ကျောင်းသား ကျောင်းသူတွေ ရောဂါကင်းဝေး ကျန်းမာပြီး ပညာသင်ယူခွင့် ရရှိစေချင်တဲ့အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခွင့်ရသူတိုင်း ဆေးထိုးနှံကြပါ

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော  အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံနိုင်ရန်    ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဒေါ်စန်းယုမော်နှင့် တွေ့ဆုံမေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ပါသည်-
 

 

မေး။    ဆရာမကြီးတို့ရဲ့   အထက်တန်း/အလယ်တန်းကျောင်း    တွေမှာ 
နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ အသက် ၁၂ နှစ် နှင့်အထက် ကျောင်းသား  ကျောင်းသူ တွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး    ထိုးနှံပေးဖို့  စီစဉ်နေတယ်လို့  သိရတဲ့ အတွက် ကာကွယ်ဆေးထိုးနှံဖို့   ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ လေးကို သိချင်ပါတယ်ရှင့်။
ဖြေ။    မအူပင်မြို့နယ်မှာဆိုရင်  R H C အရ ဆေးထိုးစုရပ်(၁၅) ဖွဲ့ခွဲထားပြီး 
(ထက်၊ လယ်၊ လ(ခွဲ)၊ မူလွန်)ကျောင်း ၉၃ ကျောင်းကို   ဆေးထိုးနှံဖို့  ဆောင်ရွက်  ထားပါတယ်။       ကျောင်းအလိုက် ကျောင်းသား     ကျောင်းသူတွေနဲ့ ကျောင်းသားမိဘများ၏  သဘောထားကို  ရယူနိုင်ရန် ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးတွေပါဝင်တဲ့ အထောက်အကူပြု အဖွဲ့တွေက    အသိပေးနှိုးဆော်ထားပြီး ဖြစ်ပါတယ်။ ကျောင်းအုပ်ကြီးနဲ့  ဆရာ  ဆရာမတွေကလည်း    အသိပညာပေး ဆွေးနွေးထားပြီးဖြစ်ပါတယ်။   ၁၂   နှစ် ပြည့်ပြီးသူတိုင်း     ကာကွယ်ဆေးထိုးနှံ နိုင်အောင်  ကျန်းမာရေးဌာနမှ   ဝန်ထမ်း တွေနဲ့    ပူးပေါင်းဆောင်ရွက်သွားရန် ကြိုတင်ဆောင်ရွက်ထားပါတယ်။
မေး။    ကိုဗစ်   ကာကွယ်ဆေးထိုးနှံရန် စုရပ်နေရာလေး  သိချင်ပါတယ်ရှင့်။
ဖြေ။    မအူပင်မြို့နယ်မှာ    ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန်  စုရပ်နေရာ 
တွေကတော့  မြို့မအုပ်စု  အထက(၁)၊ ကျုံစုတ်(မူလွန်)၊  စစ်ချောင်း အထက၊ ထရော်ကြီး အထက၊ လယ်ကိုင်း အထက၊ ထနီး အထက၊ ငါးဖယ်အို  အထက(ခွဲ)၊    ကဝက္ကင်း အထက(ခွဲ)၊ ကျောင်းရွာ အထက၊ မလက်တို အထက၊ လေးအိမ်စု အထက၊  ကျွဲဒုံး  အထက၊ ရွှေတောင်မှော် အထက၊ လက်ပံကုန်း  အထက၊ ရေလဲကလေး  အထကတို့ ဖြစ်ပါတယ်။
မေး။    ဆေးထိုးရန်      လျာထားသည့် ကျောင်းသား      ကျောင်းသူဦးရေ 
လေး သိပါရစေရှင့်။
ဖြေ။    ဆေးထိုးရန်       လျာထားတဲ့ ကျောင်းသား      ကျောင်းသူတွေ 
ကတော့ အလယ်တန်းအဆင့် ၁၀၈၇၁ ဦး၊ အထက်တန်းအဆင့်   ၃၃၄၁  ဦး၊ ကိုယ်ပိုင်အထက်တန်း    ကျောင်းသား အလယ်တန်း ၁၂၄ ဦး၊ အထက်တန်း ၂၀၀ စုစုပေါင်း ၁၄၅၃၆  ဦး ဖြစ်ပါတယ်။
မေး။    ကျောင်းတွေ    ပြန်လည်ဖွင့်လှစ် တော့မယ်ဆိုတော့    ဆရာမကြီး 
အနေနဲ့ ဆောင်ရွက်ထားရှိမှု   အခြေအနေ လေးကို သိပါရစေရှင့်။
ဖြေ။    ကျောင်းဖွင့်လှစ်နိုင်ရေး    အတွက် စာသင်ဆောင်တွေ၊     စာသင်ခန်း 
တွေ၊  သိပ္ပံခန်း၊ Lab ခန်း၊  စာကြည့်တိုက် တွေနဲ့ ကျောင်းဝင်း/  ပြင်သန့်ရှင်းရေးတွေ ဆောင်ရွက်ထားပါတယ်။    ကိုဗစ်-၁၉ ရောဂါ       ကာကွယ်နိုင်ရေးအတွက်   ကိုဗစ်-၁၉ စည်းကမ်းတွေကို  လိုက်နာ ဆောင်ရွက်နိုင်ရန်  ပိုစတာတွေ၊  ဗီနိုင်း တွေ  ချိတ်ဆွဲပြီး    အသိပေးနှိုးဆော်ထားပြီး  ဖြစ်ပါတယ်။ ကျောင်းသုံးပုံနှိပ်၊   ဗလာ စာအုပ်၊ ခဲတံ၊ ဘောပင်တွေ၊ နှာခေါင်းစည်း တွေ၊  မျက်နှာအကာတွေ  ဖြန့်ဝေပေး ထားပြီး  စာသင်ကြားနိုင်အောင် အသင့် အနေအထားအထိ     ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။
မေး။    ကျောင်းတွေဖွင့်တဲ့အခါမှာ မြို့နယ် အတွင်းရှိ     ဆရာ   ဆရာမတွေ 
အားလုံး  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး   ထိုးနှံထားပြီးပါသလားရှင့်။
ဖြေ။    ကိုဗစ် ကာကွယ်ဆေးထိုးပြီးသူ ၉၇ ရာခိုင်နှုန်းရှိပြီး   ထိုးနှံရန်  ကျန်သူ  
သုံးရာခိုင်နှုန်း ရှိနေပါတယ်။
မေး။    ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး ထိုးနှံရန် ကျောင်းသား    ကျောင်းသူ 
တွေ၊  မိဘတွေက   မည်သို့လိုက်နာရန် လိုပါသလဲ ဆရာမကြီးရှင့်။
ဖြေ။    ကိုဗစ်  ကာကွယ်ဆေးမထိုးနှံပေး ရမယ့်  ကျောင်းသား   ကျောင်းသူ 
တွေမှာ အသက် ၁၂ နှစ်   မပြည့်သေးသူ တွေ၊ Sinovac ကာကွယ်ဆေး(သို့မဟုတ်) ကာကွယ်ဆေးမှာပါဝင်တဲ့ ဓာတ်ပစ္စည်း တစ်ခုခုနဲ့      ဓာတ်မတည့်တဲ့သူတွေ၊ လတ်တလော  ဖျားနာနေတဲ့ ကျောင်းသား   ကျောင်းသူတွေ၊   ဆီးချိုရောဂါ၊  အတက် ရောဂါ၊  ဦးနှောက်အာရုံကြောရောဂါ  တစ်ခုခုရှိသူတွေနဲ့  မိသားစုဝင်တွေမှာ ထိုရောဂါရှိတဲ့ ကျောင်းသား  ကျောင်းသူ တွေ၊  သွေးဥမွှား  လျော့နည်းသူတွေ၊     သွေးမတိတ်ရောဂါရှိသူတွေနဲ့ အခြား သွေးရောဂါရှိသူတွေ၊    ခန္ဓာကိုယ်ခုခံအား စနစ် အားနည်းနေသူတွေကို  မထိုးပေး ရပါဘူး။


မေး။    အသက် ၁၂ နှစ်နှင့်    အထက် ကျောင်းသား   ကျောင်းသူတွေကို 
နိုင်ငံတော်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်  ဆေး ထိုးနှံပေးနိုင်မှုအပေါ် ဆရာမကြီးရဲ့  ပီတိစကားသံလေးကို    ပြောကြားပေးပါ ရှင့်။
ဖြေ။    ကျောင်းသား    ကျောင်းသူတွေ ရောဂါကင်းဝေး         ကျန်းမာပြီး  
ပညာသင်ယူခွင့်     ရရှိစေချင်တဲ့အတွက် ကျောင်းသား  ကျောင်းသူတွေ  အားလုံး အသက်အရွယ်အလိုက် ကာကွယ်ဆေး ထိုးခွင့်ရသူတိုင်း      ဆေးထိုးနှံကြပါ။ ကိုဗစ်-၁၉  ရောဂါ   ကာကွယ်ဆေး၏  အကျိုးသက်ရောက်မှုကို       သိရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ   ကင်းဝေး ကြစေရန် ဆန္ဒပြုပါတယ်။
ကျေးဇူးတင်ပါတယ်ဆရာမကြီးရှင့်။