ကော့သောင်း၊ နောင်ချို၊ လမ်းမတော်နှင့် တာမွေမြို့နယ်များ၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်  ဇန်နဝါရီ ၂၃  


မူးယစ်ဆေးဝါး      တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ   တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည်   ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၃ နာရီ တွင် ကော့သောင်းမြို့နယ် စူငယ် ဘာလိုင်းကျေးရွာအုပ်စု အောင်ဘာ စံပြကျေးရွာအနီးတွင်    မသင်္ကာ ဖွယ်တွေ့ရှိသူ      ဇော်ထက်ကို စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ် ဆေး ၃၅ ပြား သိမ်းဆည်းရမိခဲ့ပြီး မွန်းလွဲ ၃ နာရီခွဲတွင် ၎င်း၏နေအိမ် ကို ဆက်လက်ရှာဖွေရာ  စိတ်ကြွ ရူးသွပ်ဆေး ၁၉၈၃ ပြား၊  ဘိန်းစာ မှုန့်   ၁   ဒသမ  ၁၄    ကီလို တို့ကို လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၂  နာရီတွင် နောင်ချိုမြို့  ရပ်စောက်-နောင်ချိုသွားကားလမ်း   တောင် ရပ်ကွက်အတွင်းတွင် ကျော်မိုးမြင့် (ခ)         ဖိုးသေးမောင်းနှင်ပြီး ဇော်မင်းဦး     လိုက်ပါလာသည့် ဆိုင်ကယ်ကို      ရပ်တန့်စစ်ဆေး ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀ ကိုလည်းကောင်း။


သိမ်းဆည်းရမိ


ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီ တွင် လမ်းမတော်မြို့နယ်  အမှတ် (၁) ရပ်ကွက်  အနော်ရထာလမ်း တွင်      ရဲထွန်းဝင်း(ခ)သားသား မောင်းနှင်ပြီး တင်အောင်အေး(ခ) မယ်တင် လိုက်ပါလာသည့် Toyota Corolla Spacio ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ အိုက်စ် သုည  ဒသမ ၀၃၃ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၁၂၀၀၊  ဘိန်းဖြူ သုည ဒသမ ၀၄ ကီလို  သိမ်းဆည်းရမိ ခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲတွင် ရဲထွန်း ဝင်း (ခ) သားသား   နေထိုင်သည့် တာမွေမြို့နယ်   တာမွေကြီး (ခ)ရပ်ကွက်   တောင်မြင်းပြိုင်ကွင်း လမ်း တိုက်အမှတ်(၂၈) ခြောက်လွှာ ယာဘက်တိုက်ခန်းကို ဆက်လက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား  ၁၁၃၀၊  အိုက်စ် သုည ဒသမ ၁၄ ကီလိုကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့်  ၎င်းတို့အား   မူးယစ် ဆေးဝါးနှင့်      စိတ်ကိုပြောင်းလဲ စေသော  ဆေးဝါးများဆိုင်ရာ ဥပဒေအရ  အရေးယူထားကြောင်း သိရသည်။ 


ရဲပြန်ကြား
n