
ကျောက်တံခါး ဇန်နဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့မရဲစခန်းအပိုင် ရင်းတိုက်ကုန်း ကျေးရွာအုပ်စု ကျွန်းကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေး(ကားလမ်း ဟောင်း) မိုင်တိုင်အမှတ် ၁၀၃/၃ နှင့် ၄ အကြားတွင် ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ယာဉ်တိုက်မှုဖြစ်ပွားရာ အမျိုးသမီးတစ်ဦး နေရာတွင် သေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။
ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ တာဝန်မှူးဒုရဲအုပ် ကျော်ခိုင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်အရပ်သို့ ရောက်ရှိ စစ်ဆေးရာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ သက်ရှည်(၃၈နှစ်) သူဌေး ကုန်းကျေးရွာ ကျောက်တံခါးမြို့နေသူ မောင်းနှင်လာသော MDY-7M/-----နံပါတ်ပါ FORLAND ခြောက်ဘီးယာဉ်သည် အရှိန်မထိန်း နိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မန္တလေးဘက်မှ ရန်ကုန် ဘက်သို့ မစောနန်းဝေ (၃၆နှစ်) သူဌေးကုန်းကျေးရွာနေသူမောင်းနှင် ပြီး နောက်တွင် မနွယ်နီ (၂၉နှစ် ) ကျွဲတဲရပ်ကွက် ရွှေကျင်မြို့နေသူ နှင့် မောင်ထက်အာကာဝင်း(၈)နှစ် ခင်တိုကျေးရွာနေသူ လိုက်ပါလာ သော နံပါတ်မပါ DAYANG -110 ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိရာ မစောနန်းဝေသည် ကိုယ်ဝန်ခုနစ်လခန့်ရှိပြီး ဒဏ်ရာများဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံးကာ မနွယ်နီနှင့် မောင်ထက်အာကာဝင်း (အတွင်းလူနာ/စိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လူများအား ထိခိုက်ဒဏ်ရာရရှိ၍ သေဆုံး အောင် မောင်းနှင်သူ သက်ရှည်အား ကျောက်တံခါးမြို့မရဲစခန်းက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)