
ဒေါက်တာခင်ခင်ကြီး
================
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇူလိုင် ၂၄ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉
တတိယလှိုင်း ဖြစ်ပွားနေတာ နဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက် ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ဒီနေ့မှာ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဘယ်လို အကျိုးကျေးဇူးတွေရှိသလဲဆိုတာကို ရှင်းပြပေးပါ ဦး။
ဒေါက်တာခင်ခင်ကြီး။ ။ လက်ရှိမှာ ကိုဗစ် - ၁၉
ဖြစ်ပွားမှုက ကမ္ဘာ တစ်ဝန်းလုံးမှာ မြင့်တက်နေဆဲဖြစ်ပါတယ်။ ရောဂါ ကြောင့် သေဆုံးမှုတွေများနေဆဲဖြစ်ပါတယ်။ အထူး သဖြင့် ဖွံ့ဖြိုးဖို့လိုအပ်တဲ့နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဖို့ အားနည်း နေတဲ့နိုင်ငံတွေမှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှုနဲ့ သေဆုံး မှုက များနေတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းက ကာကွယ်ဆေးတွေရရှိဖို့၊ မိမိနိုင်ငံသား တွေကို ထိုးနှံပေးဖို့နဲ့ အမြန်ဆုံးကာကွယ်ပေးနိုင် ဖို့အတွက် ဘက်ပေါင်းစုံကနေ စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။ ဒီလို ကာကွယ်ဆေးထိုးဆောင်ရွက် ခြင်းသည် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို ကာကွယ်နိုင် ဖို့အတွက် အရေးပါတဲ့လက်နက်တစ်ခုလည်း ဖြစ်ပါ တယ်။
ကာကွယ်ဆေးတွေက စိတ်ချရ
ကာကွယ်ဆေးတွေထိုးခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးတွေရမလဲနဲ့ပတ်သက်ပြီး Centers for Disease Control and Prevention (CDC) ကနေထုတ်ပြန်ထားတဲ့ ကာကွယ်ဆေးတွေ ထိုးခြင်း ကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး နှစ်ချက်ရှိပါတယ်။ နံပါတ် (၁) အချက်က ကာကွယ်ဆေးတွေ ထိုးခြင်း ဖြင့် ကိုဗစ် - ၁၉ ကာကွယ်ဆေးတွေက စိတ်ချရ တယ်၊ ဘေးကင်းပါတယ်လို့ ပြောထားပါတယ်။ ဘာကြောင့်ဒီလို ပြောရတာလဲဆိုရင် ကာကွယ်ဆေး တွေ ထုတ်လုပ်တဲ့အခါမှာ သိပ္ပံပညာကို အခြေခံပြီး ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ဆယ်စုနှစ်ပေါင်းများစွာ၊ ရာစုနှစ်ပေါင်း များစွာ သုတေသနတွေလုပ်ခဲ့တဲ့ အစဉ်အလာတွေ ရှိပါတယ်။ ဒီကာကွယ်ဆေးက သိပ္ပံပညာရပ်အပေါ် အခြေခံပြီးလုပ်တဲ့အတွက်ကြောင့် ဆေးရဲ့ စိတ်ချ ယုံကြည်ရမှုနဲ့ အန္တရာယ်ကင်းစင်မှုက ကောင်းမွန် တယ်လို့ ပြောချင်ပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးတွေကို ထိုးနှံပေးနေ တယ်ဆိုတာ လူတွေမှာ စမ်းသပ်ပေးနေတာ မဟုတ် ပါဘူး။ အဆင့်လိုက် စမ်းသပ်မှုတွေနဲ့ သုတေသန ပြုမှုတွေအပေါ်မှာ ကျေနပ်မှုရှိမှသာ ထိုးနှံပေးခြင်း ဖြစ်ပါတယ်။ Clinical Trial လို့ခေါ်တဲ့ လူတွေမှာ စမ်းသပ်တဲ့အဆင့်ပေါင်း သုံးဆင့် လုပ်ရပါတယ်။ ဒီအဆင့်တွေကို မပြုလုပ်ခင်မှာ တိရစ္ဆာန်တွေမှာ စမ်းသပ်တာတွေ လုပ်ပါတယ်။ ဒီလို စမ်းသပ်တဲ့အခါ မှာလည်း သူ့ရဲ့အဆင့်တိုင်းမှာ ဘေးကင်းလုံခြုံမှု၊ စိတ်ချရမှု၊ အာနိသင်ရှိမှု၊ ကာကွယ်ဆေးရဲ့ ထိုးနှံရ တဲ့ပမာဏ ဒါတွေကို အသေးစိတ်ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒီလိုမျိုး စမ်းသပ်စစ်ဆေးမှုလုပ်တဲ့ အခါမှာ လိုအပ်တဲ့စစ်ဆေးမှုတွေကို ပြင်းပြင်း ထန်ထန်လုပ်ပါတယ်။ နောက်ပြီး ကာကွယ်ဆေးရဲ့ အဆင့်တိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိ/မရှိ၊ ဆေးရဲ့အာနိသင်ကောင်းမွန်မှု၊ စိတ်ချရမှုတွေကို အမြဲမပြတ် စောင့်ကြည့်စစ်ဆေးပါတယ်။ ဒီလို စောင့်ကြည့်ပြီးမှရလာတဲ့ စိတ်ချရပြီး ထိရောက်တဲ့ ကာကွယ်ဆေးတွေကို အသုံးပြုတာဖြစ်ပါတယ်။ ဒီနေရာမှာ ကာကွယ်ဆေးတွေရဲ့ ထုတ်လုပ်မှုစနစ် တိုင်းမှာ စိတ်ချရမှုကို စောင့်ကြပ်ကြည့်ရှုတဲ့ လုပ်ငန်းကို သာမန်ဆောင်ရွက်ခြင်း မဟုတ်ဘဲ သေသေချာချာ ဂရုတစိုက် စောင့်ကြပ်ကြည့်ရှုပြီး လုပ်တဲ့ ကာကွယ်ဆေးတွေဖြစ်တဲ့အတွက်ကြောင့် ကာကွယ်ဆေးတွေသည် စိတ်ချရပါတယ်။
သေဆုံးမှုကနေ ကာကွယ်ပေး
နံပါတ် (၂) အချက်က ကာကွယ်ဆေးတွေသည် ထိရောက်ပါတယ်။ ကာကွယ်ဆေးတွေရဲ့ ထိရောက် မှုနဲ့ပတ်သက်ပြီး ကာကွယ်ဆေး ထိုးနှံခံရတဲ့သူတွေ ကို ကိုဗစ်ရောဂါကြောင့် ပြင်းထန်စွာ နာမကျန်းဖြစ် ခြင်း၊ ဆေးရုံတက်ရောက်ရခြင်းနဲ့ သေဆုံးမှုကနေ ကာကွယ်ပေးပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်ကာကွယ် ဆေးကမှ ၁၀၀ ရာခိုင်နှုန်း ကာကွယ်မှု မပေးနိုင် ပါဘူး။ ကာကွယ်ဆေးရဲ့ ကာကွယ်ပေးနိုင်မှုက အကန့်အသတ်ရှိပါတယ်။ ဒါကလည်း ဆေးထိုးနှံခံရ သူရဲ့ အသက်အရွယ်၊ ကိုယ်ခံအားနဲ့ နောက်ခံရောဂါ အခြေအနေ၊ တခြားသော အကြောင်းရင်းတွေ အများကြီးပါပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောရရင် ကျွန်မတို့ ရာသီတုပ်ကွေး ကာကွယ်ဆေးတွေကို နှစ်စဉ်ထိုးနှံတယ်။ ဒီဆေးရဲ့ ကာကွယ်နိုင်မှုက ၅၀ ရာခိုင်နှုန်းပဲရှိပါတယ်။ သို့သော် ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးနှံထားရင် တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်ရောက်ရမှုနဲ့ သေဆုံးမှုတွေကနေ အများကြီး ကာကွယ်နိုင်ပါတယ်။
ရောဂါပိုးအသစ်ဖြစ်
ဒီသဘောအတိုင်းပါပဲ။ အခုလက်ရှိဖြစ်နေတဲ့ ကိုဗစ် - ၁၉ ရောဂါသည် ရောဂါအသစ်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ တစ်ခါမှ မပေါ်ဖူးသေးတဲ့ရောဂါဖြစ်ပါ တယ်။ ကိုဗစ် - ၁၉ ရောဂါကို ဖြစ်စေတဲ့ Sars-Cov-2 ဗိုင်းရပ်စ်သည် ရောဂါပိုးအသစ် ဖြစ်ပါတယ်။ သို့သော် ရောဂါအသစ်တွေအတွက် ထုတ်လုပ်ထား တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဟာ အလွန် ထိရောက်ပြီး ကောင်းမွန်ပါတယ်၊ စိတ်ချရပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ထိုးနှံခံရသူတွေမှာ ပြင်းထန်စွာဝေဒနာခံစားရမှုတွေ၊ ဆေးရုံတက် ရမှုတွေ၊ သေဆုံးမှုတွေကနေ ကာကွယ်နိုင်တယ် ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ သို့သော် ကာကွယ်ဆေးက ၁၀၀ မှာ ၁၀၀ လုံး မကာကွယ်နိုင် ဘူး ဖြစ်တတ်တဲ့အတွက်ကြောင့် တချို့သောသူတွေ မှာ ကာကွယ်ဆေးထိုးနှံပြီးပေမယ့်လို့ သာမန် လက္ခဏာတွေဖြစ်တဲ့ ဖျားတယ်၊ ချောင်းဆိုးတယ်၊ အနံ့၊ အရသာပျောက်တယ် စသဖြင့် ဒီလိုမျိုးတွေ ရှိနေနိုင်ပါတယ်။ သေချာတာတစ်ခုက ကာကွယ် ဆေးထိုးနှံခံရပြီးသူမှာ ရောဂါပိုးပြန်တွေ့တယ် ဆိုတာက တချို့သူတွေမှာ ရောဂါလက္ခဏာပေါ်လို့ ပေါ်မှန်းတောင် မသိပါဘူး။ သူ့ကို ပိုးရှိတဲ့သူနဲ့ ထိတွေ့ခဲ့လို့ စမ်းသပ်ကြည့်လိုက်မှသာ ပိုးတွေ့ တာမျိုးတွေ၊ သာမန်လက္ခဏာလောက်ပဲ ခံစားနေရ တာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ဘာကြောင့်ထိုးနှံသင့်သလဲ ဆိုတာကို သိနိုင်ပြီဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးနှံတဲ့နေရာမှာ ဘယ်လောက် အထိ ထိရောက်သလဲ၊ တစ်ကြိမ်ထိုးရင်တောင် ဘယ်လောက်အထိ ထိရောက်သလဲဆိုတာနဲ့ ပတ်သက်လို့ သုတေသနပြုလုပ်ချက်တွေမှာလည်း ရှိပြီးသားဖြစ်ပါတယ်။
အစီအစဉ်မှူး။ ။ ကာကွယ်ဆေးထိုးနှံတဲ့အခါ
မှာ ကာကွယ်ဆေးရဲ့ အကျိုး ရလဒ်အနေနဲ့ ဘယ်လောက်အထိ ထိရောက်မှုတွေ ရှိသလဲဆိုတာကို သိပါရစေ။
ဒေါက်တာခင်ခင်ကြီး။ ။ ကာကွယ် ဆေးက
ထိုးနှံ ပြီးပြီဆိုရင် ကာကွယ်ဆေးရဲ့ ထိရောက်မှုက တကယ့်ကို အစွမ်းရှိတယ်ဆိုတာကို သုတေသနပြုချက်တွေအရ ပေါ်ထွက်လာခဲ့ပြီး ဖြစ်ပါတယ်။ Sars-Cov-2 ဆိုတဲ့ ကိုဗစ် - ၁၉ ရောဂါဖြစ်စေတဲ့ဗိုင်းရပ်စ်ကို တိုက်ခိုက် နိုင်ဖို့အတွက် ကာကွယ်ဆေးတစ်ခုကို အသိအမှတ် ပြုဖို့၊ သုံးစွဲခွင့်ပြုဖို့အတွက် ကာကွယ်ဆေးတွေ ထုတ်လုပ်တဲ့အခါမှာ ကာကွယ်ဆေးရဲ့ ထိရောက် မှုကိုလည်း အများကြီးကြည့်ပါတယ်၊ ချိန်ညှိပါတယ်၊ စဉ်းစားပါတယ်။
၉၀ ရာခိုင်နှုန်းကျော် ကာကွယ်နိုင်
ဒီနေရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ အရေးပေါ်အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေး တွေသည် တစ်ကြိမ်ထိုးပြီးရင် ၆၀ ရာခိုင်နှုန်းအထက် ကာကွယ်ပါတယ်။ နှစ်ကြိမ်ထိုးပြီးပါက ၇၀ နဲ့ ၉၀ ရာခိုင်နှုန်းကြား ကာကွယ်ပါတယ်။ သို့သော် ရောဂါ ကြောင့် ပြင်းထန်စွာနာမကျန်းဖြစ်မှုနဲ့ ဆေးရုံ တက်ရောက်ရမှုတွေကို ဒီကာကွယ်ဆေးတွေက ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်နိုင်ပါတယ်။ ဒီနေရာ မှာ ကူးစက်မြန်တဲ့ ဗီဇပြောင်းပိုးဖြစ်တဲ့ ‘ဒယ်လ်တာ’ ဗိုင်းရပ်စ်ပိုးအပါအဝင် အမျိုးမျိုးသော မျိုးဗီဇပြောင်း ပိုးတွေကိုပါ ဒီကာကွယ်ဆေးတွေက အကျုံးဝင်ပါ တယ်။
ဒါဆိုရင် ကာကွယ်ဆေးတွေ ထိရောက်တယ် ဆိုတာ ကာကွယ်ဆေး ထိုးပြီးသားသူတွေကို ပြင်းထန်နာမကျန်းဖြစ်မှုတွေ၊ ဆေးရုံတက်ရောက် ရတဲ့အထိ ဆိုးရွားစွာခံစားရမှုတွေ၊ အောက်ဆီဂျင် ရှူရတာတွေ၊ သေဆုံးတာတွေကနေ ကာကွယ်နိုင် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ဆေး ထိုးပြီးသားသူမှာ ကိုဗစ် - ၁၉ ဗိုင်းရပ်စ်က အကြောင်း ကြောင်းကြောင့် ဝင်လာလို့ရှိရင် ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲရောက်ပြီဆိုရင် ပွားများဖို့လုပ်ပါတယ်။ ဒါက ဗိုင်းရပ်စ်အနေနဲ့ သူ့ရဲ့ မျိုးရိုးဗီဇ တည်တံ့ဖို့ အတွက် ကြိုးစားမှုရဲ့ပြယုဂ်တစ်ခုလည်း ဖြစ်ပါ တယ်။ ဒီလိုဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲ ရောဂါပိုးပွား များနေပြီဆိုရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကိုယ်ခံအား စနစ်က ချက်ချင်းသိပြီး ရောဂါပိုး ဆက်လက် ပွားများမှု မလုပ်နိုင်အောင်၊ ပွားများတဲ့ ရောဂါပိုး တွေကနေ ခန္ဓာကိုယ်ကို ဒုက္ခမပေးနိုင်အောင် လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကိုယ်ခံအားစနစ်ကနေ တိုက်ထုတ်ဖို့အတွက် ပဋိဇီဝပစ္စည်းတွေ ထုတ်လုပ် ပါတယ်။ ဒီပဋိဇီဝပစ္စည်းကနေ ရောဂါပိုးကို တိုက်ထုတ်ပါတယ်။
ဒါကြောင့် ရောဂါပြင်းထန်စွာခံစားရမှုတွေ မဖြစ်ပါ ဘူး။
ရောဂါပြင်းထန်စွာ မခံစားရတဲ့အတွက် ကြောင့် သာမန်ရောဂါလက္ခဏာ ပေါ်ချင်မှလည်း ပေါ်မယ်၊ အသင့်အတင့် ရောဂါလက္ခဏာလည်း ပေါ်ချင်ပေါ်မယ်၊ အသင့်အတင့် ရောဂါလက္ခဏာ ကနေ နည်းနည်းပြင်းထန်လာပေမယ့် ဆိုးရွား ပြင်းထန်တဲ့အခြေအနေ၊ အောက်ဆီဂျင်ပေးရတဲ့ အခြေအနေတွေအထိ ရောက်ချင်မှရောက်မှာဖြစ်ပါ တယ်။
တချို့သုတေသနတွေအရ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးထားတယ်။ နှစ်ကြိမ်ထိုးရတဲ့ ကာကွယ်ဆေးတွေဆိုရင် ဒုတိယအကြိမ်ထိုးပြီး နှစ်ပတ်အကြာနဲ့ တစ်ကြိမ်တည်းထိုးရတဲ့ ကာကွယ် ဆေးတွေဆိုရင် ဆေးထိုးပြီး နှစ်ပတ်အကြာမှာ ကာကွယ်ဆေး အပြည့်အဝရရှိတယ်လို့ သတ်မှတ် ပါတယ်။ ကာကွယ်ဆေး အပြည့်အဝရရှိပြီးချိန် ကစပြီး ရောဂါကာကွယ်နိုင်မှု အာနိသင်အနေနဲ့ ကောင်းမွန်ပါတယ်။ ပြင်းထန်စွာရောဂါဖြစ်ပွားမှုနဲ့ ဆေးရုံတက်ရောက်ရမှုတွေကို ရာနှုန်းပြည့်နီးပါး ကာကွယ်နိုင်တယ်လို့ ပြောထားတာရှိပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးထိုးနှံထားသူက မိမိသာမက မိမိရဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကို ပါ ကာကွယ်ပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကာကွယ်ဆေးထိုးနှံထားသူက ကာကွယ်နိုင်မှု အာနိသင်ရသွားတယ်။ ရောဂါပိုးဝင်ရောက်လာရင် တောင် ကိုယ်ခံအားနဲ့ တိုက်ထုတ်တယ်။ တိုက်ထုတ် တဲ့အတွက် သူ့မှာ ဗိုင်းရပ်စ်ပိုးကောင်ရေ ပမာဏ အများကြီးမရှိနိုင်တော့ဘူး။ ဗိုင်းရပ်စ်ပိုးကောင်ရေ အများကြီးမရှိတဲ့အတွက် သူကနေ ဗိုင်းရပ်စ်ပိုး ကောင်ရေ အများကြီးမထုတ်နိုင်တဲ့အတွက် ကြောင့် သူ့ရဲ့ဘေးပတ်ဝန်းကျင်ကို ကာကွယ်ပြီး သား ဖြစ်ပါတယ်။ ဒါဟာ အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးနှံပြီးသား တချို့တွေမှာ ကာကွယ်ဆေးထိုးနှံထားသော်လည်း ရောဂါပိုး တွေ့ရှိမှုတွေရှိနိုင်ပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ ဘယ်ကာကွယ်ဆေးကမှ ၁၀၀ ရာခိုင်နှုန်း ကာကွယ် နိုင်တယ်ဆိုတာ ကမ္ဘာပေါ်မှာ မရှိသေးပါဘူး။ သို့သော် ပြင်းထန်စွာနာမကျန်းဖြစ်မှု၊ ဆေးရုံတက်ရောက်ရမှု နဲ့ သေဆုံးမှုတွေကနေ ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် သာမန်ရောဂါလက္ခဏာနဲ့ အသင့်အတင့် ရောဂါလက္ခဏာရှိမှုက ရှိနိုင်ပါတယ်။ ဒါကလည်း ကာကွယ်ဆေးထိုးနှံတဲ့သူရဲ့ အသက်အရွယ်၊ နောက်ခံ ရောဂါ ရှိ/ မရှိ၊ ကိုယ်ခံစွမ်းအားတက်မှုတွေ က တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့အတွက် ဒါတွေကို မူတည်ပြီး သူ့အနေနဲ့ ရောဂါပြင်းထန်စွာ ခံစားရမှု၊ အောက်ဆီဂျင်ပေးရမှုနဲ့ သေဆုံးမှုတွေ ဖြစ်ပေါ်ဖို့အတွက် အခွင့်အလမ်း အလွန်နည်းသွား ပါတယ်။
ကာကွယ်ဆေးတွေ မကြာမီရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ရောက်ရှိလာမယ့် ကာကွယ်ဆေးတွေ ကို ထိုးနှံသင့်တဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် ရောဂါ ပြင်းထန်စွာ ခံစားရနိုင်တဲ့၊ သေဆုံးနိုင်တဲ့ လူအုပ်စု တွေကို ဦးစားပေးထိုးနှံပေးမှာ ဖြစ်ပါတယ်။ ဒီအခါ မှာ ကာကွယ်ဆေးရဲ့အာနိသင်တွေကို ပြည့်ပြည့်ဝဝ ရရှိပြီး ကိုဗစ် - ၁၉ ရောဂါကြောင့် ပြင်းထန်စွာ ခံစားရမှုတွေ၊ ဆေးရုံတက်ရောက်ရမှုတွေ၊ သေဆုံး မှုတွေကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ဒီနေရာမှာ ကာကွယ်ဆေးရဲ့ အကျိုးကျေးဇူး တွေကို အကျဉ်းချုပ်ပြောရရင် ကာကွယ်ဆေးတွေ ဟာ စိတ်ချရပါတယ်။ ဘေးကင်းလုံခြုံပါတယ်။ မိမိအနေနဲ့ ကာကွယ်ဆေးထိုးနှံထားရင် မိမိ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုလည်း ကာကွယ်နိုင် တဲ့ အာနိသင်ရတဲ့အပြင် မိမိရဲ့ ပုံမှန်လုပ်ငန်း ဆောင်တာတွေကို ပိုပြီး ပုံမှန်အတိုင်းလုပ်ဆောင် လို့ရပါတယ်။ ကာကွယ်ဆေးက မိမိရဲ့ ကိုယ်ခံအား ကို တည်ဆောက်ဖို့ စိတ်ချရတဲ့၊ ဘေးကင်းလုံခြုံတဲ့ နည်းလမ်းဖြစ်ပါတယ်။
ကာကွယ်ဆေးအမြန်ဆုံးထိုးနှံ
ကိုဗစ် - ၁၉ ဖြစ်ပြီးလို့ ကိုယ်ခံအားရတယ်ဆိုရင် သူကလည်း ကာကွယ်နိုင်တဲ့အာနိသင် အတိုင်းအတာ တစ်ခုအထိ ရရှိပါတယ်။ ဒီနေရာမှာ ဘယ်ကိုဗစ် - ၁၉ ကာကွယ်ဆေးကြောင့် ကိုဗစ် - ၁၉ ရောဂါ မဖြစ်ဘူးလို့ ပြောချင်ပါတယ်။ ကျွန်မတို့ရဲ့ ဦးစား ပေးအုပ်စုတွေက အသက် ၆၀ အထက် သက်ကြီး ရွယ်အိုတွေ၊ နောက်ခံရောဂါရှိတဲ့သူတွေ၊ ဘဏ် ဝန်ထမ်းတွေ၊ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှု လုပ်နေတဲ့ ဝန်ထမ်းတွေ၊ စက်ရုံအလုပ်ရုံတွေမှာရှိတဲ့ ဝန်ထမ်းတွေ၊ လူအုပ်စုအလိုက် စုစည်းနေထိုင်တဲ့ အကျဉ်းထောင်တွေ၊ ဘိုးဘွားရိပ်သာတွေ စတာတွေ ကို ဦးစားပေးထိုးနှံပေးဖို့အတွက် ရည်မှန်းထားပါ တယ်။ ဒီလိုဦးစားပေးထိုးနှံနိုင်မယ့် အခွင့်အရေးရတဲ့ သူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံခံရမယ့် အခွင့် အရေးရှိရင် အမြန်ဆုံးထိုးနှံကြဖို့ တိုက်တွန်းလိုပါ တယ်။
ကျေးဇူးတင်ပါတယ်။
ထက်လျှံ