ကျောင်းကုန်းမြို့တွင် ယာဉ်တိုက်မှုဖြစ်ကာ တစ်ဦးသေဆုံး

 

ကျောင်းကုန်း အောက်တိုဘာ ၉


ဧရာဝတီတိုင်းဒေသကြီး ကျောင်း ကုန်းမြို့နယ်    ကွင်းကြီးကျေးရွာ အနီး ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၆၄/၃ နှင့် ၆၄/၄ ကြားတွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ခွဲခန့်က  ယာဉ်တိုက်မှုဖြစ်ပွားရာ လူတစ်ဦးသေဆုံးကြောင်း   သိရသည်။


ဖြစ်စဉ်မှာ      ယာဉ်မောင်း ဖြိုးမြတ်ကျော်(ခ)ဂွတို (၃၅)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက်ပြည့်စုံအောင်နှင့်   ခရီးသည်  ၂၀ တင်ဆောင်  မောင်းနှင်လာသည့်  အောင်သစ္စာမော်တော်ယာဉ်မှာ ပုသိမ်ဘက်မှ   ရန်ကုန်ဘက်သို့ မောင်းနှင်လာစဉ် ရန်ကုန်-ပုသိမ် ကားလမ်း၊  ကွင်းကြီးကျေးရွာထိပ် ကားလမ်းဘေးတွင် ဆိုင်ကယ်ပေါ် ၌ထိုင်နေသူ ဦးငြိမ်းအောင်(၅၂)နှစ်အား     ဝင်ရောက်တိုက်မိခဲ့သည်။


အဆိုပါ ယာဉ်တိုက်မှုကြောင့် ဦးငြိမ်းအောင်မှာ အခင်းဖြစ်နေရာ တွင်ပင် သေဆုံးသွားခဲ့ပြီး ယာဉ် မောင်း ဖြိုးမြတ်ကျော်(ခ)ဂွတိုမှာ ထွက်ပြေး   တိမ်းရှောင်သွားသဖြင့် ဖမ်းဆီးရမိရေး   ဆောင်ရွက် လျက်ရှိပြီး ယာဉ်မောင်းဖြစ်သူကို ကျောင်းကုန်းမြို့မ    ရဲစခန်းက အမှုဖွင့်    အရေးယူထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ    သိရ သည်။


ဝင်းကြိုင်(ပြန်/ဆက်)