ကာကွယ်ရေးဦးစီးချုပ် (လေ) တံခွန်စိုက်ဒိုင်း​ ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ

 

နေပြည်တော်   ဩဂုတ်   ၅


၂၀၂၂ ခုနှစ် (၆၁) ကြိမ်မြောက်  ကာကွယ်ရေးဦးစီးချုပ် (လေ) တံခွန်စိုက်ဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို    ယနေ့နံနက်ပိုင်းက   မိတ္ထီလာမြို့ရှိ  လေကြောင်းအတတ်သင်  လေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်အားကစားကွင်း၌ ပြုလုပ်ရာ တပ်မတော် (လေ) မှအရာရှိကြီးများ၊အရာရှိ/စစ်သည်၊မိသားစုဝင် များ၊ တပ်မတော် ပြေးခုန်ပစ်အဖွဲ့မှတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုကို           ကြည့်ရှု အားပေးကြသည်။

 


ထို့နောက်  ဆုပေးပွဲကို  ဆက်လက်ကျင်းပရာ ဆုရရှိသောအားကစားသမားများကို  တာဝန်ရှိသူများ ကလည်းကောင်း၊       တံခွန်စိုက်ဒိုင်းဆုရရှိသော အသင်းအား ကာကွယ်ရေးဦးစီချုပ်(လေ)  ကိုယ်စား လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်းဌာနချုပ်မှူး  ဗိုလ်ချုပ်   စိုးအောင်က လည်းကောင်း   ဆုများ  ပေးအပ်သည်။

 


အဆိုပါ   ပြေးခုန်ပစ်ပြိုင်ပွဲကို  ပြိုင်ပွဲဝင်အသင်း ၁၄ သင်းဖြင့် ဩဂုတ် ၁ ရက်မှ ၅ ရက်အထိ ယှဉ်ပြိုင် ကစားခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်