
ဘမောင်တိုး
====
ကမ္ဘာပေါ်က နိုင်ငံအတော်များများ လက်ခံကျင့်သုံး နေတဲ့ ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့နိုင်ငံလည်း လိုက်ပါကျင့်သုံးနေပါတယ်။ လွတ်လပ်ခြင်း၊ ညီမျှ ခြင်း၊ တရားမျှတခြင်းနဲ့ ပြည်သူ့ဆန္ဒကို ဦးစားပေး ခြင်းစတာတွေဟာ ပြည်သူအားလုံးရဲ့ ကောင်းကျိုး ကို ဆောင်ကြဉ်းပေးနိုင်တဲ့ ဒီမိုကရေစီစံနှုန်းတွေလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ၂၀၁၀ မှာစတင်တဲ့ ပထမငါးနှစ် သက်တမ်းနဲ့ ၂၀၁၅ မှာစတင်တဲ့ ဒုတိယငါးနှစ် သက်တမ်းတွေအတွင်းမှာ ဒီမိုကရေစီအခွင့်အရေး တွေ ထူးထူးခြားခြားရလာပေမယ့် ပြည်သူတွေ အတွက် အကျိုးစီးပွားကတော့ ထိထိရောက်ရောက် ဖြစ်မလာဘူးလို့ ဆိုချင်ပါတယ်။
အလုံးစုံဖျက်ဆီးရေး
အဲဒီတော့ စနစ်က အဓိကလား၊ ပြည်သူတွေ ရဲ့ဘဝက အဓိကလားဆိုတာ မေးခွန်းထုတ်စရာဖြစ် လာပါတယ်။ ပြည်သူတွေရဲ့ဘဝတွေ မပြည့်စုံသရွေ့၊ နိုင်ငံရေးမှာ မရိုးသားသရွေ့ ရွေးကောက်ပွဲတွေလုပ် ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် တက်လိုက် ပြန်ဆင်းလိုက်နဲ့ တစ်လှည့်စီဖြစ်နေမှာ သေချာပါ တယ်။ ဒီမိုကရေစီမူမမှန်တာ၊ တိုင်းပြည်ဆင်းရဲတာ ဟာ စစ်အာဏာရှင်ကြောင့် မဟုတ်ပါဘူး။ အာရှမှာ တိုးတက်နေတဲ့ အာဏာရှင်နိုင်ငံတွေ ရှိပါတယ်။
ဒီမိုကရေစီပါလို့ ကြွေးကြော်ခဲ့တဲ့ NLD လက်ထက်မှာရော တိုးတက်ခဲ့ပါသလား။ လွဲချော်တဲ့ စီးပွားရေးစနစ်တွေ၊ လက်ဝဲဗဟိုဦးစီးစနစ်တွေ၊ လစ်ဘရာစုံ ဘာသာစုံတန်းတူမှုတွေ၊ ဘာသာခြား လူမျိုးခြားပြဿနာတွေ၊ ကိုဗစ်အကြောင်းပြ စည်းရုံးမှုတွေ၊ ရွေးကောက်ပွဲမသမာမှုတွေ၊ တစ်ပါတီအာဏာရှင်ဖြစ်ရေး ကြိုးပမ်းမှုတွေကနေ နောက်ဆုံးဖြစ်မလာတော့ အလုံးစုံဖျက်ဆီးရေး လမ်းခင်းလိုက်တာတွေကို တွေ့နေရပါတယ်။
စစ်မှန်တဲ့ဒီမိုကရေစီ
ဒီမိုကရေစီစနစ်နဲ့ သွားနေပြီး ပြည်သူတွေ ဆင်းရဲတွင်းနက်နေတဲ့ နိုင်ငံတွေအများကြီးရှိပါ တယ်။ မြန်မာနိုင်ငံက လိုချင်တာက ပြည်သူတွေ မပူမပင်မကြောင့်မကြ ဝဝလင်လင်နေနိုင်တဲ့ ဒီမိုကရေစီကို လိုချင်တာပါ။ မှန်ကန်တိုးတက်တဲ့ နိုင်ငံရေးစနစ်ကို မတည်ဆောက်နိုင်ဘဲ ပြည်သူတွေ စိတ်ဝမ်းကွဲတဲ့၊ အလုံးစုံပျက်စီးတဲ့ ဒီမိုကရေစီကို မလိုချင်ပါဘူး။ အဓိကကတော့ ပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ ထမင်းဝဝစားနိုင်ဖို့၊ စီးပွားရေး ကောင်းဖို့ အရေးကြီးပါတယ်။ ခိုင်မာတောင့်တင်းတဲ့ စီးပွားရေးကို သွားမယ်ဆိုရင် လျှပ်စစ်မီး၊ စမတ် ကတ်မှတ်ပုံတင်၊ အီလက်ထရွန်နစ် ငွေပေးချေမှုစနစ် နဲ့ e-Government စနစ်တွေ အားကောင်းလာဖို့ အရေးကြီးပါတယ်။ e-Government တွေကောင်း လာရင် အဂတိလိုက်စားမှုတွေလည်း လျော့နည်း သွားမှာဖြစ်ပါတယ်။
အချင်းချင်းရန်တိုက်
ယခု CDM ကောင်းမှုကြောင့် ငွေသားကိုင် တွယ်အသုံးပြုမှု အခက်အခဲရှိတာကို အကြောင်းပြု ပြီး အီလက်ထရွန်နစ်ငွေချေမှုစနစ်ကို တွန်းတင်ပေး လိုက်သလိုဖြစ်လာပါတယ်။ ငွေကိုမကိုင်နိုင်တော့ ငွေတန်ဖိုးရှိလာပါတယ်။ ငွေကြေးဈေးကွက် တည်ငြိမ်သွားတဲ့ သဘောရှိလာပါတယ်။ အဆိုးထဲ က အကောင်းလို့ပြောရမှာ ဖြစ်ပါတယ်။ တကယ် တော့ ပြည်သူတွေအများစုဟာ အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင် စားသောက်နိုင်ရင် ဘယ်စနစ်ပဲဖြစ် ဖြစ်၊ ဘယ်သူအုပ်ချုပ်တာပဲဖြစ်ဖြစ် လက်ခံကြမှာ ဖြစ်ပါတယ်။
ဒါကိုသိထားတဲ့ နိုင်ငံရေးသမားတွေက ဒီမိုကရေစီအကြောင်းပြပြီး ပြည်သူလူထုအနေနဲ့ အမှား/အမှန်ကို မခွဲခြားတတ်အောင် ဖန်တီးနိုင်ခဲ့ပါ တယ်။ ပြည်သူလူထုထောက်ခံမှုအား များများ စားစားရတော့ ဒီမိုကရေစီအာဏာရှင်စနစ်ကို ခိုင်ခိုင်မာမာကိုင်စွဲပါတယ်။ မကိုင်စွဲနိုင်တော့ ပြည်သူအချင်းချင်း ရန်တိုက်ပေးပါတယ်။
ငါနဲ့မတူငါ့ရန်သူ
NLD ဟာ အာဏာလက်လွှတ်လိုက်ရတာနဲ့ ဝန်းရံသူတွေ၊ အပေါင်းပါတွေ၊ ထောက်ခံသူတွေရဲ့ တွန်းအားတွေနဲ့ မြန်မာပြည်ဖျက်စီမံကိန်းကို စတင် အကောင်အထည်ဖော်လာတာ မြင်တွေ့ရမှာဖြစ်ပါ တယ်။ ငြိမ်းချမ်းစွာဆန္ဒပြမှုမှ ဆူပူဆန္ဒပြမှု၊ ဆူပူ ဆန္ဒပြမှုမှ အကြမ်းဖက်ဆန္ဒပြမှု၊ အကြမ်းဖက်ဆန္ဒပြ မှုမှ အကြမ်းဖက်တိုက်ခိုက်မှုအဆင့်အထိ တွန်းပို့ပေး ခဲ့ပါတယ်။ ရပ်ရွာတွေမှာ “ငါနဲ့မတူ ငါ့ရန်သူ”လို့ သတ်မှတ်တဲ့ အပြစ်မဲ့ပြည်သူတွေကို ရက်ရက် စက်စက်သတ်ဖြတ်ကြပါတယ်။ စာသင်ကျောင်း တွေ၊ အများပြည်သူဆိုင်ရာနေရာတွေ၊ အစိုးရ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးပါတယ်။ မြို့ပြ ကာကွယ်ရေးအမည်တပ်ပြီး GZ တွေကနေ PDF တွေဖြစ်လာပါတယ်။ ရွေးကောက်ပွဲအကြိုကာလက တည်းက အမှားတွေကို စတင်တွေ့နေပါရက်နဲ့ အမှန်မပြင်တာ၊ မသိသလို နေခဲ့တာဟာ မရိုးသား တာပါပဲ။
သွေးထိုးလှုံ့ဆော်
ယုတ်မာရက်စက် အကြံပက်စက်တဲ့ နိုင်ငံရေး သမားတွေဟာ အသိအမြင် ဗဟုသုတနဲ့ အသိတရား အားနည်းတဲ့ လူငယ်တွေ၊ စိတ်ခံစားလွယ်တဲ့ လူငယ် တွေ၊ တက်ကြွလူငယ်တွေကို အသုံးချခဲ့ပါတယ်။ လမ်းမှားပေါ်ကို တွန်းပို့ခဲ့ကြပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် EAOs တွေ လက်ထဲအပ်ခဲ့ကြပါတယ်။ လူငယ်တွေဟာ တောထဲကိုသွားပြီး EAOs တွေဆီ မှာ မဖြစ်စလောက် စစ်သင်တန်းတွေ တက်ခဲ့ကြ ပါတယ်။ လည်ဝယ်တဲ့ နိုင်ငံရေးမသူတော်တွေက ဗီဇာမလိုဘဲ အမေရိကားကို ချက်ချင်းအရောက် သွားကြတယ်။ မသူတော်အချင်းချင်း သတင်း လွေ့လွေ့ပေါင်းဖော်ကြပါတယ်။ GZ နဲ့ PDF လူငယ် လေးတွေကို သွေးထိုးလှုံ့ဆော်မြှောက်ပင့်ပေးပြီး သေတွင်းထဲဖြစ်ဖြစ်၊ ထောင်ထဲဖြစ်ဖြစ် တွန်းပို့ကြ ပါတယ်။ ဒါပေမယ့် အသိခေါက်ခက် အဝင်နက်တဲ့ GZ နဲ့ PDF လူငယ်တွေက သူတို့အချင်းချင်းကို ရန်မတိုက်ပေးပါနဲ့ဆိုပြီး မိုက်တွင်းဆက်နက်နေကြ ဆဲပါပဲ။
စိတ်မကောင်းဖြစ်
မြို့ပေါ်က မိဘအိမ်မှာ ပေါ်ကြော့နေခဲ့တဲ့ လူငယ်တွေ၊ ခြေမွေးမီးမလောင်၊ လက်မွေး မီးမလောင်နေခဲ့တဲ့ လူငယ်လေးတွေ တောထဲမှာ ထမင်းမချက်စားနိုင်လို့၊ ကြုံရာ၊ ကျွေးရာအစားအစာ တွေစားရလို့ အဆင်မပြေဖြစ်ကြလို့ တိုင်းရင်းသား တွေက ပြစ်တင်၊ ပြက်ရယ်ပြုကြတာတွေကို ကြားခဲ့ ပြီးပါပြီ။ အခုလည်း ၂၀၂၁ ပါဂျောင်လူသတ်ပွဲကိစ္စ ထပ်ကြားလိုက်ရတော့ အလွန်ပဲစိတ်မကောင်းဖြစ်ရ ပါတယ်။ မူလကတည်းက EAOs နယ်ထဲရောက်ရင် ဖြစ်လာနိုင်တာတွေကို ကိုယ့်ထက်အသိဉာဏ်ကြီး သူတွေ၊ အတွေ့အကြုံ ရင့်ကျက်သူတွေက ပြောနေ၊ အသိပေးနေ၊ သတိပေးနေကြတာကိုလက်မခံ၊ နားမထောင်။ အခုတော့ မဖြစ်သင့်တာတွေဖြစ်လာ တဲ့အခါ ဝမ်းနည်းစိတ်မကောင်းတာကလွဲလို့ ဘာမှ မတတ်နိုင်ပါဘူး။
ကိုယ်ချင်းစာနာ
GZ လေးတွေ၊ PDF လေးတွေ တောထဲမှာ စစ်သင်တန်းတက်ပြီး မြို့ပေါ်ရောက်တော့ ကိုယ့်ဗုံး နဲ့ ကိုယ်ပြန်ကွဲပြီး မရှုမလှဖြစ်ကြတာ၊ အားမတန်ဘဲ မိုက်ရူးရဲလုပ်ကြတော့ ပစ်ခတ်ခံရ၊ အဖမ်းခံရတာ။ အဖမ်းခံရပြီး ဖော်ကောင်လုပ်တော့ နောက်ဆက်တွဲ အဖမ်းခံကြရတာတွေနဲ့ ဘဝပျက်မတတ်ဖြစ်ကြတဲ့ လူငယ်လူရွယ်လေးအတွက် မိဘချင်း၊ မိသားစုချင်း ကိုယ်ချင်းစာနာကြရမှာပါ။ ကိုယ့်သားသမီးလေးတွေ ဒီလိုဘဝဆိုးတွေမကြုံရဖို့ ဝိုင်းဝန်းတားဆီးကာကွယ် ကြဖို့ မိကောင်းဖခင်တိုင်းရဲ့ တာဝန်တွေဖြစ်ကြပါ တယ်။ ထိန်းလို့သိမ်းလို့မရတာဖြစ်ဖြစ်၊ အားပေး တာပဲဖြစ်ဖြစ် ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရတယ် ဆိုတဲ့ သဘောပါပဲ။ တော်လှန်ရေးသမားဆိုပြီး တပ်မတော်ကို စွန့်စွန့်စားစား တိုက်နေကြတာ မဟုတ်ပါဘူး။
ပျက်စီးမှာသေချာ
ကျောင်းတွေကို ဗုံးခွဲ၊ မီးရှို့၊ ဆရာ ဆရာမတွေ၊ NLD ရဲ့ဆန့်ကျင်ဘက်တွေကို သတ်ဖြတ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို သတ်ဖြတ်၊ ရုံးတွေ၊ အများ ပြည်သူအဆောက်အအုံတွေကို မီးရှို့၊ ရဲတပ်ဖွဲ့ဝင်တွေ ကို အလစ်အငိုက်တိုက်ခိုက်သတ်ဖြတ် စတာတွေ ဟာ တော်လှန်ရေးတပ်သားလား၊ အကြမ်းဖက် သမားလားဆိုတာ ဘယ်သူမဆို ချင့်ချိန်နိုင်ကြမှာပါ။ ယနေ့ကာလမှာ အကြမ်းဖက်မှုတွေကို ထိထိရောက် ရောက်နှိမ်နင်းနေတာကို တွေ့ရမှာပါ။ မြို့တွင်း တိုက်ကွက်ဆိုပြီး ထပ်မံဖော်ဆောင်လာရင်တော့ မန္တလေးဖြစ်စဉ်က နမူနာပြထားတာကို အထူးသတိ ပြုဖို့လိုမှာ ဖြစ်ပါတယ်။ အကြမ်းဖက်သူတွေကို အားပေးမယ်၊ ကူညီမယ်ဆိုရင် အကြမ်းဖက်မှုဥပဒေ နဲ့ အရေးယူခံရမှာက နောက်မှ၊ လက်တွေ့ရင်ဆိုင်ရင် အသက်ခန္ဓာ၊ စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုတွေ ပျက်စီး သွားမှာတော့ အရင်သေချာနေပါတယ်။
ဇာတ်သိမ်းတိုက်ပွဲ
ပြည်တွင်းက GZ လေးတွေ၊ PDF လေးတွေ အန္တရာယ်တွင်းထဲကို ဆင်းနေရတဲ့အချိန်မှာ နိုင်ငံ ရေးသမားတွေနဲ့ အစွန်းရောက်တွေက အေးရာ အေးကြောင်းနေနေတဲ့ လွတ်မြောက်နယ်မြေထဲက နေ ကလေးတွေကို သေတွင်းထဲ ထပ်မံဆင်းဖို့ လှုံ့ဆော်နေတာဟာ ရက်စက်ယုတ်မာရာကျလွန်းပါ တယ်။ ယခုဇွန်လ ၃၀ ရက်လကုန်ရင် မြို့သိမ်းတိုက်ပွဲ လို့ လှုံ့ဆော်နေတာကို တွေ့ရပြန်ပါတယ်။ တကယ့် မြို့သိမ်းတိုက်ပွဲလား၊ ရွာသိမ်းတိုက် ပွဲလားတော့ မသိပါ။ PDF လေးတွေ ဇာတ်သိမ်းတိုက်ပွဲကတော့ သေချာပါတယ်။ ပြောတဲ့အတိုင်း လုပ်နိုင်ရင်တော့ PDF တွေကို ခက်ခက်ခဲခဲ ရှာဖွေဖမ်းဆီးစရာမလို တော့ဘဲ တစ်ခါတည်းပွဲသိမ်းနိုင်မှာတော့ သေချာ နေပါတယ်။
အညံ့ခံအလင်းဝင်
လက်ဝှေ့ပွဲတစ်ခုမှာ ကြိုးဝိုင်းထဲကိုဝင်မယ် ဆိုရင် လက်ရည်တူ ကိုယ်ရည်မကွာမှ ယှဉ်ပြိုင် ထိုးသတ်လို့ရပါတယ်။ လက်ရည်မတူဘဲ ထိုးသတ် ရင်တော့ သေကျေဒဏ်ရာရမှာ သေချာပါတယ်။ ခါချဉ်ကောင်မာန်ကြီးပြီး တောင်ကြီးဖြိုဖို့ ဘယ်လို ပဲကြံကြံ အားမတန်ရင်တော့ မာန်လျှော့ရမှာဖြစ်ပါ တယ်။ လက်နက်စွဲကိုင်တော်လှန်ချင်တယ်ဆိုတဲ့ GZ လေးတွေ၊ PDF လေးတွေကို မိဘညီအစ်ကို မောင်နှမသဖွယ် ကိုယ်ချင်းစာနာလို့ အကြံပေးလိုပါ တယ်။ တောထဲမှာ EAOs တွေနဲ့ သင့်အောင်နေပြီး မြို့ပေါ်တက် ဗုံးခွဲတိုက်ခိုက်ဖို့ ပြန်လာတယ်ဆိုရင် လက်နက်ချ အညံ့ခံ အလင်းဝင်လိုက်ဖို့ပါပဲ။ စစ်သင်တန်းတက်ပြီး မြို့ပေါ်ကိုရောက်ပြီးသား လူငယ်လေးတွေလည်း အလားတူပါပဲ။ မိမိတို့ဘဝ တွေ၊ အသက်တွေ ကောင်းစွာရှင်သန်နေချင်သေးတယ်ဆိုရင် လမ်းမှားပေါ်ကနေ လမ်းမှန်ပေါ်ကို တက်လာဖို့ ဖိတ်ခေါ်လိုပါတယ်။ ။
- Log in to post comments