ကောင်းစွာရှင်သန်ချင်သေးတယ်ဆိုရင် . . .

Type

 

ဘမောင်တိုး

 

ကမ္ဘာပေါ်က နိုင်ငံအတော်များများ လက်ခံကျင့်သုံးနေတဲ့ ဒီမိုကရေစီ စနစ်ကို ကျွန်တော်တို့နိုင်ငံလည်း လိုက်ပါကျင့်သုံးနေပါတယ်။ လွတ်လပ် ခြင်း၊   ညီမျှခြင်း၊   တရားမျှတခြင်းနဲ့   ပြည်သူ့ဆန္ဒကို  ဦးစားပေးခြင်း စတာတွေဟာ ပြည်သူအားလုံးရဲ့ကောင်းကျိုးကို ဆောင်ကြဉ်းပေးနိုင်တဲ့ ဒီမိုကရေစီစံနှုန်းတွေလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ၂၀၁၀ မှာစတင်တဲ့ ပထမ ငါးနှစ်သက်တမ်းနဲ့ ၂၀၁၅ မှာစတင်တဲ့ ဒုတိယငါးနှစ် သက်တမ်းတွေအတွင်းမှာ ဒီမိုကရေစီအခွင့် အရေးတွေ ထူးထူးခြားခြားရလာပေမယ့် ပြည်သူတွေအတွက် အကျိုး စီးပွားကတော့ ထိထိရောက်ရောက်ဖြစ်မလာဘူးလို့ ဆိုချင်ပါတယ်။  


အလုံးစုံဖျက်ဆီးရေး


အဲဒီတော့ စနစ်က အဓိကလား၊ ပြည်သူတွေရဲ့ဘဝက အဓိကလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ပြည်သူတွေရဲ့ဘဝတွေ မပြည့်စုံသရွေ့၊ နိုင်ငံရေးမှာ မရိုးသားသရွေ့ ရွေးကောက်ပွဲတွေလုပ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် တက်လိုက် ပြန်ဆင်းလိုက်နဲ့ တစ်လှည့်စီ ဖြစ်နေမှာ  သေချာပါတယ်။  ဒီမိုကရေစီမူမမှန်တာ၊ တိုင်းပြည်ဆင်းရဲ တာဟာ စစ်အာဏာရှင်ကြောင့် မဟုတ်ပါဘူး။ အာရှမှာ တိုးတက်နေတဲ့ အာဏာရှင်နိုင်ငံတွေ ရှိပါတယ်။ 


ဒီမိုကရေစီပါလို့ ကြွေးကြော်ခဲ့တဲ့ NLD လက်ထက်မှာရော တိုးတက်ခဲ့ ပါသလား။ လွဲချော်တဲ့ စီးပွားရေးစနစ်တွေ၊ လက်ဝဲဗဟိုဦးစီးစနစ်တွေ၊ လစ်ဘရာစုံ ဘာသာစုံ တန်းတူမှုတွေ၊ ဘာသာခြား လူမျိုးခြား ပြဿနာ တွေ၊ ကိုဗစ်အကြောင်းပြ စည်းရုံးမှုတွေ၊ ရွေးကောက်ပွဲမသမာမှုတွေ၊ တစ်ပါတီအာဏာရှင်ဖြစ်ရေး ကြိုးပမ်းမှုတွေကနေ နောက်ဆုံး ဖြစ်မလာ တော့ အလုံးစုံဖျက်ဆီးရေး လမ်းခင်းလိုက်တာတွေကို တွေ့နေရပါတယ်။


စစ်မှန်တဲ့ဒီမိုကရေစီ


ဒီမိုကရေစီစနစ်နဲ့သွားနေပြီး ပြည်သူတွေ ဆင်းရဲတွင်းနက်နေတဲ့ နိုင်ငံတွေ အများကြီးရှိပါတယ်။ မြန်မာနိုင်ငံက လိုချင်တာက ပြည်သူ တွေ မပူမပင် မကြောင့်မကျ ဝဝလင်လင်နေနိုင်တဲ့ ဒီမိုကရေစီကို လိုချင် တာပါ။  မှန်ကန်တိုးတက်တဲ့  နိုင်ငံရေးစနစ်ကို  မတည်ဆောက်နိုင်ဘဲ ပြည်သူတွေ စိတ်ဝမ်းကွဲတဲ့၊ အလုံးစုံပျက်စီးတဲ့ ဒီမိုကရေစီကို မလိုချင် ပါဘူး။ အဓိကကတော့ ပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ ထမင်းဝဝ စားနိုင်ဖို့၊ စီးပွားရေးကောင်းဖို့ အရေးကြီးပါတယ်။ ခိုင်မာတောင့်တင်းတဲ့ စီးပွားရေးကို သွားမယ်ဆိုရင် လျှပ်စစ်မီး၊ စမတ်ကတ်မှတ်ပုံတင်၊ အီလက် ထရွန်နစ် ငွေပေးချေမှုစနစ်နဲ့ e-Government စနစ်တွေ အားကောင်း လာဖို့ အရေးကြီးပါတယ်။  e-Government  တွေ  ကောင်းလာရင် အဂတိလိုက်စားမှုတွေလည်း လျော့နည်းသွားမှာဖြစ်ပါတယ်။


အချင်းချင်းရန်တိုက်


ယခု CDM ကောင်းမှုကြောင့် ငွေသားကိုင်တွယ်အသုံးပြုမှု အခက် အခဲရှိတာကို အကြောင်းပြုပြီး အီလက်ထရွန်နစ် ငွေချေမှုစနစ်ကို တွန်းတင်ပေးလိုက်သလို ဖြစ်လာပါတယ်။ ငွေကိုမကိုင်နိုင်တော့ ငွေ တန်ဖိုး ရှိလာပါတယ်။ ငွေကြေးဈေးကွက် တည်ငြိမ်သွားတဲ့သဘော ရှိလာပါတယ်။  အဆိုးထဲက  အကောင်းလို့  ပြောရမှာဖြစ်ပါတယ်။ တကယ်တော့ ပြည်သူတွေအများစုဟာ အေးအေးချမ်းချမ်း နေထိုင် လုပ်ကိုင် စားသောက်နိုင်ရင် ဘယ်စနစ်ပဲဖြစ်ဖြစ်၊ ဘယ်သူအုပ်ချုပ် တာပဲဖြစ်ဖြစ် လက်ခံကြမှာဖြစ်ပါတယ်။ 


ဒါကိုသိထားတဲ့ နိုင်ငံရေးသမားတွေက ဒီမိုကရေစီ အကြောင်းပြပြီး ပြည်သူလူထုအနေနဲ့ အမှား/အမှန်ကို မခွဲခြားတတ်အောင် ဖန်တီးနိုင်ခဲ့ ပါတယ်။ ပြည်သူလူထု ထောက်ခံမှုအား များများစားစားရတော့ ဒီမို ကရေစီ အာဏာရှင်စနစ်ကို ခိုင်ခိုင်မာမာ ကိုင်စွဲပါတယ်။ မကိုင်စွဲနိုင် တော့ ပြည်သူအချင်းချင်း ရန်တိုက်ပေးပါတယ်။


ငါနဲ့မတူငါ့ရန်သူ


NLD ဟာ အာဏာလက်လွှတ်လိုက်ရတာနဲ့ ဝန်းရံသူတွေ၊ အပေါင်းပါ တွေ၊ ထောက်ခံသူတွေရဲ့ တွန်းအားတွေနဲ့ မြန်မာပြည်ဖျက်စီမံကိန်းကို စတင် အကောင်အထည်ဖော်လာတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ငြိမ်း ချမ်းစွာ ဆန္ဒပြမှုမှ ဆူပူဆန္ဒပြမှု၊ ဆူပူဆန္ဒပြမှုမှ အကြမ်းဖက်ဆန္ဒပြမှု၊ အကြမ်းဖက်ဆန္ဒပြမှုမှ အကြမ်းဖက်တိုက်ခိုက်မှု အဆင့်အထိ တွန်းပို့ ပေးခဲ့ပါတယ်။  ရပ်ရွာတွေမှာ "ငါနဲ့မတူ ငါ့ရန်သူ"လို့ သတ်မှတ်ပြီး အပြစ်မဲ့ပြည်သူတွေကို    ရက်ရက်စက်စက်   သတ်ဖြတ်ကြပါတယ်။ စာသင်ကျောင်းတွေ၊ အများပြည်သူဆိုင်ရာနေရာတွေ၊ အစိုးရအဆောက် အအုံတွေကို မီးရှို့ဖျက်ဆီးပါတယ်။ မြို့ပြကာကွယ်ရေးအမည်တပ်ပြီး GZ တွေကနေ PDF တွေ ဖြစ်လာပါတယ်။ ရွေးကောက်ပွဲအကြိုကာလ ကတည်းက အမှားတွေကို စတင်တွေ့နေပါရက်နဲ့ အမှန်မပြင်တာ၊ မသိသလိုနေခဲ့တာဟာ မရိုးသားတာပါပဲ။ 


သွေးထိုးလှုံ့ဆော် 


ယုတ်မာရက်စက်   အကြံပက်စက်တဲ့   နိုင်ငံရေးသမားတွေဟာ အသိအမြင် ဗဟုသုတနဲ့ အသိတရားအားနည်းတဲ့ လူငယ်တွေ၊ စိတ် ခံစားလွယ်တဲ့လူငယ်တွေ၊ တက်ကြွလူငယ်တွေကို အသုံးချခဲ့ပါတယ်။ လမ်းမှားပေါ်ကို တွန်းပို့ခဲ့ကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် EAOs တွေလက်ထဲ အပ်ခဲ့ကြပါတယ်။ လူငယ်တွေဟာ တောထဲကို သွားပြီး EAOs တွေဆီမှာ မဖြစ်စလောက် စစ်သင်တန်းတွေ တက်ခဲ့ ကြပါတယ်။   လည်ဝယ်တဲ့   နိုင်ငံရေးမသူတော်တွေက   ဗီဇာမလိုဘဲ အမေရိကားကို ချက်ချင်းအရောက်သွားကြတယ်။ မသူတော်အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖော်ကြပါတယ်။ GZ နဲ့ PDF လူငယ်လေးတွေ ကို  သွေးထိုးလှုံ့ဆော် မြှောက်ပင့်ပေးပြီး သေတွင်းထဲဖြစ်ဖြစ်၊ ထောင် ထဲဖြစ်ဖြစ် တွန်းပို့ကြပါတယ်။ ဒါပေမယ့် အသိခေါက်ခက်အဝင်နက်တဲ့ GZ နဲ့ PDF လူငယ်တွေက သူတို့အချင်းချင်းကို ရန်မတိုက်ပေးပါနဲ့ဆိုပြီး  မိုက်တွင်းဆက်နက်နေကြဆဲပါပဲ။ 


စိတ်မကောင်းဖြစ်


မြို့ပေါ်က မိဘအိမ်မှာ ဘော်ကြော့နေခဲ့တဲ့ လူငယ်တွေ၊ ခြေမွှေး မီးမလောင်၊ လက်မွှေးမီးမလောင်နေခဲ့တဲ့ လူငယ်လေးတွေ တောထဲမှာ ထမင်းမချက်စားနိုင်လို့၊  ကြုံရာ  ကျွေးရာ  အစားအစာတွေ စားရလို့ အဆင်မပြေဖြစ်ကြလို့ တိုင်းရင်းသားတွေက ပြစ်တင်၊ ပြက်ရယ်ပြုကြ တာတွေကို ကြားခဲ့ပြီးပါပြီ။ အခုလည်း ၂၀၂၁ ပါဂျောင်လူသတ်ပွဲကိစ္စ ထပ်ကြားလိုက်ရတော့ အလွန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ မူလ ကတည်းက EAOs နယ်ထဲရောက်ရင် ဖြစ်လာနိုင်တာတွေကို ကိုယ့် ထက်အသိဉာဏ်ကြီးသူတွေ၊ အတွေ့အကြုံရင့်ကျက်သူတွေက ပြောနေ၊ အသိပေးနေ၊ သတိပေးနေကြတာကို လက်မခံ၊ နားမထောင်။ အခု တော့ မဖြစ်သင့်တာတွေ ဖြစ်လာတဲ့အခါ ဝမ်းနည်း စိတ်မကောင်း တာကလွဲလို့ ဘာမှမတတ်နိုင်ပါဘူး။ 


ကိုယ်ချင်းစာနာ


GZ လေးတွေ၊ PDF လေးတွေ တောထဲမှာ စစ်သင်တန်းတက်ပြီး မြို့ပေါ်ရောက်တော့  ကိုယ့်ဗုံးနဲ့ကိုယ်ပြန်ကွဲပြီး မရှုမလှဖြစ်ကြတာ၊ အားမတန်ဘဲ မိုက်ရူးရဲလုပ်ကြတော့ ပစ်ခတ်ခံရ၊ အဖမ်းခံရတာ။ အဖမ်းခံရပြီး ဖော်ကောင်လုပ်တော့ နောက်ဆက်တွဲ အဖမ်းခံကြရ တာတွေနဲ့ ဘဝပျက်မတတ်ဖြစ်ကြတဲ့ လူငယ်လူရွယ်လေးအတွက် မိဘချင်း၊ မိသားစုချင်း ကိုယ်ချင်းစာနာကြရမှာပါ။ ကိုယ့် သားသမီး လေးတွေ ဒီလိုဘဝဆိုးတွေ မကြုံရဖို့ ဝိုင်းဝန်းတားဆီးကာကွယ်ကြဖို့ မိကောင်းဖခင်တိုင်းရဲ့တာဝန်တွေ ဖြစ်ကြပါတယ်။ ထိန်းလို့ သိမ်းလို့ မရတာဖြစ်ဖြစ်၊ အားပေးတာပဲဖြစ်ဖြစ် ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရတယ် ဆိုတဲ့ သဘောပါပဲ။ တော်လှန်ရေးသမားဆိုပြီး တပ်မတော်ကို စွန့်စွန့် စားစားတိုက်နေကြတာမဟုတ်ပါဘူး။ 


ပျက်စီးမှာသေချာ


ကျောင်းတွေကို ဗုံးခွဲ၊ မီးရှို့၊ ဆရာ ဆရာမတွေ၊ NLD ရဲ့ဆန့်ကျင် ဘက်တွေကို သတ်ဖြတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုသတ်ဖြတ်၊ ရုံးတွေ၊ အများပြည်သူ အဆောက်အအုံတွေကို မီးရှို့၊  ရဲတပ်ဖွဲ့ဝင်တွေကို အလစ်အငိုက်  တိုက်ခိုက်သတ်ဖြတ်  စတာတွေဟာ  တော်လှန်ရေး တပ်သားလား၊ အကြမ်းဖက်သမားလားဆိုတာ ဘယ်သူမဆို ချင့်ချိန် နိုင်ကြမှာပါ။ ယနေ့ကာလမှာ အကြမ်းဖက်မှုတွေကို ထိထိရောက် ရောက်  နှိမ်နင်းနေတာကို  တွေ့ရမှာပါ။  မြို့တွင်းတိုက်ကွက်ဆိုပြီး ထပ်မံဖော်ဆောင်လာရင်တော့ မန္တလေးဖြစ်စဉ်က နမူနာပြထားတာကို အထူးသတိပြုဖို့လိုမှာဖြစ်ပါတယ်။ အကြမ်းဖက်သူတွေကို အားပေး၊  ကူညီမယ်ဆိုရင်  အကြမ်းဖက်မှုဥပဒေနဲ့  အရေးယူခံရမှာက နောက်မှ၊  လက်တွေ့ရင်ဆိုင်ရင် အသက်ခန္ဓာ၊ စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုတွေ ပျက်စီး သွားမှာတော့ အရင် သေချာနေပါတယ်။        


ဇာတ်သိမ်းတိုက်ပွဲ 


ပြည်တွင်းက GZ လေးတွေ၊ PDF လေးတွေ အန္တရာယ်တွင်းထဲကို ဆင်းနေရတဲ့အချိန်မှာ နိုင်ငံရေးသမားတွေနဲ့ အစွန်းရောက်တွေက အေးရာအေးကြောင်းနေနေတဲ့ လွတ်မြောက်နယ်မြေထဲကနေ ကလေး တွေကို  သေတွင်းထဲ  ထပ်မံဆင်းဖို့   လှုံ့ဆော်နေတာဟာ  ရက်စက် ယုတ်မာရာကျလွန်းပါတယ်။ ယခု ဇွန်လ ၃၀ လကုန်ရင် မြို့သိမ်းတိုက်ပွဲ လို့ လှုံ့ဆော်နေတာကို တွေ့ရပြန်ပါတယ်။ တကယ့် မြို့သိမ်းတိုက်ပွဲ လား၊ ရွာသိမ်းတိုက်ပွဲလားတော့ မသိပါ။ PDF လေးတွေ ဇာတ်သိမ်း တိုက်ပွဲကတော့ သေချာပါတယ်။ ပြောတဲ့အတိုင်း လုပ်နိုင်ရင်တော့ PDF တွေကို ခက်ခက်ခဲခဲ ရှာဖွေဖမ်းဆီးစရာမလိုတော့ဘဲ တစ်ခါတည်း ပွဲသိမ်းနိုင်မှာ သေချာနေပါတယ်။ 


အညံ့ခံအလင်းဝင်


လက်ဝှေ့ပွဲတစ်ခုမှာ   ကြိုးဝိုင်းထဲကိုဝင်မယ်ဆိုရင်   လက်ရည်တူ ကိုယ်ရည်မကွာမှ ယှဉ်ပြိုင်ထိုးသတ်လို့ရပါတယ်။ လက်ရည်မတူဘဲ ထိုးသတ်ရင်တော့ သေကျေဒဏ်ရာရမှာ သေချာပါတယ်။ ခါချဉ်ကောင် မာန်ကြီးပြီး တောင်ကြီးဖြိုဖို့ ဘယ်လိုပဲကြံကြံ အားမတန်ရင်တော့ မာန်လျှော့ရမှာဖြစ်ပါတယ်။ လက်နက်စွဲကိုင် တော်လှန်ချင်တယ်ဆိုတဲ့ GZ လေးတွေ၊ PDF လေးတွေကို မိဘ ညီအစ်ကိုမောင်နှမသဖွယ် ကိုယ်ချင်းစာနာလို့ အကြံပေးလိုပါတယ်။ တောထဲမှာ EAOs တွေနဲ့ သင့်အောင်နေပြီး မြို့ပေါ်တက် ဗုံးခွဲတိုက်ခိုက်ဖို့ ပြန်လာတယ်ဆိုရင် လက်နက်ချအညံ့ခံ အလင်းဝင်လိုက်ဖို့ပါပဲ။ စစ်သင်တန်းတက်ပြီး မြို့ပေါ်ကိုရောက်ပြီးသား  လူငယ်လေးတွေလည်း  အလားတူပါပဲ။ မိမိတို့ဘဝတွေ၊ အသက်တွေ ကောင်းစွာရှင်သန်နေချင်သေးတယ် ဆိုရင် လမ်းမှားပေါ်ကနေ လမ်းမှန်ပေါ်ကိုတက်လာဖို့ ဖိတ်ခေါ်လိုပါ တယ်။    ။