း ရောင်းသလို ရောင်းလို့မရပါဘူး။ အလွန် အန္တရာယ်များပါတယ်။     မလိုအပ်ဘဲ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်နိုင်ပါ တယ်။    ကာကွယ်ဆေးကို     အအေး လမ်းကြောင်းတွေနဲ့ စနစ်တကျထားသို ဖို့လိုအပ်သလို   ထိုးနှံရမယ့်    အသက် အရွယ်၊  နောက်ခံရောဂါ  အခြေအနေ၊ လက်ရှိခံစားနေရတဲ့ ရောဂါလက္ခဏာ၊ ကိုဗစ်-၁၉   ဖြစ်နေသလား၊    ရောဂါ လက္ခဏာတွေ ပေါ်နေသလား စသဖြင့် ဒီလိုအချက်တွေပေါ် မူတည်ပြီးကျွမ်းကျင် တဲ့  လူတွေက  စိတ်ချရမှ ကာကွယ်ဆေး ထိုးနှံပေးပါတယ်။ 
ထိုးနှံတဲ့အခါမှာလည်း   ကာကွယ် ဆေးနဲ့ပတ်သက်လို့ လေ့ကျင့်ပြီးသား လူက    ထိုးနှံပေးရတာ    ဖြစ်ပါတယ်။ အသားထဲရောက်ရင်ပြီးရော ထိုးလို့မရ ပါဘူး။ တချို့ကာကွယ်ဆေးက အသားထဲ ထိုးနှံရတာရှိတယ်။ အချို့ကာကွယ်ဆေး တွေက အရေပြားအောက်ကို ထိုးနှံရတာ  ရှိတယ်။     အချို့ကာကွယ်ဆေးတွေက အရေပြားထဲကို  ထိုးရတာ  ရှိပါတယ်။ သို့သော် ကိုဗစ် - ၁၉ ကာကွယ်ဆေးက  အသားထဲကို ထိုးနှံရတာဖြစ်ပါတယ်။ 
ကာကွယ်ဆေးတွေကို   ထုတ်လုပ် ရတဲ့   ရည်ရွယ်ချက်ကိုက   ကပ်ရောဂါ တွေကို နှိမ်နင်းအောင်မြင်နိုင်ဖို့ ဖြစ်ပါ တယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ကာကွယ် ဆေးက အချိန်တိုအတွင်း ထုတ်လုပ် ရတာဖြစ်ပါတယ်။  ဒါ့ကြောင့်  အခြား ကာကွယ်ဆေးတွေနဲ့   ရောထိုးလို့မရ ပါဘူး။   အနည်းဆုံး   နှစ်ပတ်ခြားပြီးမှ ထိုးရမှာဖြစ်ပါတယ်။   ဒါတွေကိုလည်း ကာကွယ်ဆေးမထိုးခင်မှာ မေးမြန်းရမှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့နည်းစနစ်နဲ့ ထိုးနှံ ရမှာဖြစ်သလို    ထိုးနှံပြီးပစ္စည်းတွေကို လည်း   စနစ်တကျ   စွန့်ပစ်ရမှာဖြစ်ပါ တယ်။   ထိုးနှံပြီးသွားရင်လည်း   နောက် ဆက်တွဲလက္ခဏာတွေ ဖြစ်ပွားမှု ရှိ၊ မရှိ နာရီဝက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးပြီး နောက်ဆက် တွဲ   လက္ခဏာတွေဖြစ်တယ်ဆိုတာက  ၁၅ မိနစ်က မိနစ် ၂၀ အတွင်း ဖြစ်တာ များပါတယ်။   မြန်မြန်ဆန်ဆန်သိရှိပြီး လိုအပ်တဲ့ကုသမှုတွေ ပေးနိုင်ဖို့အတွက် ကာကွယ်ဆေးထိုး         စုရပ်တိုင်းမှာ ကာကွယ်ဆေးထိုးနှံပေးမယ့်   လူဦးရေ အပေါ်မူတည်ပြီး အရေးပေါ်ဆေးသေတ္တာ တွေကို   အများကြီး  ထားရှိပေးထားပါ တယ်။ တစ်ခုခုဖြစ်ပြီဆိုရင် ချက်ချင်းကုသ မှုပေးနိုင်အောင် ဖြစ်ပါတယ်။ ကာကွယ် ဆေးထိုးပြီးနောက်  ပြင်းထန်နောက်ဆက် တွဲဖြစ်ပွားမှုက     လူတစ်သန်းမှာ  တစ်ယောက်ကနေ သုံးယောက်လောက် ပဲဖြစ်ပေမယ့်       ဒီတစ်ယောက်ကနေ သုံးယောက်ကိုလည်း အဖြစ်မခံနိုင်ပါဘူး။ 
အခုထိုးနှံပေးနေတဲ့    Sinophram (Beijing) နဲ့ Sinovac က ကာကွယ် ဆေးထဲမှာ ဘေးအကင်းဆုံးအုပ်စုထဲမှာ  ပါဝင်ပါတယ်။ ကာကွယ်ဆေး ထုတ်လုပ် တဲ့ ရှေးရိုးနည်းအတိုင်း ထုတ်လုပ်ထား တာ ဖြစ်တဲ့အတွက် သူနဲ့ပတ်သက်ပြီး ပြင်းထန်နောက်ဆက်တွဲဆိုတာ      မရှိ သလောက်နည်းပါတယ်။
ကာကွယ်ဆေးကို အသက် ၁၈ နှစ် ကနေ အသက်ကန့်သတ်ချက်မရှိ ထိုးနှံ နိုင်ပါတယ်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ Sinopharm ၊ Sinovac နဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေမှာ    တိတိကျကျ ပြောကြားထားပြီး ဖြစ်ပါတယ်။  အချို့ တွေက   စိုးရိမ်တယ်။   ဒီဆေးတွေဟာ အသက် ၁၈ နှစ်က အသက် ၆၀ ထိုးနှံ ရတာမဟုတ်ဘူးလား၊    အသက်      ၆၀ အထက်တွေကို ထိုးနှံတာဟာ ဆေးစမ်း နေတာလားဆိုပြီး ထင်တတ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး   အသက် ၁၈  နှစ်နဲ့ အထက်      အသက်ကန့်သတ်ချက်မရှိ ထိုးနှံနိုင်တယ်ဆိုတာကို တစ်ဆက်တည်း ပြောကြားလိုပါတယ်။ 
ကာကွယ်ဆေး စနစ်တကျထိုးနှံဖို့က  ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သိပြီဆိုရင်    ကာကွယ်ဆေးတင်သွင်း ဖြန့်ချိမယ့်ကိစ္စကို အထူးသတိထားပြီး လုပ်ဆောင်ရမယ်ဆိုတာကို သိစေချင် ပါတယ်။ ဒါ့ကြောင့် လက်ရှိအနေအထား မှာ FDA က ကာကွယ်ဆေးတင်သွင်းဖို့ အသိအမှတ်ပြုထားတဲ့ ကုမ္ပဏီ နှစ်ခုပဲ ရှိပါသေးတယ်။    တစ်ခုက      တရုတ် ကုန်သည်ကြီးများအသင်းက    Sino-pharm    ကာကွယ်ဆေး  တင်သွင်းဖို့ အတွက်   ခွင့်ပြုချက်တောင်းထားတာ ဖြစ်ပြီး နောက်ကုမ္ပဏီတစ်ခုက အိန္ဒိယ နိုင်ငံ Bharat Institute ကနေ ထုတ်တဲ့  covaxin    ကာကွယ်ဆေး   တင်သွင်းဖို့ အတွက် ခွင့်ပြုချက် တောင်းထားတာ ဖြစ်ပါတယ်။ ဒီနှစ်မျိုးကလွဲပြီး FDA က  ခွင့်ပြုချက် ပေးထားတာမရှိပါဘူး ဆိုတာ ကို  သိစေချင်ပါတယ်။ ဒီကုမ္ပဏီ နှစ်ခု ကလည်း    လောလောဆယ်ကာကွယ် ဆေး တင်သွင်းနိုင်ခြင်း မရှိသေးပါဘူး။
ဒါကြောင့်    ဈေးကွက်တွေထဲမှာ ခွင့်ပြုချက်ပေးထားတယ်။     ကာကွယ် ဆေးရနေပြီ၊ ဘယ်လောက်နဲ့ ထိုးနှံနိုင် တယ် စသဖြင့်တွေဟာ တရားဝင်မဟုတ် ပါဘူး။   ဆေးဝါးဥပဒေအရ   အရေးယူ ခံရနိုင်ပါတယ်။ ကာကွယ်ဆေးတွေက လူ့အသက်နဲ့ဆိုင်တဲ့အတွက် လူသုံးကုန် ပစ္စည်းရောင်းဝယ်သလို  ရောင်းဝယ်လို့ မရပါဘူး။ 
အချုပ်အားဖြင့်     ကာကွယ်ဆေး ထိုးထားရင် ကိုဗစ်-၁၉ ကြောင့် ရောဂါ ပြင်းထန်စွာဖြစ်ပွားမှု၊      ဆေးရုံတက် ရောက်ရမှု၊   သေဆုံးမှုတွေက    ကာကွယ် နိုင်တာ    အသေအချာပဲ   ဖြစ်ပါတယ်။ ကာကွယ်ဆေး               မထိုးထားတဲ့သူ တစ်ယောက် ဟာ သူတစ်ယောက်တည်းပဲ အန္တရာယ်ရှိနေနိုင်တာ   မဟုတ်ပါဘူး။ ကိုဗစ် - ၁၉   ရောဂါပိုး  ကူးစက်ခံရရင် ရောဂါပြင်းထန်စေနိုင်သလို သူများကို လည်း ရောဂါပိုးဖြန့်ဖြူးသူ ဖြစ်နိုင်ပါ တယ်။ ဒါ့အပြင် ကာကွယ်ဆေးမထိုးထား သူဟာ    ဗီဇပြောင်းပိုးတွေ   ပေါက်ဖွားဖို့ စက်ရုံကြီးသဖွယ်လည်း ဖြစ်ပါတယ်လို့ ပညာရှင်တွေက ပြောထားပါတယ်။


ကာကွယ်ဆေးမထိုးထားရင် အလွန် အန္တရာယ်ရှိပါတယ်။ နိုင်ငံတော်အစိုးရက ကာကွယ်ဆေးထိုးနှံရေး  အစီအစဉ်မှာ အကျုံးဝင်တဲ့လူတွေ၊ ဦးစားပေးလူအုပ်စု တွေအနေနဲ့   ထိုးနှံပါတယ်။  ပုဂ္ဂလိက ကဏ္ဍကလည်း  မိမိနိုင်ငံ၊  မိမိတိုင်းသူ ပြည်သားတွေအတွက်၊ တစ်မြေတည်းနေ တစ်ရေတည်းသောက်  မိမိရဲ့သွေးချင်း တွေအတွက်      အရည်အသွေးမီတဲ့ ကာကွယ်ဆေးတွေကို တင်သွင်းဖြန့်ချိပါ။ 
အရည်အသွေးပြည့်မီတဲ့ ကာကွယ် ဆေးတွေက ဘာလဲဆိုရင် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က အရေးပေါ်အသုံးပြုခွင့်ပေး ထားတဲ့ ကာကွယ်ဆေးတွေဖြစ်ပါတယ်၊ တင်သွင်းလို့ရပါတယ်။ နောက်တစ်ခုက ထုတ်လုပ်တဲ့နိုင်ငံရဲ့ FDA က အသိအမှတ် ပြုထားတဲ့ ကာကွယ်ဆေးတွေ  တင်သွင်း လို့ရပါတယ်။       နောက်တစ်မျိုးက ထုတ်လုပ်တဲ့နိုင်ငံက သက်ဆိုင်ရာ FDA က  အရေးပေါ်အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေးတွေ   တင်သွင်းလို့ရပါ တယ်။ ဒီအချက် ၃ ချက်ထဲက တစ်ခုခုနဲ့ ကိုက်ညီတဲ့     ကာကွယ်ဆေးတွေကို  ပုဂ္ဂလိကလုပ်ငန်းရှင်တွေက တင်သွင်း ဖြန့်ချိပါ။ ပြည်သူတွေကို မျှတတဲ့ဈေးနှုန်း တွေနဲ့ ဖြန့်ဝေပြီး စနစ်တကျ ထိုးနှံပေးပါ။  
ဒီလိုထိုးနှံတဲ့အခါ   အရေးအကြီးဆုံး တစ်ချက်ကကာကွယ်ဆေးတွေကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ် ကိုဗစ် ကြီးကြပ်ရေးကော်မတီတွေနဲ့ ဆက်သွယ် ပြီး အချက်အလက်တွေကို ဖြည့်ရမှာဖြစ် ပါတယ်။ ဒီလိုဖြည့်ထားခြင်းအားဖြင့် နိုင်ငံ မှာ  ကာကွယ်ဆေးထိုးနှံပြီးသူ  ဘယ် လောက် တိုးလာတယ်။ ပုဂ္ဂလိကကဏ္ဍက ထိုးနှံပေးတဲ့အတွက်  ဘယ်လောက်တက် သွားပြီ ဒါကိုလည်းသိနိုင်သလို ကာကွယ် ဆေးထိုးနှံပြီးနောက်     တစ်စုံတစ်ခု နောက်ဆက်တွဲတွေ ဖြစ်ပေါ်ရင် အမြန် ဆုံး ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ 
ထိုးနှံပြီးရင် ကာကွယ်ဆေးထိုးနှံပြီး ကြောင်း ကတ်ထုတ်ပေးမှာဖြစ်ပါတယ်။ ပုဂ္ဂလိကကဏ္ဍအနေနဲ့ ထုတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီတော့ Vaccine Mana-gement   Information  System  လို့ ခေါ်တဲ့      ကာကွယ်ဆေးထိုးနှံခြင်းနဲ့ ဆိုင်တဲ့ အချက်အလက်တွေကို ထိန်းချုပ် တဲ့စနစ်နဲ့     ချိတ်ဆက်ပြီး     လုပ်ကိုင် ဆောင်ရွက်ရမှာ  ဖြစ်ပါတယ်။  ကိုဗစ် ထိန်းညှိရေးကော်မတီနဲ့    ဆက်သွယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 
ကာကွယ်ဆေးထိုးလုပ်ငန်း အောင် မြင်ဖို့ဆိုတာ နိုင်ငံတော်အစိုးရနဲ့ တိုင်းသူ ပြည်သားတွေ  ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ တိုင်းသူပြည်သားဆိုရာမှာ ကာကွယ်ဆေး တင်သွင်းဖြန့်ချိသူတွေ လည်း ပါပါတယ်။ မိမိတတ်နိုင်တဲ့ကဏ္ဍက အချိုးညီညီ၊ ဟန်ချက်ညီညီ ဒီတာဝန်ကို   ဝိုင်းကူပြီး ထမ်းလိုက်မယ်ဆိုရင် ကာကွယ် ဆေးလွှမ်းခြုံနိုင်မှု   အမြန်ဆုံးပြည့်မီပြီး နိုင်ငံသူ၊ နိုင်ငံသားတွေ ရောဂါမှ  ဝေးကွာ အောင်  ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ 
ခေတ်အဆက်ဆက်မှာ ကပ်ရောဂါ တွေကို လူသားတွေကပဲ အနိုင်ယူခဲ့တဲ့ အစဉ်အလာရှိပြီး ဖြစ်ပါတယ်။ ကျွန်မတို့ လူသားတွေပဲ ကိုဗစ် - ၁၉ ကပ်ရောဂါကို မကြာခင်အနိုင်ယူနိုင်မှာ   ဖြစ်ပါတယ်။ ယခုလက်ရှိအခြေအနေမှာလည်း ရောဂါ ဖြစ်ပွားမှုက တချို့နေရာတွေမှာ ယခင်နဲ့ နှိုင်းစာရင် ၄၅ ရာခိုင်နှုန်းအထိ ကျဆင်း နေပြီဆိုတာကို သတင်းကောင်းပေးလို ပါတယ်။    ကာကွယ်ဆေးထိုးနှံသင့်တဲ့ လူတိုင်း ထိုးနှံခွင့်ရရှိစေဖို့အတွက် အစိုးရ နဲ့ ပြည်သူ၊ အားလုံးပူးပေါင်းဆောင်ရွက် လိုက်မယ်ဆိုရင် မကြာမီအချိန်အတွင်း မှာ ရောဂါကို ထိန်းချုပ်နိုင်မှာ  ဖြစ်ပါ တယ်။ မအောင်မြင်နိုင်စရာ မရှိပါဘူး။ အားလုံးအတူ ပူးပေါင်းလုပ်ဆောင်ကြပါ စို့လို့  ကျွန်မအနေနဲ့   တိုက်တွန်းလိုပါ တယ်။ ကျေးဇူးတင်ပါတယ်။