ကော့သောင်း၊ နောင်ချို၊ လမ်းမတော်နှင့် တာမွေမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇန်နဝါရီ   ၂၃  


မူးယစ်ဆေးဝါး    တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည်  ဇန်နဝါရီ ၂၁ ရက်    မွန်းလွဲ  ၃  နာရီတွင် ကော့သောင်းမြို့နယ်  စူငယ်ဘာ လိုင်းကျေးရွာအုပ်စု  အောင်ဘာ စံပြကျေးရွာအနီးတွင်  မသင်္ကာ ဖွယ်တွေ့ရှိသူ          ဇော်ထက်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေး   ၃၅  ပြား  သိမ်းဆည်းရမိခဲ့ ပြီး မွန်းလွဲ ၃ နာရီခွဲတွင် ၎င်း၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁၉၈၃ ပြား၊ ဘိန်းစာမှုန့် ၁ ဒသမ ၁၄ ကီလို တို့ကိုလည်းကောင်း၊     ထိုနေ့ မွန်းလွဲ ၂ နာရီတွင် နောင်ချိုမြို့ ရပ်စောက်-နောင်ချို သွားကား လမ်း တောင်ရပ်ကွက်အတွင်းတွင် ကျော်မိုးမြင့်(ခ)ဖိုးသေး မောင်းနှင် ပြီး ဇော်မင်းဦး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို   ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၄၀၀ ကိုလည်းကောင်း။

 


ဇန်နဝါရီ   ၂၂  ရက်  မွန်းလွဲ  ၁ နာရီတွင် လမ်းမတော်မြို့နယ် အမှတ်(၁)ရပ်ကွက် အနော်ရထာ လမ်းတွင် ရဲထွန်းဝင်း(ခ)သားသား မောင်းနှင်ပြီး  တင်အောင်အေး (ခ) မယ်တင်    လိုက်ပါလာသည့် TOYOTA  COROLLA  SPACIO အမျိုးအစား   မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ အိုက်စ် သုည ဒသမ ၀၃၃ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၀၀ ၊ ဘိန်းဖြူ သုည ဒသမ ၀၄ ကီလို သိမ်းဆည်း ရမိခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲတွင် ရဲထွန်းဝင်း(ခ) သားသား နေထိုင် သည့် တာမွေမြို့ နယ် တာမွေကြီး (ခ)ရပ်ကွက်    တောင်မြင်းပြိုင် ကွင်းလမ်း တိုက် အမှတ်(၂၈)၊ (၆)လွှာယာဘက် တိုက်ခန်းကို ဆက် လက်ရှာဖွေရာ     စိတ်ကြွရူးသွပ် ဆေးပြား ၁၁၃၀ ၊  အိုက်စ်  သုည ဒသမ ၁၄ ကီလို  ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့်   ၎င်းတို့ အား   မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ  အရေးယူထား ကြောင်း သိရသည်။ 


ရဲပြန်ကြား