ကာကွယ်ဆေးလွှမ်းခြုံမှု အားကောင်းလာရင် တတိယလှိုင်းမှာ တွေ့ကြုံခဲ့ရတဲ့ ဖြစ်ပွားသေဆုံးမှုတွေလို ထပ်ပြီးမဖြစ်တော့ဘဲ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်

 

ထက်လျှံ

ကိုဗစ် - ၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အကြောင်း အရာများနှင့်စပ်လျဉ်းပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန   ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ   ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် မေးမြန်းထားသည်များကို  တင်ပြ လိုက်ပါသည်။ 

 

မေး    ။    ။    ကိုဗစ် - ၁၉ ကာကွယ်ဆေး နှစ်ကြိမ်             ထိုးပြီးသူတွေအနေနဲ့       လိုက်နာ ဆောင်ရွက်ရမယ့် အကြောင်းအရာတွေကို ပြော ကြားပေးပါဦး။
ဖြေ။        ။    ကိုဗစ် - ၁၉ ကာကွယ်ဆေးကို နိုင်ငံ             တိုင်းက အားသွန်ခွန်စိုက် ထိုးနှံနေ ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့   ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းသည်သာ  ကမ္ဘာ့ကပ် ရောဂါကို အမြန်ဆုံးရပ်တန့်နိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်လို့ပါ။    ကာကွယ်ဆေးထိုးနှံပေးမှုအနေနဲ့ ချမ်းသာတဲ့နိုင်ငံတွေမှာ ၅၀ / ၆၀ ရာခိုင်နှုန်းကျော် ရှိပြီဖြစ်ပေမယ့်   ဖွံ့ဖြိုးမှုလိုအပ်တဲ့   နိုင်ငံတွေက ၁/ ၂/ ၅ ရာခိုင်နှုန်းဝန်းကျင်ပဲ ရှိသေးတာကို တွေ့ရ ပါတယ်။ ဒီလိုအခြေအနေမှာ မိမိတို့က ကာကွယ် ဆေး နှစ်ကြိမ်ထိုးပြီးပြီဆိုပြီး အရင် ကိုဗစ်မရှိခင် ကလို နေထိုင်လို့မရပါဘူး။ ဒါတွေက မလိုလားအပ် တဲ့ ကူးစက်မှုတွေကို ဖြစ်စေပါတယ်။ 


ဒါနဲ့ပတ်သက်ပြီး အမေရိကန်ရောဂါထိန်းချုပ် ရေးနှင့် ကုသရေးဗဟိုဌာန(CDC)က စက်တင်ဘာ ၁ ရက်မှာ Guideline  for fully Vaccinated Person ဆိုပြီး ကာကွယ်ဆေးအကြိမ်ပြည့် ထိုးထားသူတွေ အနေနဲ့  လိုက်နာရမယ့်စည်းကမ်းချက်တွေကို Update လုပ်ထားတာကို ပြောချင်ပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ ကာကွယ်ဆေးထိုးပြီးသူ တော်တော် များများရှိနေပါတယ်။       ကာကွယ်ဆေးထိုးပြီး ကူးစက်မှုတွေက ဆက်ပြီးရှိနေတုန်းဖြစ်ပါတယ်။ ဒါကို အဓိကပြောထားပါတယ်။ ဒါကြောင့် ဘယ် သွားသွား ပါးစပ်၊ နှာခေါင်းစည်း Mask တပ်ဖို့လိုပါ တယ်။ မိမိကို ကူးစက်နိုင်ဖို့    အခွင့်အလမ်းနည်း တယ်၊ ကူးစက်ရင်လည်း ရောဂါမပြင်းထန်ဘူးဆိုပြီး ပေါ့ဆလို့မရပါဘူး။ အထူးသဖြင့် မိမိအိမ်မှာ ကိုယ်ခံ အားကျနေသူတွေ၊   အသက်အရွယ်ကြီးသူတွေ၊ နောက်ခံရောဂါတွေနဲ့သူတွေ၊ ကာကွယ်ဆေးမထိုး ရသေးသူတွေရှိမယ်ဆိုရင် မိမိက အထူးဂရုစိုက်ပြီး နေထိုင်ရမှာဖြစ်ပါတယ်။   ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတိုင်းက ကာကွယ်ဆေးလိုချင်သလောက်ရတာ မဟုတ်ပါဘူး။ ကာကွယ်ဆေးရဲ့ ထုတ်လုပ်နိုင်စွမ်းနဲ့ အသုံးပြုမှုမှာ အသုံးပြုမှုကများတဲ့အတွက် လိုချင် သလောက်ဝယ်ဖို့ မလွယ်ကူပါဘူး။ ကာကွယ်ဆေး တွေဝယ်ဖို့ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေ အမြောက်အမြား သုံးပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။ 


မြန်မာနိုင်ငံမှာ အသက် ၁၈  နှစ်အထက် ၃၆ ဒသမ ၉ သန်းရှိပါတယ်။ နှစ်ကြိမ်ကာကွယ်ဆေး ထိုးရမှာဖြစ်တဲ့အတွက် ကာကွယ်ဆေးကလည်း ၃၆ သန်းကျော် လိုပါတယ်။ လက်ရှိအနေအထားအရ ကာကွယ်ဆေး‌တွေ ဒီလောက်အထိ မရရှိသေးပါ ဘူး။ အမြန်ဆုံးရရှိအောင် ဆောင်ရွက်နေပါတယ်။ ဒါဆိုရင် ကိုယ့်အိမ်မှာရှိတဲ့ ကူးစက်လွယ်တဲ့လူတွေ ကို ကာကွယ်နိုင်ဖို့က မိမိက ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးရုံနဲ့မရပါဘူး။  ဒါကြောင့် CDC က  အပြင် ထွက် ရင် Mask တပ်ဖို့လိုအပ်လို့     လမ်းညွှန်တာ ဖြစ်ပါတယ်။   ပိုးတွေ့သူနဲ့ ထိတွေ့မှုရှိခဲ့တယ်ဆိုရင် ကာကွယ်ဆေးထိုးပြီးသော်လည်း   ကူးစက်နိုင်ခြေ ရှိပါတယ်။ ဒီလို ထိတွေ့မှုရှိခဲ့တယ်ဆိုရင် အပြင် မသွားရင်တောင်မှ Mask ကို ၁၄ ရက်တပ်ဖို့ လိုပါ တယ်။ ၃ ရက်ကနေ ၅ ရက်မှာစစ်ဆေးရမှာဖြစ်ပြီး ပိုးမရှိဘူး၊ Negative ဖြစ်တယ်ဆိုရင် တပ်ဖို့မလို တော့ပါဘူး။ ဒါက  ကာကွယ်ဆေးထိုးပြီးသူတွေ သိရှိလိုက်နာရမယ့် အချက်တွေဖြစ်ပါတယ်။


အုပ်စုလိုက်သွားလာနေထိုင်တာ၊  လေကောင်း လေသန့်မရဘဲ အလုံပိတ်အခန်းလိုမျိုးမှာ ကျင်းပတဲ့ အစည်းအဝေးတွေ၊ အခမ်းအနားတွေ လုံးဝမသွား သင့်ပါဘူး။ လူတွေက ကာကွယ်ဆေးလည်း ထိုးပြီး ပြီဆိုတော့ နည်းနည်းပေါ့လာတယ်။ ဖြစ်နိုင်ရင် ဒီအချိန်မှာ သွားချင်လာချင်စိတ်ကို ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးပြီ ဖြစ်တဲ့အတွက် ပြည်တွင်းခရီးအနေနဲ့ မဖြစ်မနေ   သွားဖို့လိုအပ် တယ်ဆိုရင်တော့ သွားခွင့်ရှိပါတယ်။ CDC ရဲ့ Gui-deline မှာ ကာကွယ်ဆေးထိုးပြီးသူသည် ရောဂါပိုး ရှိ/မရှိ စစ်ဆေးစရာမလိုဘူး။ ကွာရန်တင်းဝင်စရာ မလိုဘူး။ ခရီးကပြန်လာရင်လည်း အိမ်မှာ   မိမိ ဘာသာ Self  Quarantine   တောင်  မလိုဘူးလို့ ပြောပါတယ်။ အမေရိကန်နိုင်ငံက ကာကွယ်ဆေးလွှမ်းခြုံမှုတွေများပြီး   တော်တော်များများက ကာကွယ်ဆေးထိုးပြီးသားတွေ      ဖြစ်တဲ့အတွက် သူတို့အနေနဲ့ ကင်းလွတ်ခွင့်တွေ  အများကြီးရှိပါ တယ်။ 
မြန်မာနိုင်ငံရဲ့   ကာကွယ်ဆေးလွှမ်းခြုံမှုက အခုထိ ၁၅ ရာခိုင်နှုန်းလောက်ပဲ ရှိသေးပြီး ရည်မှန်း ထားတဲ့ လူဦးရေရဲ့ ၄ ပုံ ၁ ပုံထက် နည်းနေပါသေး တယ်။ ဒါကြောင့် လောလောဆယ်မှာ   ကာကွယ် ဆေးထိုးပြီးသူကို ရောဂါပိုး  ရှိ/မရှိ  မစစ်ဆေးဖို့၊ ကွာရန်တင်းမဝင်ဖို့တွေကို ခွင့်ပြုမထားသေးပါဘူး။ ခရီးသွားတဲ့အရပ်ဒေသက ကူးစက်မှုများနေရင်၊ ကာကွယ်ဆေးမထိုးရသေးသူများနေရင် ကိုယ်က တစ်ဆင့် ကူးစက်နိုင်ဖို့ အခွင့်အလမ်းများပါတယ်။ တတ်နိုင်သမျှ ခရီးမသွားတာ အကောင်းဆုံးဖြစ်ပါ တယ်။ ဒါက မိမိအတွက်ရော၊ ပတ်ဝန်းကျင်အတွက် ရော၊ နိုင်ငံအတွက်ပါ လိုအပ်တဲ့ရောဂါ   ကာကွယ် ထိန်းချုပ်ရေး အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။ 


မေး    ။    ။     ကာကွယ်ဆေး   အကြိမ်ပြည့်ထိုးပြီး            သူတွေအနေနဲ့လည်း အခြားသူတွေ ကို ကူးစက်နိုင်တယ်ဆိုတော့  ဒါနဲ့ပတ်သက်ပြီး ပြောကြားပေးစေလိုပါတယ်။
ဖြေ    ။    ။      ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသူ             တွေအနေနဲ့လည်း အခြားသူတွေကို ကူးစက်နိုင်မှုရှိတယ်ဆိုတာနဲ့         ပတ်သက်ပြီး သုတေသနလုပ်ထားတာရှိပါတယ်။   ဩဂုတ်လ ၁၂ ရက်ထုတ် The Nature ဆိုတဲ့ ဆေးပညာဂျာနယ် မှာ   ကာကွယ်ဆေးထိုးပြီးသူတွေအနေနဲ့လည်း အခြားသူတွေကို   ကူးစက်နိုင်မှုရှိတယ်လို့ ဖော်ပြ ထားပါတယ်။ အထူးသဖြင့် လက်ရှိမှာ ကမ္ဘာကြီး တစ်ခုလုံးကို ကူးစက်နေတာ ‘ဒယ်လ်တာ’ ဖြစ်ပါ တယ်။ ကမ္ဘာတစ်ခုလုံး ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွား မှုတွေရဲ့ ၈၈ ရာခိုင်နှုန်း က ‘ဒယ်လ်တာ’ကြောင့်ဆိုပြီး အချို့သုတေသနစာတမ်းတွေမှာ ပြောထားပါတယ်။ မြန်မာနိုင်ငံမှာလည်း အဓိက    ရောဂါကူးစက်မှု တွေက ‘ဒယ်လ်တာ’ကြောင့် ဖြစ်ပါတယ်။ ယူကေမှာ ရောဂါဖြစ်ပွားမှုတွေရဲ့ ၁၀၀ ရာခိုင်နှုန်း၊ အမေရိကန် နိုင်ငံမှာ ရောဂါဖြစ်ပွားမှုတွေရဲ့ ၉၉ ရာခိုင်နှုန်းကျော် က ‘ဒယ်လ်တာ’ ကြောင့် ဖြစ်ပါတယ်။ 


သို့သော် ‘ဒယ်လ်တာ’ နဲ့ ပတ်သက်ရင် ထူးခြား ချက်တွေလည်း ရှိပါတယ်။ ဩဂုတ်လ ၂၇ ရက်က ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာဆိုရင် ‘ဒယ်လ်တာ’ က နဂိုဗီဇပြောင်းပိုးနဲ့မတူတဲ့ အချက် က ကိုဗစ် - ၁၉ မူလပိုးတွေကို   စမ်းသပ်တဲ့အခါ ၅ ရက်ကနေ ၈ ရက်မှာ အတွေ့နိုင်ဆုံးဖြစ်ပါတယ်။ သို့သော် ‘ဒယ်လ်တာ’က ၃ ရက်ကနေ ၅ ရက်မှာ အတွေ့နိုင်ဆုံးဖြစ်ပါတယ်။ ဒါဟာ ရောဂါပိုးရှိ/မရှိကို ရှေ့တိုးစမ်းသပ်ဖို့လိုတယ်ဆိုတာကို ပြနေပါတယ်။ အရင်က ‌ရောဂါပျိုးရက်က ၆ ရက်ကနေ ၁၃ ရက် ရှိတဲ့အတွက် ၂ ပတ် ကွာရန်တင်းဝင်ခိုင်းတာဖြစ်ပါ တယ်။ ‘ဒယ်လ်တာ’က  ရောဂါပျိုးရက်တိုသွားပါ တယ်။ ၅ ဒသမ ၈  ကနေ  ၁၁  ဒသမ ၅  ဆိုတော့ ၁၁ ရက်ကျော်မှာတင် သူ့ရဲ့ ‌ရောဂါပျိုးရက်ပြီးတဲ့ အတွက်   ကွာရန်တင်းဝင်တဲ့ ကိစ္စရပ်တွေမှာ လည်း ဒါကိုထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ‘ဒယ်လ်တာ’က ရောဂါဖြစ်ရင် ဖျားနာမှုတွေ၊ ဝေဒနာ ခံစားရမှုတွေက ပိုပြီးများပါတယ်။ လူငယ်တွေမှာ တောင် ဆိုးဆိုးရွားရွားဖြစ်စေပါတယ်။    နဂိုမူလ ပိုးထက် ‘ဒယ်လ်တာ’က ၂ ဆပိုပြီး ကူးစက်ပါတယ်။ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူသည် ‘ဒယ်လ်တာ’ ပိုးကြောင့်   အခြားသူကို     ကူးစက်နိုင်ပါတယ်။ ဒါပေမယ့်   ရက်ကြာကြာ    ကူးစက်နိုင်စွမ်းမရှိတဲ့ အတွက် ကူးစက်ဖို့ အခွင့်အလမ်းနည်းပါတယ်။ 


အမေရိကန်နိုင်ငံ၊ ယူကေနဲ့  စင်ကာပူနိုင်ငံက ရရှိတဲ့အချက်အလက်တွေကို သုတေသနပြုထား ချက်အရဆိုရင် ကာကွယ်ဆေးထိုးထားသူဖြစ်စေ၊ မထိုးထားသူဖြစ်စေ ရောဂါပိုးရှိသူရဲ့ နှာခေါင်းထဲမှာ ရှိတဲ့ ပိုးပမာဏကအတူတူပဲဆိုတာ တွေ့ရပါတယ်။ ဒါက ကာကွယ်ဆေးထိုးထားသော်လည်း သူကနေ ရောဂါပိုးကို အခြားသူကို   ဖြန့်ဝေနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ နောက်တစ်ခုက ဩဂုတ်လ ၁၁ ရက်က ထုတ်ဝေတဲ့ medRxiv Journal မှာ ပိုးတွေ့သူ ၇၁၉ ယောက်ကို စစ်ဆေးတဲ့အခါ ၉၀ ရာခိုင်နှုန်းက ‘ဒယ်လ်တာ’ကြောင့်ဖြစ်တယ်ဆိုပြီး ဖော်ပြထားတဲ့အတွက် ပေါ့ဆလို့မရတဲ့ အနေအထား ဖြစ်တယ်ဆိုတာ ပြောကြားလိုပါတယ်။


မေး    ။    ။    ရောဂါဖြစ်ပွားမှုတွေ အရှိန်လျော့နေရာ             ကနေ  ရုတ်တရက်     ဖြစ်ပွားမှုတွေ မြင့်တက်လာရတဲ့အ‌ကြောင်းနဲ့ ပတ်သက်ပြီးလည်း ပြောကြားပေးပါဦး။
ဖြေ    ။    ။     အခုက   တတိယလှိုင်းကို   အတော်             ထိန်းချုပ်နိုင်နေတဲ့ အနေအထားတော့ ရှိပါတယ်။ ရောဂါဖြစ်ပွားမှုတွေက အရင်ထက်နှိုင်း စာရင် ၄ ပုံ ၁ ပုံထက် နည်းလာတာကို တွေ့ရပါတယ်။ လှိုင်းရဲ့သဘောက   ကျရင်   ဖြည်းဖြည်းကျတယ်၊ တက်ရင် ဝုန်းခနဲတက်တယ်။ ပေါ့ဆမှုတွေ ဖြစ်ပြီ ဆိုရင် ပြန်ထောင်တက်ပြီး‌       နောက်ထပ်လှိုင်း တစ်လှိုင်းဖြစ်နိုင်ပါတယ်။        အချို့နိုင်ငံတွေမှာ တစ်လှိုင်းပြီး တစ်လှိုင်းဖြစ်နေတဲ့ အနေအထားတွေ တွေ့ရပါတယ်။ 


ရောဂါဖြစ်ပွားမှုတွေ ကျနေရာက တက်ရတဲ့ အကြောင်းအရင်း သုံးခု ရှိပါတယ်။ နံပါတ် ၁ က ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇပြောင်းခြင်းဖြစ်ပါတယ်။ ဒီလို မျိုးဗီဇပြောင်းတဲ့အခါ အောင်မြင်တဲ့မျိုးဗီဇဆိုရင် Variant ဖြစ်သွားပါတယ်။ အခုဆိုရင် စိုးရိမ်ဖွယ်ရာ ဗီဇမျိုးစိတ်(VOC) ၄ ခုကို  ရောမအက္ခရာအနေနဲ့ ‘အယ်လ်ဖာ’၊ ‘ဘီတာ’၊ ‘ဂါမာ’၊ ‘ဒယ်လ်တာ’ဆိုပြီး ပြောကြပါတယ်။ ‘အယ်လ်ဖာ’က ယူကေက စဖြစ် တယ်။ ‘ဘီတာ’က တောင်အာဖရိက၊ ‘ဂါမာ’  က ဘရာဇီး၊ ‘ဒယ်လ်တာ’က အိန္ဒိယက စဖြစ်ပါတယ်။ နောက်ထပ် စိတ်ဝင်တစား ဂရုစိုက်စောင့်ကြည့်ရ မယ့် မျိုးဗီဇကွဲ  (VOI) က ၅ ခုရှိတယ်။

 

နောက်ထပ် သတိထားရမယ့်(Alert) မျိုးဗီဇကွဲက ၁၁ ခုရှိတယ်။ ရောမ အက္ခရာ အခု ၄၀မှာ ၂၀ ယူထားပြီးဖြစ်ပါတယ်။ လက်ရှိမှာ ဗီဇပြောင်းပိုးတွေကို အချိန်နဲ့တစ်ပြေးညီ ကမ္ဘာတစ်ဝန်းလုံးက  စောင့်ကြည့်နေပါတယ်။    တစ်ချိန်မှာ မြန်မာနိုင်ငံကစဖြစ်တဲ့   မျိုးဗီဇမရှိ နိုင်ဘူးလားဆိုရင် ရှိနိုင်ပါတယ်။   ဒီလိုမဖြစ်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ 


ဗိုင်းရပ်စ်ရဲ့ကူးစက်မှုတွေကို မဟန့်တားနိုင်ဘူး၊ ကူးစက်မှုတွေက ဆက်ပြီးရှိနေမယ်၊ ကူးစက်ခံရတဲ့ အခါ အသက်ကြီးသူ၊  နောက်ခံရောဂါရှိသူတွေမှာ ဆိုးဆိုးရွားရွားဖြစ်တယ်ဆိုရင်      ဗိုင်းရပ်စ်က ကြာကြာနေရတော့ မျိုးဗီဇပြောင်းလဲမှုတွေ စလုပ် မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါဖြစ်ပွားမှုတွေ နည်းနေတဲ့အခြေအနေက ရုတ်တရက်များပြီဆိုရင် မျိုးဗီဇပြောင်းလဲမှုတွေများ ဖြစ်နေပြီလားဆိုပြီး သံသယရှိရမှာ ဖြစ်ပါတယ်။  


နံပါတ် ၂ က ကိုဗစ် - ၁၉ ကာကွယ်ရေးနည်းလမ်း တွေကို ပြောပေမယ့် နှစ်နှစ်လောက် ကြာလာတဲ့အခါ ပေါ့ဆလာတဲ့အတွက် ပိုးကို အခွင့်ကောင်းပေးသလို ဖြစ်ပြီး‌  ရောဂါပိုးက    တစ်ဖန်ပြန်လည်ခေါင်းမော့ လာကာ  ကူးစက်မှုတွေ များလာတာဖြစ်ပါတယ်။ Mask မတပ်ဘူး၊ လူအုပ်စုမရှောင်ဘူး၊ တစ်ယောက် နဲ့တစ်ယောက် ခပ်ခွာခွာမနေဘူးစတဲ့    ကိုဗစ် စည်းကမ်းတွေကိုမလိုက်နာဘူးဆိုရင် ရောဂါကို ထိန်းချုပ်နိုင်တဲ့အနေအထားကနေ     ပြန်ပြီး ခေါင်းထောင်လာနိုင်ပါတယ်။ 


နံပါတ် ၃ က ရုတ်တရက်   ဒေသတစ်ခုမှာ အကြောင်းအရာတစ်ခု၊ ဖြစ်ရပ်တစ်ခုကြောင့် လူစု လူဝေးတွေဖြစ်တယ်ဆိုရင်   ကူးစက်မှုများလာဖို့ အခွင့်အရေးပေးသလို ဖြစ်လာနိုင်ပါတယ်။ အဓိက ဒီ ၃ ချက်ကြောင့် ရောဂါဖြစ်ပွားမှု ငြိမ်နေတဲ့အခြေ အနေကနေ ရောဂါဖြစ်ပွားမှုတွေ   များလာရတယ် လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။ ဒါက နယူးယောက်က  ထုတ်ပြန်ထားတဲ့  သုံးသပ်ချက် ဖြစ်ပါတယ်။ နောက်ထပ်မျိုးဗီဇတွေ မဖြစ်ပေါ်ဖို့ ဆိုတာ  အားလုံးတစ်ယောက်စီတိုင်းက  ကိုဗစ် စည်းကမ်းတွေကို မပျက်မကွက်လိုက်နာဖို့လိုတယ် ဆိုတာကို သိစေချင်ပါတယ်။ 


မေး    ။    ။     ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြော             ကြားပေးပါ။
ဖြေ    ။    ။     ကာကွယ်ဆေးကို အသက်   ၅၅  နှစ်             အထက်တွေ ထိုးနှံနိုင်ပါတယ်။ မသန် စွမ်းသူတွေ ထိုးနှံနိုင်ပါတယ်။     တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ထိုးနှံနိုင်ပါတယ်။    ရွှေ့ပြောင်း လူအုပ်စုတွေ၊ ယာယီစခန်းတွေက လူတွေထိုးနှံနိုင် ပါတယ်။  နာတာရှည်ရောဂါနဲ့   သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ်အစရှိတဲ့ မကူးစက်တတ်သော ရောဂါတွေ  ခံစားနေရသူတွေ ထိုးနှံနိုင်ပါတယ်။ နောက်ပိုင်းမှာ ကာကွယ်ဆေးရရှိမှုအပေါ်မူတည်ပြီး တိုးချဲ့ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။


ဆေးထိုးစုရပ်တွေက ဝေးတဲ့အခါ အလွယ်တကူ မလာရောက်နိုင်မှာစိုးတဲ့အတွက်  ကျေးလက်ဒေသ အခြေပြုပြီး    ကာကွယ်ဆေးထိုးနှံပေးဖို့တွေကို လည်း ဆောင်ရွက်ထားပါတယ်။ ဆေးထိုးစုရပ်ကို လာပြီဆိုရင် မှတ်ပုံတင် သို့မဟုတ် သက်သေခံ ကတ်ပြားယူဆောင်လာရမှာဖြစ်ပါတယ်။ သို့သော် သန်းခေါင်စာရင်းပြခိုင်းတာမျိုးတွေနဲ့ မလိုအပ်ဘဲ ကြန့်ကြာအောင် မလုပ်သင့်ပါဘူး။ ဥပမာပြောရရင် အသက် ၆၅ နှစ်အထက်တွေကို ထိုးပေးတာဆိုရင် ၆၅ နှစ်ပြည့်ပြီးကြောင်း သက်သေပြနိုင်ရင် ထိုးပေး သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့  လာ‌ရောက် ထိုးနှံတာကို ဝမ်းမြောက်ဝမ်းသာကြိုဆိုရမှာ ဖြစ်ပါ တယ်။ ချိန်းဆိုတဲ့ရက်ကို စာရွက်ပေါ်မှာ ရေးတာမျိုး မဟုတ်ဘဲ နောက်လ ဘယ်ရက်မှာ  လာရောက်ပြီး မပျက်မကွက်ထိုးနှံဖို့လည်းပြောပါ။        အကြောင်း ကြောင်းကြောင့် ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးဖို့ ပျက်ကွက်တယ်ဆိုရင်လည်း          အနီးဆုံးရက်မှာ လာရောက်ထိုးနှံပါ။ ထိုးပြီးရင် QR ကုတ်ပါတဲ့ ကတ် ကို ပေးလိုက်မှာ ဖြစ်ပါတယ်။ မဖြစ်မနေ ခရီးသွားဖို့ လိုအပ်တယ်ဆိုရင် ဒီကတ်ကိုယူဆောင်သွားပါ။ 


ဆေးထိုးစုရပ်မှာ တာဝန်ရှိတဲ့သူတွေအနေနဲ့ စနစ်တကျသေချာမှတ်တမ်းတင်ပါ။ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံတယ်ဆိုတာ နိုင်ငံသားတစ်ယောက် တာဝန်ကျေပွန်တာဖြစ်တယ်၊ မိမိတို့ ပတ်ဝန်းကျင် က ထိုးဖို့အခွင့်အလမ်းရှိသော်လည်း မထိုးရသေးသူ တွေကိုလည်း\ တစ်ဆင့်စကားနဲ့ ပြန်ကြားပေးပါ စသဖြင့် ပြောဆိုခြင်းအားဖြင့်    ကာကွယ်ဆေး လွှမ်းခြုံမှုက လိုအပ်တဲ့အတိုင်း ရရှိမှာဖြစ်ပါတယ်။ ကာကွယ်ဆေးလွှမ်းခြုံမှု   အားကောင်းလာရင် တတိယလှိုင်းမှာ တွေ့ကြုံခဲ့ရတဲ့ ဖြစ်ပွားသေဆုံးမှု တွေလို  ထပ်ပြီးမဖြစ်တော့ဘဲ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။