ကာကွယ်ဆေး ထိုးနှံပေးနေတဲ့အချိန်မှာ ကျောင်းသား ကျောင်းသူအားလုံးကို မိဘနဲ့ အုပ်ထိန်းသူတွေကလည်း ယုံကြည်ချက်အပြည့်နဲ့ ကာကွယ်ဆေး လာရောက် ထိုးနှံပေးကြပါလို့ တိုက်တွန်းလိုပါတယ်

“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ   အသက် ၁၂ နှစ်နှင့်အထက်  ကျောင်းသား ကျောင်းသူများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေရှိ မြို့နယ်များ၌ ကျောင်းသား ကျောင်းသူများကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနေမှုနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၏စကားသံများကို ဖော်ပြလိုက်ပါသည်။

ဦးမြင့်ဆောင် 
မြို့နယ်အုပ်ချုပ်ရေးမှူး၊လယ်ဝေးမြို့နယ်


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေနဲ့   မြို့နယ် အတွင်းမှာရှိတဲ့ (၁၂)နှစ်နဲ့အထက်  အလယ်တန်းနဲ့ အထက်တန်း      ကျောင်းသား ကျောင်းသူတွေ ကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက် အခြေခံပညာ အလယ်တန်းနဲ့      အထက်တန်းကျောင်းသား ကျောင်းသူစာရင်းကို  အခြေခံပြီး ကြိုတင်စာရင်း ပြုစုခဲ့ပါတယ်။ လယ်ဝေးမြို့နယ်မှာ အထက(၁)၊ အေလာတိုက်နယ်ဆေးရုံ၊ သာဝတ္ထိတိုက်နယ်ဆေးရုံ၊ အထက(သပြေပင်)၊ အထက(ကံသာ) စတဲ့ဆေးထိုး စုရပ် ငါးနေရာမှာ အောက်တိုဘာ ၁၂ ရက်ကစပြီး ထိုးနှံပေးနေပါတယ်။


ကာကွယ်ဆေးထိုးတဲ့အခါမှာ လွယ်ကူမြန်ဆန် စေဖို့ အထက(၁)မှာ ဆေးထိုးအဖွဲ့ နှစ်ဖွဲ့နဲ့  ကျန်စု ရပ်လေးခုမှာ    တစ်ဖွဲ့စီ တာဝန်ပေးထားပါတယ်။ ဒီစုရပ်တွေမှာ  စာရင်းရေးသွင်းဖို့၊  ဆေးစစ်ဖို့၊ လုံခြုံ ရေးဆောင်ရွက်ဖို့တို့ကိုလည်း        ပညာရေး၊ ကျန်းမာရေးနဲ့    လုံခြုံရေးတပ်ဖွဲ့တွေ   ညှိနှိုင်း ဆောင်ရွက်ထားပါတယ်။
ဒါ့အပြင် ကာကွယ်ဆေးထိုးနှံဖို့ မသင့်တော်တဲ့ သူတွေထဲမှာ ဘယ်လိုလူတွေပါတယ် ဆိုတဲ့အချက် အလက်တွေ၊   ကာကွယ်ဆေးကို    ထိုးထားတဲ့ အတွက်ရရှိမယ့် အကျိုးကျေးဇူးတွေကို ကျောင်းသား ကျောင်းသူတွေ၊ ကျောင်းသားမိဘတွေနဲ့ ပြည်သူ တွေသိရှိစေဖို့    အသံချဲ့စက်နဲ့     ကြေညာတာ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာတွေကို ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ပညာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့   တခြား ဆက်စပ် ဌာနတွေ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ပါတယ်။


ဒေါ်ခင်စန်းမြင့်
ကျောင်းအုပ်ဆရာမကြီး၊ အထက (၁)လယ်ဝေး

အသက် ၁၂ နှစ်နဲ့အထက်    ကျောင်းသား ကျောင်းသူတွေကို   ဆေးထိုးမယ့်လုပ်ငန်းစဉ်တွေမှာ အခြေခံပညာကျောင်းနဲ့   ကိုယ်ပိုင်ကျောင်း ၄၀ ရဲ့ ကျောင်းစုရပ်ခေါင်းဆောင်အဖြစ်     ကျွန်မ တာဝန် ယူထားပါတယ်။   အခုအချိန်က   ကျောင်းပိတ် ထားတော့     ကျောင်းသား ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးဖို့  ဖုန်းနဲ့ဆက်သွယ်ရတဲ့ အတွက်  နည်းနည်း  အခက်အခဲရှိပါတယ်။ ဒီအခက် အခဲတွေကို  ဆရာ ဆရာမတွေက  ကြိုတင်ပြင်ဆင်ပြီး ဆောင်ရွက်ခဲ့တဲ့အတွက် အားလုံးအဆင်ပြေသွား ပါတယ်။
ကာကွယ်ဆေး ထိုးနှံပေးတဲ့အခါမှာ ကျောင်းသား ကျောင်းသူတွေက ဆေးထိုးရမှာ ကြောက်တဲ့စိတ်နဲ့ အစာမစားခဲ့တာတွေကြောင့်  အချို့ကျောင်းသား တွေမှာ    နည်းနည်းခေါင်းမူးတာ   တွေ့ရတယ်။ သူ့တို့ကို  စမ်းသပ်လိုက်တဲ့အခါမှာ သွေးပေါင်ချိန်နဲ့ သွေးအတွင်း  အောက်ဆီဂျင်က  ကောင်းတယ်။ ကြောက်တဲ့စိတ်ကြောင့်ဖြစ်တာပါ။  သူတို့ကို ၁၀ မိနစ်လောက်  စောင့်ကြည့်တဲ့အခါ  အားလုံးပုံမှန် အတိုင်း ပြန်လည်ကောင်းမွန်လာတာ တွေ့ရပါတယ်။ ကျောင်းမှာလည်း ကျောင်းသားတွေ အဆာပြေစားဖို့ အတွက်စီစဉ်ပေးထားပါတယ်။ ဒီနေ့က ကာကွယ်ဆေး  တတိယမြောက်နေ့ ဆက်ထိုးနှံတဲ့အခါမှာ ကျောင်းသား ကျောင်းသူတွေအပြင် အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးဖို့ကျန်ရှိတဲ့ ပြည်သူတွေကိုပါ ထိုးပေးနေတာ ကြောင့်  ကျောင်းဝင်းထဲမှာ  ပြည်သူတွေအတွက် ဆေထိုးစင်တာနဲ့ ကျောင်းသားတွေအတွက် ဆေးထိုး စင်တာ နှစ်ခု ဖြစ်သွားပါတယ်။ 


ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံထား တာက အကောင်းဆုံးပါပဲ။   ကျွန်မတို့   တွေ့ကြုံခဲ့ ရတဲ့ ဝက်သက်ရောဂါ၊ ကျောက်ရောဂါတွေ ဖြစ်တုန်း ကလည်း ကာကွယ်ဆေးထိုးလိုက်တဲ့အခါမှာ  အဲဒီ ရောဂါတွေ  ပျောက်ကင်းသွားတာ တွေ့ရပါတယ်။ ကိုဗစ်-၁၉ ရောဂါ   စတင်ဖြစ်ပွားစဉ်က   ရောဂါ ဖြစ်ပွားမှု  အခြေအနေဆိုးခဲ့ပေမယ့်  အခုချိန်မှာကာကွယ်ဆေးထိုးနှံပေးနေမှုကြောင့်     ရောဂါ ဖြစ်ပွားမှုနဲ့   သေဆုံးမှုတွေလျော့ကျသွားတာကို တွေ့ရပါတယ်။    ကာကွယ်ဆေး  ထိုးနှံပြီးမှသာ ရောဂါကို ကာကွယ်ပြီးသားဖြစ်မှာပါ။ ကျန်းမာရေး ကောင်းမှ ကျန်းမာပျော်ရွှင်စွာနဲ့ ပညာကို ဆက်လက် သင်ကြားနိုင်မှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံပေးနေတဲ့အချိန်မှာ ကျောင်းသား ကျောင်းသူအားလုံးကို   မိဘနဲ့   အုပ်ထိန်းသူတွေကလည်း ယုံကြည်ချက် အပြည့်နဲ့  ကာကွယ်ဆေး လာရောက်ထိုးနှံပေးကြပါလို့ တိုက်တွန်းလိုပါတယ်။


ဒေါ်ညွန့်ရွှေ  (မိဘအုပ်ထိန်းသူ)


ကျောင်းသား ကျောင်းသူတွေကို အခုလို ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးတာ ဝမ်းသာပါ တယ်။ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ရောဂါ ကူးစက်မှာ အတိုင်းအတာတစ်ခုအထိ    စိတ်ချသွား တာပေါ့။ ကလေးတွေ    ကျောင်းမတက်ရတော့   စာလည်း နောက်ကျပါတယ်။ အချိန်တွေအလဟဿ  ကုန်ဆုံးကုန်တယ်။  အခုဆေးထိုးပြီးရင်  ကျောင်းတွေ ပြန်တက်ရတော့မယ်။ ကျန်းမာရေးအတွက်လည်း စိတ်ချရပါပြီ။ ကျောင်းပြန်တက်ရရင်လည်း    ပုံမှန် လုပ်နေကျ  လက်ဆေးတာ၊  Mask တပ်တာတို့ကို ဆက်ပြီး  ဂရုစိုက်ခိုင်းရမှာပါ။  ကျောင်းသားတွေ ကာကွယ်ဆေးထိုးနှံပေးတာ၊    တခြားအိမ်နီးချင်း နိုင်ငံတွေမှာလည်း  ထိုးနှံပေးနေတာကို   သတင်း တွေကနေ ကြားသိရပါတယ်။ 


ဒေါ်ကြည်ကြည်ဌေး (မိဘအုပ်ထိန်းသူ)


ကျွန်မသမီးက အထက်တန်းကျောင်းသူပါ။ ကိုဗစ်ကာကွယ်ဆေး   လာထိုးဖို့  အတန်းပိုင်ဆရာမ က   ဖုန်းဆက်ပြီးပြောပါတယ်။   ကိုယ့်ကလေး ကျန်းမာရေးအတွက်   ကာကွယ်ဆေး  ထိုးနှံပေး တာကို   ကျေးဇူးတင်ရပါတယ်။    ကလေးတွေ စာသင်ခန်းနဲ့   ဝေးကွာသွားရင်   စိတ်လေသွားမှာ စိုးရိမ်တယ်။   ကာကွယ်ဆေး   ထိုးနှံပေးပြီးရင် ကျောင်းမြန်မြန်   ပြန်ဖွင့်ပေးစေချင်ပါတယ်။ မိဘ တွေအနေနဲ့ ပညာအမွေပေးတာက သားသမီးတွေ အတွက်  အကောင်းဆုံးလို့  မှတ်ယူထားပါတယ်။ ပညာရွှေအိုး  လူမခိုးဆိုသလိုပေါ့၊  ပညာအမွေက ကလေးတွေ   အနာဂတ်အတွက်    အာမခံချက်ပေး နိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ထိုးနှံပေးပြီး ကျောင်းတွေမြန်မြန် ပြန်ဖွင့်စေချင်ပါတယ်။ 


မဟန်ဖူးပွင့်နိုင် (အလယ်တန်းကျောင်းသူ)


သမီးက  ၈ တန်းတက်နေတာပါ။ ဆေးမထိုးခင် သမီးတို့ကို   ကာကွယ်ဆေးထိုးသင့်၊   မထိုးသင့် ကျန်းမာရေးစစ်ဆေးပေးပါတယ်။ အခုလို ဆေးထိုး ပေးတဲ့အတွက်   ကျေးဇူးတင်ပါတယ်။   ကာကွယ် ဆေးထိုးနှံပြီး  ကျောင်းပြန်တက်ရတော့မယ်ဆို တော့ ဝမ်းသာပါတယ်။ ကျောင်းကသူငယ်ချင်းတွေနဲ့ ဆရာ ဆရာမတွေကိုလည်း     အမြန်ဆုံးတွေ့ချင်လှပြီ။ ကာကွယ်ဆေးထိုးထားတဲ့အတွက် မိမိအပါအဝင် ပတ်ဝန်းကျင်ကသူတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်မှာပါ။     ဒါကြောင့်    ဆေးမထိုးရသေးတဲ့ သူငယ်ချင်းတွေနဲ့  ညီမလေး၊  မောင်လေးတွေကို လည်း ကာကွယ်ဆေးထိုးနှံကြစေချင်ပါတယ်။


မောင်ဝေလင်းပိုင် (အလယ်တန်းကျောင်းသား)


ကျွန်တော်က     ၈ တန်းကျောင်းသားပါ။ ကာကွယ်ဆေးထိုးပြီးပါပြီ။ ဆေးထိုးတာ နာကျင်မှု မရှိပါဘူး။ ကြော်ငြာထားတဲ့ ဗီနိုင်းတွေ၊ လက်ကမ်း စာစောင်တွေကတစ်ဆင့် ဆေးရဲ့ ဘေးထွက်ဆိုးကျိုး တွေကိုလည်း   ဖတ်ရှုပြီးပါပြီ။   ကျွန်တော်တို့ ကျောင်းပြန်တက်ချင်နေပါပြီ။   အိမ်မှာ   စာတွေ လေ့လာနေပေမယ့် မသိနားမလည်တာရှိရင် ဆရာ ဆရာမတွေကို  စာမေးဖို့   အခက်တွေ့ပါတယ်။ ဆေးထိုးပြီးရင်     ကျောင်းပြန်တက်ရတော့မယ် ဆိုတော့ ဝမ်းသာပါတယ်။ 


တွေ့ဆုံမေးမြန်း - ဟန်မင်း၊ ဓာတ်ပုံ - ကိုထိန်
 

ဒေါ်ခင်စန်းမြင့်